နှင်းဆီမပွင့်ရတဲ့ အကြောင်းအရင်း
နှင်းဆီစိုက်ပြီး အပွင့်ဘူးဖြစ်နေပြီလား။ ဒီအောက်က အချက်အလက်တွေက အဖြေပေးမှာပါ။
ရောဂါကြောင့်
Botrytis blight လို့ခေါ်တဲ့ မှိုရောဂါတစ်မျိုးက စိုထိုင်းဆမြင့်တဲ့အချိန်မှာ ဖြစ်နိုင်ပါတယ်။ ဒီရောဂါကျနေပြီဆိုရင် နှင်းဆီဖူးတွေက မပွင့်နိုင်တော့တာ ဖြစ်နိုင်ပါတယ်။ နှင်းဆီပင်ကို လေဝင်လေထွက်ကောင်းအောင် ဆောင်ရွက်ပေးပြီး မှိုဆေးဖျန်းပေးနိုင်ပါတယ်။
နောက်တစ်မျိုးကတော့ ဗိုင်းရပ်တွေကြောင့်လည်း ဖြစ်တတ်ပါတယ်။
နောက်ထပ်တစ်မျိုးက မြေကြီးထဲမှာရှိနေတဲ့ မြစ်ဖုနီမတုတ်လို့ခေါ်တဲ့ သံကောင်နဲ့တူတဲ့ ရောဂါပိုးပါ။ နှင်းဆီရဲ့ အမြစ်တွေမှာ ပုံမှန်မဟုတ်တော့ဘဲ အလုံးလေးတွေ ကပ်နေသလိုဖြစ်နေပါတယ်။ မြစ်ဖုနီမတုတ်က နှင်းဆီပင်ရဲ့ အမြစ်ထဲကိုဝင်ပြီး တိုက်ခိုက်ပါတယ်။ အပင်က အစာနဲ့ ရေစုပ်ယူနိုင်စွမ်းကျလာပြီး အပွင့်မပွင့်နိုင်လောက်အောင် အားနည်းသွားတာဖြစ်ပါတယ်။
ပိုးကြောင့်
နှင်းဆီမှာ ဆိုးရွားတာက လှေးပိုးတွေ ဖြစ်ပါတယ်။ လှေးပိုးတွေက စုပ်စားပိုးတစ်မျိုးဖြစ်ပြီး အရွက်၊ အဖူးနဲ့ အပွင့်တွေထဲက ပင်ရည်တွေကို စုပ်ယူစားသောက်ပါတယ်။ လှေးပိုးကြောင့် နှင်းဆီအပင်ကို ကြီးကြီးမားမားထိခိုက်နိုင်ပါတယ်။ နောက်တစ်မျိုးက အဖူးထိုးပိုးပါ။ အဖူးထိုးပိုးကျပြီဆိုရင် မပွင့်တော့တာ၊ ပွင့်လာရင်လည်း အပွင့်မလှတော့တာတွေ ဖြစ်နိုင်ပါတယ်။
အဟာရ လိုအပ်ချက်
အပင်တွေမှာ လိုအပ်တဲ့အဟာရကို မျှမျှတတကျွေးပေးဖို့လိုပါတယ်။ အပင်ပိုင်းကို ကြီးထွားစေတဲ့ နိုင်ထရိုဂျင်မြေသြဇာ (ပုလဲ)ကိုပဲ ကျွေးနေမယ်ဆိုရင် အပင်က ရွက်တွေပဲ ထွက်နေပြီး အပွင့်မပွင့်တာ၊ အပွင့်ပွင့်ဖို့ကြာနေတာမျိုး ဖြစ်တတ်ပါတယ်။ ဖော့စဖောရပ်ဓာတ် (တီစူပါ) က အပွင့်ဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ ဓာတ်တစ်မျိုးပါ။ ဖော့စဖော်ရပ်ကို မကျွေးတာ၊ မလုံလောက်တာကြောင့်လည်း အပွင့်ပွင့်ဖို့ ကြာနေတာတွေ ဖြစ်တတ်ပါတယ်။
အဟာရမျှမျှတတမကျွေးတာဖြစ်ဖြစ်၊ အဟာရဓာတ်မလုံလောက်တာဖြစ်ဖြစ် အပွင့်ပွင့်ဖို့ ကြာတတ်တာကြောင့် အနည်းဆုံး သဘာဝမြေသြဇာ လုံလုံလောက်လောက်ကျွေးပေးစေချင်ပါတယ်။
ပတ်ဝန်းကျင်မကောင်းတာ
နှင်းဆီစိုက်မယ်ဆိုရင် ပတ်ဝန်းကျင်ကိုလည်း ဂရုစိုက်ရပါမယ်။ အဖူးမထွက်တော့ဘဲ နှင်းဆီကန်းတယ်လို့ ခေါ်လို့ရမယ့် အနေအထားတစ်ခုရှိပါတယ်။ အဲဒီအခြေအနေကတော့ လုံးဝ အရိပ်များတဲ့နေရာမှာ စိုက်မိရင် ဖြစ်ပါတယ်။ နှင်းဆီအဖူးထွက်ဖို့အတွက် နေရောင်ခြည်က မဖြစ်မနေလိုအပ်ပါတယ်။ ပွင့်မှ အရိပ်ထဲမှာ ပြန်ရွေ့ထားချင်ထားပေါ့။ ရေငတ်တာနဲ့ အရမ်းအပူကဲတဲ့ နေရာများကိုလည်း ရှောင်ရှားသင့်ပါတယ်။
ကိုင်းဖြတ်ပေးဖို့ကလည်း မရှိမဖြစ်ပါ
နှင်းဆီစိုက်တဲ့သူတွေအနေနဲ့ ကိုင်းဖြတ်ပေးရဖို့က မဖြစ်မနေအလုပ်ပါ။ ကိုင်းမဖြတ်ဘဲထားရင် အပင်က ရှုပ်လာပြီး အပွင့်နည်းလာပါမယ်။ ကိုင်းဖြတ်ပေးမှ ပွင့်ဖို့ အညွန့်သစ်တွေ ထွက်လာပြီး အပွင့်များများပွင့်မှာပါ။ ဒါပေမယ့် ကိုင်းကို အလွန်အကျွံမဖြတ်ဖို့လည်း ဂရုစိုက်ပါဦးနော်။
Paing Zay Myat
လွန်ခဲ့သော ၃ နှစ် ကမိုးကြိုးနဲ့နောက်ဆေးကမေ့နေလို့
ko kyaw
လွန်ခဲ့သော ၃ နှစ် ကသိုင်ရာမီတောက်ဇင် နဲ့ အဘာမက်တင် ၁းး၂ နှုန်း ပက်ပေးပါ
Dawmyint
လွန်ခဲ့သော ၄ နှစ် ကလေးပိုးကိုဘာဆေးသုံးရမလဲဗျ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Thein Soe Min
အားလုံး
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
ဗီဒီယို
မတ်ပဲမျိုးစေ့ကို ထုံးဘာလို့ လူးကြတာလဲ
08/09/2026
ဗီဒီယို
တောင်ပံလေးနဲ့တောင်မှ စိုက်ပျိုးသူ တောင်သူတွေကို အကျိုးပြုပေးနေတဲ့ ပုစဉ်းရင်ကွဲ
21/08/2026
ဆီနီဂေါတွင် ဆာဒီယို မာနေး ဟက်တာ ၅၀၀ ကျယ်ဝန်းသည့် စိုက်ပျိုးရေးနှင့် စက်မှု စီမံကိန်းသစ် စတင်
20/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026