အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
 ရှမ်းပြည်ထွက် ကုန်စိမ်းများ ဈေးတက်နေ

ရှမ်းပြည်ထွက် ကုန်စိမ်းများ ဈေးတက်နေ

AMIA
AMIA • 19/11/2026

တန်ဆောင်တိုင် ပွဲတော်ကာလ ဝယ်လိုအား ပြန်လည် မြင့်တက်လာခြင်းကြောင့် ရှမ်းပြည်ထွက် ကုန်စိမ်းများ ဈေးတက်လာကြောင်း ကုန်သည်အချို့ထံမှ သိရသည်။

တန်ဆောင်တိုင် ပွဲတော်နှင့် အလှူအတန်းများကြောင့် ပြည်မဈေးကွက်များ (ရန်ကုန်၊ မန္တလေး) မှ ဝယ်လိုအား ရုတ်တရက် မြင့်တက်လာခြင်းကြောင့် အလှူပွဲများတွင် အသုံးများသည့် ရွှေပဲ၊ ငရုတ်ပွ၊ အာလူးနှင့် ခရမ်းချဉ်သီး စသည့် ကုန်စိမ်းများ ဈေးမြင့်တက်လာခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် မိုးနှောင်းကာလ ရေကြီးရေလျှံမှုများကြောင့် စိုက်ခင်းများ ရေနစ်မြုပ် ပျက်စီးခဲ့သဖြင့် ဈေးကွက်အတွင်း လက်ကျန်နည်းပါးကာ ဈေးနှုန်း ဆက်တိုက် မြင့်တက်လာရခြင်း ဖြစ်ကြောင်းလည်း ဆိုသည်။

"တန်ဆောင်တိုင်ကာလမှာ အသီးအနှံ အတော်များများ ဈေးတက်သွားတယ်။ အထူးသဖြင့် ခရမ်းချဉ်သီး၊ ရွှေပဲ၊ ငရုတ်ပွလည်း တက်တယ်၊ နောက်ပိုင်း ရှမ်းကုန်တချို့လည်း တက်ဖို့ရှိတယ် စောင့်ကြည့်ရမယ်။ အရင်က ဈေးကျမယ်လို့ စိုးရိမ်ခဲ့တဲ့ တောင်သူတွေအတွက် မျှော်လင့်ချက်လေး ရသွားတာပေါ့" ဟု ရှမ်းပြည်နယ်ရှိ ကုန်စိမ်း လက်လီလက်ကား ရောင်းဝယ်သူ တစ်ဦးက ပြောသည်။

လက်ရှိ ရှမ်းပြည်နယ် ဈေးကွက်တွင် ခရမ်းချဉ်သီး တစ်ပိဿာလျှင် အမျိုးအစားပေါ် မူတည်ကာ ကျပ် ၃,၈၀၀ မှ ၄,၈၀၀ အထိ မြင့်တက်လာခဲ့ပြီး ငရုတ်ပွ တစ်ပိဿာလျှင် ကျပ် ၉,၀၀၀၊ ရွှေပဲ တစ်ပိဿာလျှင် ကျပ် ၂၀,၀၀၀၊ ငရုတ် (ရှမ်းသွယ်) အခြောက် တစ်ပိဿာလျှင် ကျပ် ၂၀,၀၀၀ အထိ မြင့်တက်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် အာလူး S2/S3 တစ်ပိဿာလျှင် ကျပ် ၄,၈၀၀၊ S1/S2 တစ်ပိဿာလျှင် ကျပ် ၄,၅၀၀ အထိ ပြန်လည်ရောက်ရှိလာပြီး ကြက်သွန်နီ တစ်ပိဿာလျှင် အရည်အသွေးပေါ် မူတည်ကာ ကျပ် ၇,၀၀၀ မှ ၂၁,၀၀၀ အထိ မြင့်တက်လျက်ရှိကြောင်း အောင်ပန်းမြို့ရှိ ကုန်စည်ဒိုင် တစ်ခုမှ သိရသည်။

ယင်းအပြင် ဘိုစားပဲ၊ မုန်ညင်း၊ ဂေါ်ဖီထုပ် ဈေးနှုန်းများမှာလည်း လာမည့် တစ်ပတ်အတွင်း ထူးခြားလာနိုင်ကြောင်း ခန့်မှန်းထားကြသည်။

လက်ရှိ ပွဲတော်ရက်များအတွင်း စိုက်ခင်းများမှ ကုန်စိမ်း ခူးဆွတ်သူ ရှားပါးခြင်းနှင့် ကုန်တင်ယာဉ် အသွားအလာ လျော့နည်းခြင်းတို့ကြောင့် အောင်ပန်းပွဲရုံ ဈေးကွက်သို့ ကုန်စည်အဝင် အနည်းငယ် လျော့နည်းလျက်ရှိကြောင်းလည်း သိရသည်။

လက်ရှိ ရှမ်းတောင်တွင် လွှင့်ပစ်ရမတတ် လုံးဝ ဈေးကျနေသည့် ကုန်စည်များ မရှိသလောက် ရှားသွားပြီဖြစ်ကြောင်းနှင့် ရှမ်းကုန်များအားလုံး တန်ဆောင်တိုင်ကာလတွင် အခြေအနေ ကောင်းနေပြီဖြစ်ကြောင်း ရှမ်းပြည်နယ် အောင်ပန်းမြို့မှ ကုန်စိမ်း အရောင်းအဝယ် လုပ်ကိုင်နေသူ တစ်ဦးက ပြောကြားထားသည်။

ပင်မ ဖြန့်ဖြူးထွက်ရှိရာ ရှမ်းပြည်နယ်တွင် ဈေးများ တက်နေခြင်းကြောင့် အခြားမြို့များရှိ လက်လီဈေးများမှာလည်း လိုက်ပါ မြင့်တက်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ရှမ်းပြည်နယ် တောင်ပိုင်းမှတစ်ဆင့် ရန်ကုန်၊ မန္တလေးနှင့် မကွေး စသည့် ဒေသများသို့ အဓိက တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

You

ဆက်စပ်မေးခွန်းများ

အပွင့်ပွင့်ခါနီးဆို အဲ့လိုပဲ ညှိုးလာတာတချို့အပင်တွေမှာ ပင်ခြေမှာ အဖြူရောင်အမျှင်တွေတွေ့ရတယ် အမျှင်မတွေ့ရပဲညှိုးတာတွေလည်းရှိတယိ

zin min htet • ဖြေကြားချက် 1 ခု

သက်တမ်း42ရက်သား အပင်စောစော မကျစေရန်နှင့် အပွင့်များထပ်ပွင့်အောင် ဆေးလိုက်လို့ရသေးလား ဆရာတို့အသီးအရမ်းနည်းလို့ တချို့က7တောင့်လေက်ပဲရှိလို့ မိုခါမျိုးပါဆရာတို့

Hlaing Min Tun • ဖြေကြားချက် 1 ခု

ပုံပါအတိုင်းသေနေလို့ပါ။ထရိုင်ကိုဒါးမား တော့သုံးထားတယ်။သေနေတာပါးသွားပေမဲ့အရှင်းမပြောက်သေးဘူး။မှိုသတ်ပြောင်းသုံးရမလားဗျ။ထရိုင်ကိုဒါးမားပဲဆက်သုံးရမလား။ကူညီပါဦး။

ko paing • ဖြေကြားချက် 1 ခု

မတ်ပဲပင်၃၅ရက်သား Npkအားဆေးဘယ်လောက်ဖျန်းဖျန်းမကြီးလာတော့လို့ ဘာဆေးပြောင်းဖျန်းသင့်လဲ ဆရာ

Saw Samson • ဖြေကြားချက် 1 ခု

ဥစိုက်ကို အပင်သိပ်မဖြသ်လို့ပါဗျ၊ 8 ရက်နေ့ကနေ 11ရက်နေ့ထိရွာတဲ့မိုးမာ ရေဝပ်တဲ့နေရာလေးတွေက အပင်သိပ်မတက်ပဲ ပြာတာတာလေးတွေဖြစ်နေလို့ပါဗျ ပုလဲတော့ကျွေးထားတယ်ဗျ ပုလဲရယ် ငါးအမိုင်နိုရယ် ဆားခါးရယ် လက်ချားရယ်တွဲဖြန်းလို့ရလားဗျ အပင်မဖြစ်သေးဘဲ ဥချချင်နေလို့ဗျ

andrich • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။