"လှရုံတင်ပဲလား.....အင်းဆက်ပိုးမွှားတွေရဲ့ရန်ကလည်း ကာကွယ်နိုင်ပါသေးတယ်"
နို့နှစ်ရောင်ကစလို့ အဝါရောင်တောက်တောက်၊ အဝါဖျော့ဖျော့လေးတွေကနေ လိမ္မော်ရောင် တောက်တောက်၊ အနီရောင်ဘက်သန်းတဲ့ လိမ္မော်ရောင်တွေထိပါ တွေ့ရတဲ့ ပန်းပွင့်လေးကို မြင်ဖူးကြမှာပါ။
အဆုပ်လိုက် လေးတွေပွင့်တာလေးတွေလည်းရှိပြီး ဒေသအလိုက် အခေါ်အဝေါ်တွေကွဲပြားကြပါတယ်။ ချစ်တီးပန်းလို့ပြောလိုက်ရင် အများစုက သိကြပါတယ်။ ဒီပန်းလေးတွေ ရဲ့အာနိသင်က တော့ အံ့သြစရာပါ။ ကိုယ့်ရဲ့အိမ်ခြံဝန်းထဲမှာ ၆ လက်မလောက် ၃ ပေပတ်လည်လောက် စိုက်ထားရင်ဘဲ မျက်စိပသာဒလည်းဖြစ် အင်းဆက်ပိုးမွှားတွေရဲ့ရန်ကို ကာကွယ်ပြီးသားလည်း ဖြစ်မှာပါ။ ဒါ့အပြင် ကျွန်မတို့ရဲ့မိတ်ဆွေပိုးတွေကိုလည်း စွဲဆောင်ပြီးသား ဖြစ်စေပါတယ်။ ပန်းအရွက်တွေကိုတော့ ကြိတ်ချေပြီး ဂျပိုးပြေးအောင် သုံးနိုင်ပါတယ်။ ပွင့်ဖတ်လေးတွေကိုတော့ တစ်ချို့နိုင်ငံတွေမှာ ဟင်းခတ်အမွှေးအကြိုင်အဖြစ် သုံးပါတယ်။ အစားအစာတွေအတွက် သဘာဝဆိုးဆေးအနေနဲ့လည်း သုံးလို့ရပါတယ်။
စိုက်ပျိုးနည်းကလည်း အရမ်းလွယ်ကူပါတယ်။ (ချစ်တီးပန်းစိုက်ပျိုးနည်းဆောင်းပါးကို ထပ်တင်ပေးသွားပါမယ်။)
ချစ်တီးပန်းကို ဘာကြောင့်စိုက်သင့်လဲ
အင်းဆက်ချင်းပြန်စားတတ်တဲ့ သားရဲတွေဖြစ်တဲ့ လိပ်ခုံးကျိုင်း၊ ယင်(hover flies)၊ ကပ်ပါးနကျယ်တို့လိုအကောင်တွေက ဒီပန်းတွေကို ကြိုက်ကြပါတယ်။ ပန်းတွေဆီလာရင်း ကျွန်မတို့ခြံထဲရောက်လာပြီး ခြံထဲမှာရှိတဲ့ သီးနှံဖျက်စီးမယ့်ပိုးတွေကို စားသောက်ပါလိမ့်မယ်။
သီးနှံမစိုက်ပျိုးခင်မှာ ကြိုတင်စိုက်ထားပြီး စိုက်ခါနီးမှာ ထယ်မှောက်လိုက်မယ်ဆိုရင်တော့ မြေ ကြီးထဲမှာခိုအောင်းနေတဲ့ နီမတုတ်တွေကို သေစေနိုင်ပါတယ်။ ကိုယ်ရဲ့စီးပွားဖြစ်သီးနှံနဲ့အတူ ရောစိုက်ခြင်းကတော့ အကာင်းဆုံးပါ။ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်း စတဲ့သီးနှံတွေမှာ ကျတတ်တဲ့ပိုးတွေကို ချစ်တီးပန်းတွေစိုက်ခြင်းက ကာကွယ်နိုင်ကြောင်း သက်သေတွေလဲရှိခဲ့တာမို့ တ ကယ်လုပ်ရင် အဟုတ်ဖြစ်မယ့် နည်းတစ်ခုပါ။ အမြစ်ကထွက်တဲ့ အရည်တွေက မြေအောင်းနီမတုတ်တွေကို ဖမ်းဆီးသုတ်သင်ပေးတာဖြစ်ပါတယ်။ ချစ်တီးပန်းမျိုးစိတ်တွေ အများကြီးထဲကမှ Tagetes patula လို့ခေါ်တဲ့မျိုး (ပုံ-၁တွင်ပြထားသော) ကတော့ နီမတုတ်မျိုးစိတ် တော်တော်များများကို သေစေနိုင်ပါတယ်။ (ပုံ - ၂) မှာပြထားတဲ့ ပန်းကိုတော့ နီမတုတ်နှိမ်နင်းဖို့အတွက် မစိုက်သင့်ပါဘူး)
(ပုံ - ၁)
(ပုံ - ၂)
သဘာဝဆန်တဲ့ ဥယျာဉ်လေးတစ်ခုဖန်တီးဖို့ နည်းလမ်းတစ်ခု...
၂၁ရာစုမှာ တဖြည်းဖြည်းရှားပါးလာနေပြီဖြစ်တဲ့ သဘာဝဆန်တာတွေကို ကျွန်မတို့အားလုံး လိုက်ရှာနေကြတဲ့အချိန်မှာ ချစ်တီးပန်းမျိုးစေ့လေးတွေနဲ့ သဘာဝဆန်တဲ့ ဥယျာဉ်လေးတစ်ခု ဖန်တီးလို့လည်းရနိုင်ပါသေးတယ်။ ကိုယ့်စိုက်ခင်းထဲက လွတ်တဲ့နေရာလေးတွေမှာ မျိုးစေ့လေးတွေ ချထားရုံနဲ့ အမြင်လှသလို ပိုးသတ်ဆေးမသုံးရတဲ့ စိုက်ခင်းလေးဖြစ်အောင် ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ခရမ်းချဉ်စိုက်ခင်းတွေမှာ အဓိကကျတတ်တဲ့ ယင်ဖြူကြောင့်ဖြစ်တဲ့ ရောဂါတွေ၊ နီမတုတ်ကြောင့်ဖြစ်တဲ့ ရောဂါတွေအတွက် ကာကွယ်နှိမ်နင်းပြီးသားလည်းဖြစ်တာမို့ သဘာဝအတိုင်း စိုက်ပျိုးလို့ရနိုင်ပါပြီ။ ရေသိပ်မလိုတဲ့ အပင်ဖြစ်တာကြောင့် သီးနှံကိုလည်း ထိခိုက်မှုမရှိနိုင်ပါဘူး။
ပန်းနဲ့ခတ်မယ့် စည်းရိုးခြံအတွက်...
ကျွန်မတို့စိုက်ခင်းတွေမှာ နယ်နိမိတ်တွေရှိကြမှာပါ။ တစ်ခြံနဲ့တစ်ခြံအကြား၊ ဒါမှမဟုတ် သီးနှံမတူတာတွေစိုက်ထားတဲ့ အကွက်တစ်ခုနဲ့ တစ်ခုကြားမှာ ချစ်တီးပန်းမျိုးစေ့တွေကို ၂ တန်း ၃ တန်းလောက် ကြဲထားလိုက်မယ်ဆိုရင် စည်းနယ်နိမိတ်တစ်ခုလည်းဖြစ်၊ သီးနှံအတွက်လည်း အကျိုးရှိ ၊ပုံမှန်လုပ်နေကြ ခြံစည်းရိုးတွေလိုမဟုတ်တော့ မြင်ရသူအဖို့ မိမိဥယျာဉ်ခြံလေးက စိတ်ချမ်းသာစေမှာပါ။ ဒီလို မတူညီတဲ့သီးနှံစိုက်ခင်းတွေအကြားမှာ သဘာဝစည်းရိုးလေးတွေ ထားပေးသင့်ပါတယ်။ တစ်ခြားခြံက အင်းဆက်ပိုးမွှားတွေ ကိုယ့်ခြံထဲရောက်မလာစေဖို့ နည်းလမ်းကောင်းတစ်ခုလည်း ဖြစ်ပါတယ်။
ကဲ..ခုပဲ ချစ်တီးပန်းမျိုးစေ့လေးတွေ စိုက်ခင်းထဲကနေရာလွတ်တွေမှာ လိုက်ကြဲလိုက်ကြပါစို့။
သိမ့်ဇာ
Reference - https://homeguides.sfgate.com/plant-marigolds-vegetable-gardens-53427.html
How to Plant Marigolds in Vegetable Gardens
Written by Susan Lundman; Updated December 15, 2018
Kaung Myat Htoo
လွန်ခဲ့သော ၅ လ ကဆိုးကျိုးတွေ ဘာတေွဖြစ်နိုင်လဲ
April
လွန်ခဲ့သော ၅ နှစ် ကအိုးနဲ့စိုက်လို့ရလားရှင့် မြေရွေးသေးလား မြေချဉ်မြေငံရွေးလားရှင့်
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from သိမ့်ဇာ
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....