ဆေးရွက်ကြီးအာနိသင်ကဲ့သို့သော ဆေးအုပ်စု - နီယိုနီကိုတီနွိုက်
ပိုးသတ်ဆေး ai များ၏ အာနိသင်နှင့် နှိမ်နင်းနိုင်သည့်ပိုးများ
#Neo-nicotinoids (နီယိုနီကိုတီနွိုက်အုပ်စု - ဆေးရွက်ကြီးအာနိသင်ကဲ့သို့သော ဆေးအုပ်စု)
Neo-nicotinoids ဆေးအုပ်စုများဟာ သွေး၊ ဦးနှောက် အတားအဆီးများကိုအလွယ်တကူမဖြတ်သန်းနိုင်လို့ နို့တိုက်သတ္တဝါများကို အဆိပ်သင့်မှု လျှော့ချပေးပါတယ်။

မြန်မာနိုင်ငံစိုက်ပျိုးရေးဈေးကွက်အတွင်းမှာတော့...
- Pyrethroids,
- O.P.I,
- O.C.I,(ကန့်သတ်ထားပြီး)
- Carbamate,
- Neo-nicotinoids,
- Phenylpyrazole,
- Bt..
- Diamide အုပ်စု ပိုးသတ်ဆေးများအဖြစ် တွေ့နိုင်ပါတယ်။
၁၉၉၁ ခုနှစ်လောက်မှစ၍ နို့တိုက်သတ္တဝါများအတွက်အဆိပ်သင့်မှုကိုလျှော့ချရန်နှင့် အင်းဆက်ဖျက်ပိုးများကိုအဆိပ်သင့်မှုမြင့်မားစေရန် Necotinic receptor (Neonicotinoids) ဆိုတဲ့ အုပ်စုအသစ်ကို ထုတ်လုပ်သုံးစွဲလာကြတာဖြစ်ပါတယ်။
Neo-nicotinoids (First generations)
- Imidacloprid
စျေးကွက်ဝင်ဆေးအမည်များ (ဂိမ်း 20 WP, အင်ဖာနို, ဒိုဇာ, အေမီဒါ, လေဆာ, ရွှေမီဒါ, ဂေါ်ချို, ယာကာရှီ...)
- Nitenpyram
စျေးကွက်ဝင်အမည်များ (စက်ကင်းရှယ် 70 WDG ...)
- Acetamiprid
စျေးကွက်ဝင်အမည်များ ( အဆက်- 20 SL, ရွှေဆီတာ, မော့ပီလန်., အဆီတာဂရို...)
- Thiacloprid
ဟူ၍ ခွဲခြားထားပါတယ်။
Neo-nicotinoid (Second generation )
- Thiamethoxam
စျေးကွက်ဝင်အမည်များ (တင်းဒါး 2.47% SC, ကေလာ....)
- Cycloxaprid
ဟူ၍ ခွဲခြားနိုင်ပါတယ်။
Neo-nicotinoid (Third generation)
- Dinotefuran
မှတ်ချက်။ ။ ယခုနှစ်မှစ၍ Imidacloprid အုပ်စုမှာ( Bee killer) ဝတ်မှုံကူးပျားများကို အဆိပ်သင့်နှုန်းမြင့်မားမှု၊ သီးနှံဓာတ်ကြွင်းရာနှုန်းမြင့်မားမှုတို့ကြောင့် မြန်မာနိုင်ငံစိုက်ပျိုးရေးဦးစီးဌာနမှ (foliar application) အပင်ဖျန်းဆေးအဖြစ် အသုံးပြုခြင်းကို ကန့်သတ်ထား(Restricted) ပြီး မျိုးစေ့လူးဆေးအဖြစ်သာ ခွင့်ပြုထားကြောင်းသိရှိရပါသည်။
Chemical Group: Neo-nicitiniod group of insecticide
အဆိပ်သင့်လမ်းကြောင်း(Mode of Action) - selectively bind and interact with the insect nicotinic acetylcholine receptor site.
ဆေးအာနိသင် - ပင်လုံးပြန့် အာနိသင်
- အခြားဆေးအုပ်စုများနှင့် ပေါင်းစပ်လုပ်ဆောင်မှုနှင့် ပိုးဥများကန်းစေသော (Ovicidal) လုပ်ဆောင်မှု။
ဆေးအမျိုးအစား - အင်းဆက်ပိုးသတ်ဆေး၊ မျိုးစေ့လူးဆေး
အဓိကနှိမ်နင်းနိုင်သောဖျက်ပိုးများ - သီးနှံမျိုးစုံ(သစ်သီးဝလံ၊ ပန်းမာလ်၊ ဟင်းသီးဟင်းရွက်၊ လယ်ယာသီးနှံများ) တွင် ကျရောက်သော စုပ်စားပိုးအားလုံးအတွက် အသုံးပြုနိုင်ပါသည်။
အသုံးပြုရန်နှုန်းထား
၄ ဂါလံဆေး ၁ ပုံး = ၁၀ -၂၀ စီစီ (သီးနှံ/ပိုး အနည်းအများ၊ အကြီးအသေးလိုက်ပြီး နှုန်းထားကိုချိန်ဆဖျန်းပါ)
အဆိပ်သင့်မှု
သန(၅၀) = (imidacloprid in rats is 475 mg/kg and the acute dermal LD50 exceeds 5,000 mg/kg.)
သီးနှံပင်လောင်ကျွမ်းမှု
အညွှန်းပါအတိုင်း အသုံးပြုပါက၊ ဆေးလောင်ခြင်းမရှိပါ။
ဖြည့်စွက်တင်ပြချက် - စုပ်စားပိုးကာကွယ်ရေးအတွက် မျိုးစေ့လူးနယ်ဆေးအဖြစ်အသုံးပြုနေသော Imidacloprid နေရာတွင် အပင်ဖျန်းဆေး(folia application for sucking pests) အဖြစ် အစားထိုး(ai)တစ်ခုလိုနေတာ အမှန်ဖြစ်ပါတယ်။
Neonicotinoide ရဲ့ First generation များအနက် ပျားများနဲ့ နို့တိုက်သတ္တဝါများကို အဆိပ်သင့်မှုနည်းစေပြီး စုပ်စားပိုးများအတွက် အထိရောက်ဆုံးပိုးသတ်ဆေးအုပ်စုမှာ Acetamiprid အုပ်စုဖြစ်ပါတယ်။
Imidacloprid ကဲ့သို့မြေကြီးထဲတွင်ကြာရှည်စွာတည်တံ့မနေဘဲ အပင်အစိတ်အပိုင်းအားလုံးကိုပျံ့နှံ့ကာ စုပ်စားပိုးကိုကောင်းစွာကာကွယ်နိုင်သဖြင့် Imidacloprid အစားထိုးအသုံးပြုနိုင်တာဖြစ်ပါတယ်။
ဒါ့အပြင် Acetamiprid သည် Imidacloprid ထက် ယင်ဖြူကိုကာကွယ်နိုင်မှု ကာလကြာရှည်သည်ကို တွေ့ရပါတယ်။ (Ovicide action) ဥသတ်နိုင်စွမ်း အာနိသင် ပါဝင်ပါတယ်။
မှတ်ချက်။ ။ အော်ဂင်နိုဖော့စဖိတ်အုပ်စု (OPI) ကိုလည်း အစားထိုးအသုံးပြုနိုင်ပြီး သီးနှံမျိုးစုံအတွက် စုပ်စားပိုးများကို ကောင်းစွာနှိမ်နင်းနိုင်ပါတယ်။
#Thiamethoxam ကတော့ အပင်ဖျန်းဆေးအဖြစ် စုပ်စားပိုးမျိုးစုံကို ကာကွယ်နိုင်ရုံသာမက.....
မျိုးစေ့လူးဆေး (Seed treatment) အဖြစ်လည်း အသုံးပြုနိုင်ပြီး မြေတွင်းပိုး (ကျောက်ပိုး၊ ဖိုးလမင်းကျိုင်း၊ ခြ၊ပိုးတီ ...စသည်) များကို ကာကွယ်နှိမ်နင်းနိုင်ပါကြောင်း ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ်ကိုရှေးရှုပြီးသကာလ ရေးသားတင်ပြအပ်ပါတယ်။
စေတနာများစွာဖြင့်
ဒို့ဦးလေး
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
စုပ်စားပိုးပြဿနာ
အကြောင်းအရာ 2
ပိုးသတ်ဆေးအေအိုင်များ
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
ဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Thar Po
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....