ပိုးသတ်ဆေး ai များ၏ အာနိသင်နှင့် နှိမ်နင်းနိုင်သည့်ပိုးများ(ဒိုင်ယာဇီနွန်)
- Diazinon(ဒိုင်ယာဇီနွန်)
- Chemical name = (phosphorothioate.)
- Chemical group = Organophosphate
စျေးကွက်ဝင်ဆေးအမည်များ - ဒိုင်ယာဒရင်း/ဒါရိုက်/ဖော်ဒီနွန်/ပန်ဒီနွန်..
အဆိပ်သင့်လမ်းကြောင်း(MoA) - inhibits the enzyme acetylcholinesterase
ဆေးအာနိသင် - ထိသေ/စားသေ အဆိပ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာအဆိပ်သင့်စေပါသည်။
ဆေးအမျိုးအစား - အင်းဆက်ဆေး၊ မွှားပင့်ကူဆေး၊ မြေတွင်းပိုးသတ်ဆေး၊ မျိုးစေ့လူးဆေး၊ အိမ်တွင်းအင်းဆက်ဆေး၊ အိမ်မွေးတိရစ္ဆာန် ပိုးမွှားကာကွယ်ဆေး..
အဓိကနှိမ်နင်းနိုင်သော ဖျက်ပိုးများ
- သရက်၊ လိမ္မော်၊ ရှောက်၊ သံပရာ၊ သစ်သီးဝလံများ - သီးထိုးယင်များ
- ငှက်ပျော၊ သင်္ဘော၊ နာနတ်၊ ကြံ၊ ပြောင်း - ပင်စည်ထိုးပိုး၊ ဖူးထိုးပိုးများ
- ဟင်းသီး/ရွက်၊ အာလူး၊ မုံလာထုပ် - စိန်ကွက်ဖလံ၊ ရွက်စားပိုးများ
- စပါးဆစ်ပိုး၊ ကျောက်ဆူးပိုး၊ ဖြုတ်ညို၊ ငမြောင်တောင် ပိုးများ
- မြေပဲ၊ မတ်ပဲ၊ ပဲတီစိမ်း - ဖိုးလမင်းကျိုင်းများ၊ ပင်ဖြတ်ပိုးများ
- နှမ်းခင်း - အပင်ငယ်ဖျက်ဆီးသောပုရစ်များ
- ခြ၊ပုရွက်ဆိတ်နှင့် အိမ်တွင်း ပိုးမွှားများ
- မြေတွင်းပိုးမွှားများ....
အသုံးပြုရန်နှုန်းထား
- Diazinon.10G = ၃ ပေါင် - ၄ပေါင်/ဧက
- Diazinon 50EC = 400 - 800 CC /ဧက
အဆိပ်သင့်မှု
သန(၅၀) = (၁၂၅၀ မီလီဂရမ်/ကီလိုဂရမ်)
ရေနေသတ္တဝါများ၊ ပျားများကို ပြင်းထန်စွာ အဆိပ်သင့်စေပါသည်။
မြေတွင်းတီကောင်များအတွက် အဆိပ်အနည်းငယ်သာ ထိရောက်ပါသည်။
သီးနှံပင်လောင်ကျွမ်းမှု
ပန်းသီးများနှင့်အချို့သစ်သီးများတွင် ဆေးပြင်းထန်စွာထိပါက အရောင်ပြောင်းသွားတတ်ပါသည်။
သတိပြုရန် - ကော့ပါးပါသော အယ်ကာလီပစ္စည်းများနှင့်ရောမဖျန်းရပါ။
မှတ်ချက် ။ ။ OPI အုပ်စုတွင်း ဆေး ai များ အရဖော်ပြပေးခြင်းသာဖြစ်ပြီး လက်ရှိစျေးကွက်ထဲတွင် အသုံးနည်းနေပြီဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပိုးသတ်ဆေးအေအိုင်များ
moekyaw
လွန်ခဲ့သော ၃ နှစ် ကဆရာငရုတ်ရောဖျန်းလို့ရလား
ဒို့ဦးလေး
လွန်ခဲ့သော ၃ နှစ် ကပိုးကျရောက်မှုပေါ်မူတည်ပြီးဖျန်းနိုင်ပါတယ်။ စုပ်စားပိုးအတွက် အဆီတာမီပရစ် လိုမျိုး ဖျန်းနိုင်ပါတယ်။
ဒို့ဦးလေး
လွန်ခဲ့သော ၃ နှစ် ကဘော်ဒို ကို သံပုရာ၊ရှောက် လိမ္မော်၊နှင်းဆီတွေမှာတော့ဖျန်းကြတယ်။ သဘေင်္ာ မှာတော့ ဖျန်းတာ မတွေ့ရဘူး။ မှိုရောဂါ မဆိုးရွားတော့..မဖျန်းတာကောင်းပါတယ်။ ခံနိုင်ရည်မရှိရင် ဆိုးကျိုးဖြစ်စေပါတယ်။
ဒို့ဦးလေး
လွန်ခဲ့သော ၃ နှစ် ကဘိုရွန်.ဓါတ်(Bo)
Than Htite
လွန်ခဲ့သော ၃ နှစ် ကသင်္ဘောပင်ကို ဘောတွန်ဆေးရေဖြန်းရင်ဘာအကျိုးကျေးဇူရသလဲဆရား
ဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Thar Po
အားလုံး