အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
တီကျစ်စာသုံး ကောင်းကျိုး ဆိုးကျိုး

တီကျစ်စာသုံး ကောင်းကျိုး ဆိုးကျိုး

Htunn Winn Kyaw
Htunn Winn Kyaw • Greenovator • 04/02/2019

ကောင်းသောနေ့လေးဖြစ်ပါစေ

ဒီကနေ့ တင်ဆက်ပေးမဲ့အကြောင်းကတော့ တီကျစ်စာကို သုံးစွဲခြင်းကနေ ရနိုင်တဲ့ အကျိုးကျေးဇူးနှင့် ရှိတတ်တဲ့ တစ်ချို့အချက်တွေကို တင်ဆက်ပေးသွားပါမယ်။

အကျိုးကျေးဇူးတွေ

၁) မြေကိုကောင်းလာစေတယ်။ မြေထဲမှာရှိတဲ့ အများလို အာဟာရတွေကို ၅ ကနေ ၁၁ ရာခိုင်နှုန်းထိ တိုးတက်လာစေပါတယ်။ ရေထိန်းအားကိုလည်း တိုးတက်ကောင်းမွန်စေပါသည်။

၂) အပင်ကြီးထွားမှုနဲ့ အထွက်နှုန်းကိုလည်း တိုးတက်ကောင်းမွန်လာစေပါတယ်။ အပင်တွေကနေ အာဟာရတွေကို ပိုမိုစုပ်ယူနိုင်တာကြောင့် အပင်ကြီးထွားမှုကို တိုးတက်စေပြီးတော့ အထွက်ကိုလည်း တိုးတက်ကောင်းမွန်လာစေပါတယ်။ 

၃) ရောဂါဒဏ်တွေကို ခံနိုင်ပါတယ်။ မျိုးစေ့ မှာ ကပ်နေတတ်တဲ့ ရောဂါဖြစ်စေတဲ့ သက်ရှိတွေကြောင့် ဖြစ်တဲ့ ပင်ညိုး ရောဂါကို ကာကွယ်နိုင်ပါတယ်။ 

ကောင်းကျိုးတွေကတော့ ပြီးသွားတဲ့အခါကျတော့ ဆိုးကျိုးလေးတွေလည်း ရှိသေးတာမို့ ထပ်ပြီးတော့ ပြောပြပါမယ်။

ဆိုးကျိုးများ

၁) အချိန်ယူရတယ်။ ထုတ်လုပ်ဖို့ အချိန်က (၆)လလောက်ကြာပါမယ်။ စမွေးတာကနေပြီးတော့ မြေကြီးထဲထည့်နိုင်ဖို့အတွက် စောင့်ရတဲ့အချိန်ပါ။ ဒါကတော့ ပြောပလောက်တဲ့ အချက်တော့လည်း မဟုတ်ပါဘူး။ အနည်းဆို (၃) လကနေ (၆) လအထိကြာပါတယ်။ 

၂) အနံ့၊ တစ်ချို့ကတော့ အဲ့အနံ့ကိုကြိုက်ကြတယ်။ တစ်ချို့ကတော့ မကြိုက်ကြပါဘူး။ ကွင်းထဲမှာပဲ တီကျစ်စာကန်လုပ်လိုက်တာဆို အဆင်ပြေသွားမှာပါ။ အနံ့ရနိုင်တာကတော့ ဆိုးကျိုးတစ်ချက်လို့ ပြောထားပါတယ်။

၃) ပိုးမွှားရောဂါတွေ၊ ဟုတ်ပါတယ်။ အနံ့ရတဲ့ အခါကျတော့ ယင်ကောင်လိုမျိုး ဂျပိုးလိုမျိုး အင်းဆက်လေးတွေပေါက်ဖွားရာနေရာဖြစ်နိုင်ပါတယ်။ 

၄) မြေဆီထုတ်ရတာ နည်းနည်းတော့ကသီလင်တ ဖြစ်ပါတယ်။ တစ်ခေါက်နဲ့ တစ်ခေါက်ကလည်း တီလေးတွေပွားများလာတာနဲ့၊ အပူချိန်နဲ့လိုက်ပြီးတော့ ပြောင်းလဲနေတာဖြစ်ပါတယ်။ ဒီအချက်ကတော့ လုပ်နေကြလူဖြစ်သွားတယ်ဆိုရင် အဆင်ပြသွားမှာပါ

အဲ့တော့ တီကျစ်စာ ထုတ်လုပ်တယ်ဆိုရင်တော့ ဒီအချက်လေးတွေကို သတိထားရမှာပါနော်။ 

လုပ်ငန်းစီးပွားများ အဆင်ပြေကြပါစေ။

Htunn Win Kyaw

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

ကိုသု

ကိုသု

လွန်ခဲ့သော ၂ နှစ် က

တိကောင်ဘယ်လိုမွေးမြူရလဲအရပ်ဒေသမှာရှိတဲတိကောင်ကိုမွေးလို့ရလား

You

ဆက်စပ်မေးခွန်းများ

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

လိူင်စိုး • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။