စိုက်ခင်းထဲက ဓာတ်ကြွင်းအတွက် PHI
PHI ဆိုတာက Post Harvest Interval ဆေးဖျန်းပြီး စောင့်ဆိုင်းရမယ့် အချိန်ကာလကို ပြောတာပါ။ အောက်မှာ အဖြစ်များတတ်တဲ့ အမေးအဖြေလေးတွေကို တစ်ခါတည်း ရှင်းပြပေးထားပါတယ်။
စိုက်ခင်းမှာ ဆေးကို အညွှန်းအတိုင်းသုံးတယ်။ ဒါပေမဲ့ ပြန်ပြီးဝင်လို့ရတဲ့ အချိန်ကိုမသိဘူး။ ဘယ်အချိန်မှာ ခူးပြီးစားလို့ရမှာလဲ ဆိုတာကိုလည်း မသိဘူး။ ဆေးထုပ်မှာလည်း ဘာမှ မရေးထားဘူးဆိုရင် ဘယ်လိုလုပ်ရမလဲ?
ဆေးတွေခြောက်သွားတဲ့အထိ စောင့်ပါ။ ဖျန်းထားတဲ့ဆေးက အနံ့လည်းသိပ်မထွက်တော့ဘူး အနယ်ကျလောက်ပြီဆိုတဲ့အထိ စောင့်ပေးရမှာပါ။ ဝေးဝေးကပဲ စောင့်ပါ။ အနံ့သိပ်မထွက်တော့တဲ့အချိန်ဆိုလို့ သွားသွား အနံ့ခံနေမှ ပိုပြီးကြောက်စရာ ကောင်းလာပါလိမ့််မယ်။ အချိန်အနေနဲ့ဆိုရင် အနည်းဆုံး (၁၂) နာရီလောက်စောင့်ပေးပါ။ မိုးအုံ့လို့ နေမပူဘူး စိုထိုင်းဆတွေများနေတယ်ဆိုရင် အချိန်ကို ပိုပြီးတော့ကြာအောင် စောင့်ပေးရမှာပဲဖြစ်ပါတယ်။
တကယ်လိုများ အချိန်မပြည့်သေးပဲ အခင်းထဲကိုဝင်ဖို့ ဖြစ်လာတယ်ဆိုရင် ဘယ်လိုလုပ်ရပါ့မလဲ?
မဝင်တာက အကောင်းဆုံးဖြစ်ပါတယ်။ တကယ်လို့ ဝင်ရမယ်ဆိုရင်တော့ ဆေးထုပ် ဆေးဘူးမှာ ပါဝင်တဲ့ အချက်တွေကို အရင်သေချာအောင်ဖတ်ကြည့်ပြီးတော့ လိုက်လုပ်တာ အကောင်းဆုံးဖြစ်မှာပါ။
သူက ၁၂ နာရီစောင့်ပါလို့ ပြောတယ်။ ဆေးဖျန်းပြီး ၃ နာရီလောက်ကြာတော့ မိုးကကျလာတယ်။ အဲ့လိုဆို (၁၂)နာရီပြည့်အောင် မစောင့်ပဲ လူဝင်ပြီး ခူးစားလို့ရမလား?
မဝင်သင့်ပါဘူး။ ဆေးထုပ်တွေမှာ မြန်မြန်စားချင်ရင် နည်းနည်းပဲသုံးပါဆိုရင်တောင် မဝင်သင့် မစားသင့်ပါဘူး။ ခံစားရမဲ့ အကျိုးရလဒ်က တူတူပါပဲ။ အဲ့တော့ မိုးရွာရွာ မရွာရွာ သေချာအောင်လို့ ကိုယ့်ဖက်က လုပ်နိုင်တာအကုန်လုပ်ပေးပါ။
ကျုပ်က ဆေး (၂)မျိုး သုံးထားတယ်။ တစ်ခုက (၁၂) နာရီ စောင့်ခိုင်းတယ်။ တစ်ခုကကျတော့ (၁၅) နာရီစောင့်ခိုင်းတယ်။ အဲ့လိုဆိုရင် ဘယ်အချိန်ပြန်ဝင်ပြီးခူးတာ အကောင်းဆုံးဖြစ်မလဲ?
အမြဲတမ်း လုံခြုံစိတ်ချရမှ ဝင်ပါ။ အရှည်ဆုံးကာလကိုရွေးပါ။ PHI တို့ REI တို့ ဆိုတာ အသုံးပြုသူတွေေရော စားသုံးသူတွေကိုရော ဘေးကင်းအောင်လုပ်ထားပေးဖို့ ရည်ရွယ်ပါတယ်။
ဒီမယ် ငါ့တူ၊ ဦးစိုက်ခင်းထဲက ငရုတ်သီးတွေက ခူးပြီးရင် ချက်ချင်းစားမှာမဟုတ်ဘူး ပြီးတော့ ငရုတ်သီးခြောက်လုပ်မှာ အဲ့တော့ ဆေးဖျန်းပြီးရင် ခူးလိုက်မယ်လေ
ဒီမယ် အန်ကန် အဲ့လေ ဦိးလေး မရပါဘူး၊ သူ့အချိန်ရောက်အောင် စောင့်ပေးပါ။ အချိန်မတန်ခင် ဝင်လိုက်ရင် မကုန်သေးတဲ့ဆေးတွေက အသီးတွေမှာ ကပ်ပါသွားရော၊ အဲ့လိုဆိုတော့ စစချင်းပြောခဲ့တဲ့ လက်ခံနိုင်တဲ့ အများဆုံးဓာတ်ကြွင်းပမာဏဆိုတာက မရိတ်ခင်စောင့်ရမဲ့အချိန်အတိုင်း စောင့်မှပဲ ကိုယ်လိုချင်တဲ့ ပမာဏကိုရမှာ။ မဟုတ်ရင် ဦးလေးငရုတ်သီးတွေမှာ လက်ခံလို့ မရတဲ့ပမာဏအထိ ပါသွားတယ်ဆိုရင် စားတဲ့သူတွေ အကုန်လုံးကို ထိခိုက်မယ်။ အဲ့ဒါက ရောင်းထွက်သွားရင် ဖြစ်မဲ့အနေအထား။ တကယ်လို့များ နိုင်ငံခြားကိုတင်ပို့ပြီး ရောင်းမယ်လို့ဆိုထားရင် သူတို့စစ်တာနဲ့ တစ်ခါတည်းကျပြီးတော့ လှည့်ပြန်လာရမှာ အသေအချာပါပဲ။
ထွန်းဝင်းကျော်
Reference
“Respecting Preharvest and Restricted Entry Intervals—A Question of Common Sense!”,Compliance, Laboratory Services and Regional Operations Directorate, Pest Management Regulatory Agency,March 2007.
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026