“ မွှေးရနံ့ထုတ်လုပ်ပေးသော………ဗနီလာပင်အကြောင်း"
ဗနီလာပင်အသုံးဝင်ပုံ
လူကြိုက်များလှတဲ့ အစားအစာတွေဖြစ်တဲ့ ချောကလက်၊ ရေခဲမုန့်၊ သကြားလုံး၊ ကိတ်မုန့်ပြုလုပ်ရာ၌ လည်းကောင်း၊ ရေမွှေးအမျိုးမျိုးဖော်စပ်ရာ၌ လည်းကောင်း အသုံးပြုသော အမွှေးနံ့ကို ဗနီလာပင်၏ အသီးတောင့်မှ ထုတ်ယူရရှိပါသည်။

ဗနီလာပင်မှာ သစ်ခွမျိုးနွယ်ဝင် နွယ်ပင်တစ်မျိုးဖြစ်ပြီး ဈေးကောင်းလှသော အပင်အမျိုးအစားတွင် ပါဝင်ပါသည်။ စိုက်ပျိုးရာတွင် လုပ်အားလိုအပ်ချက်များခြင်းမှာလည်း ဈေးကြီးရခြင်း၏ အကြောင်းတစ်ခုဖြစ်ပါသည်။
ဗနီလာ(Vanilla) ဝယ်လိုအားမှာ နှစ်စဥ်တိုးတက်လျက်ရှိပြီး မွှေးပျံ့လွန်းသောရနံ့နဲ့ ဗနီလာဟာ အလှကုန်၊ စားသောက်ကုန်တွေမှာ အသုံးပြုကြပြီး အလေးချိန်(၁) ကီလိုကို အရည်အသွေးအလိုက် ဒေါ်လာ(၅၀၀-၇၀၀) ဝန်းကျင်အထိ ဈေးနှုန်းရှိကြောင်းသိရပါသည်။
ဗနီလာပင်အကြောင်း
ဗနီလာပင်သည် သစ်ခွပင်တစ်မျိုးဖြစ်၍ ကြီးမားရှည်လျားသော နွယ်ပင်ဖြစ်သည်။ ဗနီလာပင်အမျိုးအစားပေါင်း(၅၀)ခန့်ကို ကမ္ဘာအရပ်ရပ်၌ တွေ့ရှိရသည်။ ဗနီလာပင်၏ မူလဇာတိဒေသသည် မက္ကဆီကိုနိုင်ငံဖြစ်သည်။
ဗနီလာပင်မှာ ပူအိုက်စိုစွတ်သောရာသီဥတုကိုနှစ်သက်သည်။ မြေနိမ့်အရပ်မှ ပေ ၂၀၀၀ အမြင့်ရှိသော အရပ်ဒေသများအထိပေါက်ရောက်နိုင်သည်။ အလျားပေ(၂၀-၃၀) အထိ ရှည်တတ်သည်။
ဗနီလာပင်သည် အနှစ်(၅၀) နီးပါးအသက်ရှည်နိုင်သည်။ အပင်ပေါက်ပြီး (၃)နှစ်အကြာတွင် အသီးတင်လေသည်။ အသီးတို့သည် ရှည်ရှည်လုံးလုံးအသီးတောင့်များဖြစ်၍ (၆-၉) လက်မ အထိရှည်သည်။ ဗနီလာအမွှေးနံ့ကို ဗနီလာပင်၏ အသီးတောင့်မှ ထုတ်ယူရရှိပါသည်။
ဗနီလာအသီးတောင့်မှ အမွှေးနံ့ထုတ်ယူပုံ

ဗနီလာအသီးအတွင်း၌ မည်းနက်၍ ကျိချွဲသော အနှစ်များနှင့် သေးငယ်သော အစေ့မဲမဲများရှိကြသည်။ ထိုအနှစ်မှ ဗနီလာအမွှေးနံ့ကို ရရှိကြပါသည်။ အမွှေးနံ့ထုတ်ယူရန် အသီးတောင့်များကောင်းစွာမမှည့်မီ အသီးတောင့်ဖျား၌ အဝါရောင်သန်းလာလျှင် ဆွတ်ခူးရသည်။ ထို့နောက်ရေနွေးပူပူတွင် စိမ်၍ဆယ်ယူပြီးသော် သွေ့ခြောက်စေ၍ ကြာရှည်ခံအောင်ပြုပြီးလျှင် အသီးထဲမှ အနှစ်များ ကဇော်ပေါက်လာအောင်ပြုရသည်။ အသီးတောင့်များကို ကြာရှည်ခံအောင် တဖြည်းဖြည်းပြုလုပ်နိုင်လေ အမွှေးနံ့ကောင်းလေဟု သိရပါသည်။
ထိုကဲ့သို့ ကြာရှည်ခံအောင်ပြုလုပ်၍ အမွှေးနံ့ထုတ်ယူရန် တင်ပို့ရောင်းချကြပါသည်။ ထိုအခြေအနေတွင် အသီးအတောင့်များသည် ချောကလက်ရောင်ရှိပြီး အသီးတောင့်များပေါ်တွင် သကြားခဲကဲ့သို့ ဖြူဖြူအခဲကလေးများ ဖြစ်ပေါ်နေသည်။ သကြားခဲကလေးများ မရှိလျှင် ဗနီလာအမွှေးနံ့ ထုတ်ယူရန် အဆင့်အတန်း မမှီဟုယူဆကြပါသည်။
ကျန်းမာရေးအတွက် ဗနီလာ(Vanilla) အသုံးဝင်ပုံ
ဗနီလာ(Vanilla)မှာ Antioxidants ကြွယ်ဝစွာပါဝင်ပါသည်။ ထို့အပြင် ခန္ဓာကိုယ်ထဲရှိ မကောင်းသော Bacteria များကို သေစေသည့် အစွမ်းသတ္တိရှိပြီး ရောင်ရမ်းမှု ဝေဒနာကိုလည်း သက်သာစေနိုင်ပါသည်။ ထို့ကြောင့် ဖျားနာနေချိန်တွင် Vanilla(ဗနီလာ)ပါဝင်သော အစားအသောက်များသည် ခန္ဓာကိုယ်အတွက် သင့်လျော်ပါသည်။ ဗနီလာဆိုသည်မှာ နှစ်လိုဖွယ်ရနံ့နဲ့ ဆိမ့်တဲ့ အရသာရှိရုံတင်မကဘဲ ကျန်းမာရေးအတွက်လည်း အထောက်အကူ ပြုနိုင်ပါကြောင်း လေ့လာရေးသားလိုက်ရပါသည်။
ပင်လယ်ပြာ(ငါး/ဦးစီး)
Ref: သုတစွယ်စုံကျမ်း။
ဦးအောင်ဟိန်း
လွန်ခဲ့သော ၃ လ ကဗနီလာမျိုးဝယ်ချင်လို့ပါ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from နှင်းဖြူဖြူ
အားလုံး
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026