ဝတ်မှုန်ကူးပေး သူလေးများ
ဝတ်မှုန်ကူးပေးတယ်ဆိုတာကတော့ မျိုးအောင်စေဖို့အတွက် အဖိုဝတ်ဆံနဲ့ အမ ဝတ်မှုန်ခံတိုင်ထိတွေ့အောင် ပြုလုပ်ပေးတာပဲဖြစ်ပါတယ်။ ပန်းပွင့်တိုင်းမှာ ပါဝင်တဲ့ ဝတ်ဆံလေးတွေက အဖိုလေးတွေ ဖြစ်ပြီးတော့ များသောအားဖြင့် အလယ်မှာရှိတတ်တဲ့ တစ်ခုတည်းသော သူများနဲ့ မတူတဲ့ အစိတ်အပိုင်းလေးက ဝတ်မှုန်ခံတိုင်ဖြစ်ပါတယ်။ သူတို့ (၂) ခုက ထိတွေ့ပြီးတော့ မှ မျိုးအောင်လာမှ အသီးလေးဖြစ်ပေါ်လာတာဖြစ်ပါတယ်။
တစ်ချို့သော အပင်လေးတွေက အပွင့်လေးတွေက ပွင့်ချပ်လေးတွေ မပွင့်လာခင် (သို့) ပန်း မပွင့်လာခင် ကာလမှာကတည်းက အထဲမှာ အချင်းချင်း ထိတွေ့မှုတွေ ဖြစ်သွားပြီးတော့ မျိုးအောင်တာမျိုးဖြစ်ပေမဲ့လို့ တစ်ချို့သော အပင်တွေမှာကျတော့လည်း ဝတ်မှုန် ကူးပေးတဲ့ အကောင်လေးတွေဖြစ်ဖြစ် ဝတ်မှုန်ကူးပေးတဲ့ သဘာဝအချက်တွေ (ဥပမာ - လေတိုက်ခတ်မှု) တို့လိုမျိုးမရှိတာကြောင့်မို့ အပွင့်တွေတော့ အရမ်းကောင်းပြီးတော့ အသီးမတင်တာမျိုး ဖြစ်တတ်ပါတယ်။ အဲ့လို အပင်လေးတွေက ကမ္ဘာမှာဆိုရင် ပန်းပွင့်တဲ့ အပင်တွေရဲ့ လေးပုံပုံ သုံးပုံ ပမာဏဖြစ်ပါတယ်။ ပြီးတော့ (၃၅) ရာခိုင်နှုန်းသော ကမ္ဘာ့အစားအစာထောက်ပံ့မှုအတွက် ဝတ်မှုန်ကူးတဲ့ အကောင်လေးတွေရဲ့ ကြိုးပမ်းအားထုတ်မှုက အရေးပါပါတယ်။
ဆိုတော့ ဝတ်မှုန်ကူးခြင်းက အသီးစားဖို့ ထုတ်လုပ်တဲ့ သစ်သီးဝလံ ပင်တွေ နဲ့ မျိုးစေ့ထုတ်လုပ်ဖို့ စိုက်ပျိုးတဲ့ အပင်လေးတွေမှာ အရမ်းကို အရေးကြီးတဲ့ ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။ ကံကောင်းစွာနဲ့ပဲ သဘာဝကြီးကနေ ဝတ်မှုန်ကူးပေးဖို့အတွက် လိုက်ပါ ကူညီပေးဖို့အတွက် ဝတ်မှုန်ကူးပေးနိုင်တဲ့ အကောင်လေးတွေကို ဖန်တီးပေးထားပါတယ်။
ဆိုတော့ သူတို့အထဲမှာ ဘာကောင်လေးတွေပါသလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်
- ဝတ်ရည်စုပ်ပျား (Honey Bee)
- ပိတုန်း (Bumble Bee)
- မေဆင်ပျား (Mason Bee)
- ရွက်ဖြတ်ပျား (Leafcutter Bee)
- ချွေးပျား (Halictid Bee)
- မြေတူးပျား (Digger Bee)
- လိပ်ပြာ (Butterfly)
- ပိုးဖလံများ (Moths)
- ငှက်များ (Birds)
- ယင်များ (Flies)
- ကျိုင်းကောင်များ (Beetles)
- လင်းနို့များ (Bats)

ပျားလေးတွေကတော့ အားလုံးသိကြတဲ့အတိုင်း ဝတ်မှုန်ကူးတဲ့နေရာမှာ ကူညီပေးပါတယ်။ သူတို့က ဝတ်ရည်လေးတွေ စုပ်ယူစားသုံးပြီး စုဆောင်းတာကြောင့် ပန်းပွင့်လေးတွေထဲက ဝတ်မှုန်လေးတွေရှိတဲ့နေရာနားအထိ ဝင်ရောက်ကြရင်းနဲ့ သူတို့ရဲ့ ကိုယ်ခန္ဓာနဲ့ ခြေထောက်မှာ ဝတ်မှုန်အဖိုလေးတွေ ကပ်ပါလာကုန်ပါတယ်။ အဲ့ ဝတ်ဆံလေးတွေက ဝတ်မှုန်ခံတိုင်မှာကို ကျသွားရင်းနဲ့ပဲ မျိုးအောင်ကြပါတယ်။ ဆိုတော့ သူတိုရှိနေတာကနေအထွက်နှုန်း ပိုမိုကောင်းမွန်စေတဲ့အပြင် သီးပင်တွေမှာ သူတို့ ဝတ်မှုန်ကူးပေးလို့ အသီးတင်နှုန်းကို များစေတာကြောင့် အထွက်ကို ပိုကောင်းစေပါတယ်။
ဝတ်မှုန်ကောင်းကောင်း ကူးထားတဲ့ အပင်လေးတွေကနေ တူညီတဲ့ အရွယ်အစားနဲ့ ပိုကောင်းတဲ့ အရသာရှိတဲ့ အသီးတွေကို ထုတ်လုပ်ပေးနိုင်တာကြောင့်မို့ အရည်အသွေးပိုင်းမှာလည်း ကောင်းမွန်စေမှာဖြစ်ပါတယ်။
သီးနှံရွေးချယ်မှုအတွက်လည်း ပိုကောင်းစေနိုင်တယ်။
အစက ပြောခဲ့သလိုပဲ တစ်ချို့အပင်လေးတွေက ဝတ်မှုန်ကူးတဲ့ သူတွေ မရှိရင် အသီးလုံးဝ မရတာမျိုးတွေ ရှိနိုင်တာမို့ ကိုယ့်အခင်း ကိုယ့်အကွက်မှာသာ ပျားလိုမျိုး ဝတ်မှုန်ကူးပေးတဲ့ အကောင်လေးတွေများ ရှိတယ်ဆိုရင် သေချာပေါက် အဲ့လို အပင်တွေကို ရွေးချယ်ပြီး စိုက်ပျိုးနိုင်မှာဖြစ်ပြီးတော့ အသီးတင်နိုင်မှာပါ။
သူတို့ရှိဖို့ အတွက်ဆိုရင်
ကိုယ့်သီးနှံက ပန်းမပွင့်နိုင်သေးဘူးဆိုတဲ့အချိန်တွေမှာ သူတို့ကို အစာရေစာထောက်ပံ့ပေးထားနိုင်ဖို့အတွက် ပန်းပွင့်တဲ့ အပင်လေးတွေကို စိုက်ခင်းအနီးအနားမှာစိုက်ပျိုးထားပေးပါ။
ဒေသမျိုးတွေကို အဓိကရွေးချယ်ပါ။ သူတို့အတွက် အစာတွေ ဖန်တီးပေးမယ်ဆိုရင် အကြမ်းခံပြီး ပြုစုရသက်သာတဲ့ ဒေသမျိုးတွေကို ရွေးချယ်နိုင်ပါတယ်။ အပင်တစ်မျိုးတည်းမဟုတ်ဘဲနဲ့ အမျိုးအစားများများလည်း စိုက်ပျိုးထားနိုင်ရင် အကောင်းဆုံးပါ။
စိုက်ခင်းတွေမှာ မလိုအပ်ဘဲနဲ့ ဓာတုဆေးဝါးတွေ သုံးတာကို လျှော့ချပါ။ မဖြစ်မနေ လိုအပ်မှသာ ဓာတုဆေးကို ရွေးချယ်နိုင်ဖို့အတွက် ထားရှိပါ၊ ဒီလို ဓာတုဆေးဝါးတွေ သုံးတာကြောင့်မို့ အကျိုးပြုတဲ့ သက်ရှိတွေကိုလည်း ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ စိုက်ခင်းဝန်းကျင်က တောင်သူဦးကြီးများကိုလည်း လျှော့သုံးနိုင်အောင် ပညာပေးဖြန့်ဝေပါ။
ပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ စိုက်ပျိုးနည်းစနစ်တွေကို အသုံးပြုပါ။ သဘာဝပတ်ဝန်းကျင်မှာ ရှင်သန်နေထိုင်တဲ့ သက်ရှိတွေဖြစ်တာကြောင့်မို့ သဘာဝနဲ့ နီးစပ်တဲ့စိုက်ပျိုးနည်းစနစ်တွေမှာ ကောင်းကောင်းမွန်မွန်ကျင်လည် ကျက်စားနိုင်မှာဖြစ်ပါတယ်။ ဥပမာ စိုက်ဘောင်ဖုံးအုပ်စိုက်ပျိုးတဲ့ နည်းစနစ်မှာ ပလပ်စတစ်စကို သုံးမဲ့ အစား ကောက်ရိုးကို အသုံးပြုပြီးတော့ ဖုံးအုပ်တာမျိုး စတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ စိုက်ပျိုးနည်းလမ်းစနစ်တွေကို ဦးစားပေးရွေးချယ်ဖို့ လိုမှာဖြစ်ပါတယ်။
သဘာဝအားဖြင့် အရည်အသွေးမြင့် စိုက်ပျိုးထုတ်ကုန်များ ထုတ်လုပ်နိုင်ကြပြီး အောင်မြင်ဖြစ်ထွန်းကြပါစေခင်ဗျာ။
References
https://www.usda.gov/peoples-garden/pollinators#:~:text=Pollinators%20like%20honeybees%2C%20butterflies%2C%20birds,%2C%20almonds%2C%20coffee%20and%20chocolate
https://www2.gov.bc.ca/assets/gov/farming-natural-resources-and-industry/agriculture-and-seafood/animal-and-crops/plant-health/beneficial_insects.pdf
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Aung Tin Thein
လွန်ခဲ့သော ၁ နှစ် ကလိပ်ပြာအကြောင်း
ဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026