အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စိုက်ပျိုးရေးကကြီးခခွေး ၁

စိုက်ပျိုးရေးကကြီးခခွေး ၁

Ko Ye Linn Oo
Ko Ye Linn Oo • 15/01/2018

စိုက်တယ်ဆို ကတည်းကတော့ အပင် ကိုပဲစိုက်ရမှာပါ။ အပင်ဆိုတဲ့နေရာ မှာတော့ မျက်စိနဲ့ မမြင်ရတဲ့မှို ကစညောင်ပင်လို အပင်ကြီးတွေ အဆုံးအားလုံးပါ ပါတယ်။ ဒါပေမယ့် အင်္ဂလိပ်လို Agriculture ဆိုရင်တော့ မွေးမြူရေး (ကြက်၊ ဝက်၊ ဆိတ်၊ နွားကစလို့) အားလုံးပါပါတယ်။ ကျနော်တို့ မြန်မာပြည်မှာတော့ စိုက်ပျိုးရေးဆိုရင် စပါး၊ ကောက်ပဲသီးနှံ၊ ဟင်းသီးဟင်းရွက် အပင်တွေ စိုက်တာတွေကိုပဲ မျက်စိထဲ တစ်ခါတည်းမြင်မိကြမှာပါ။ အပင်ဘယ်နှမျိုး ရှိသလဲလို့မေးရင် အဖြေက အမျိုးမျိုးဖြစ်လာ ပါလိမ့်မယ်။ အားလုံးသူ့ဟာ သူတော့ မှန်ပါလိမ့်မယ်။ ဒါပေမယ့် အခြေခံအကျဆုံး အနေနဲ့ ၂ မျိုးပဲအရင်ခွဲ ကြည့်ရအောင်။ ဘယ်လို ၂ မျိုးခွဲမလဲဆိုတော့ “ စေ့ရွက်တည်း “ နှင့် “စေ့ရွက်စုံ “ ပါ။
စေ့ရွက်တည်းက ဘာတွေလဲဆိုတော့ စပါး၊ ပြောင်း၊ ထန်းတို့လိုအပင်တွေပါ။

ဘာကြောင့် စေ့ရွက်တည်းလို့ ခေါ်တာလဲ ? ။ ရှင်းပါတယ် အစေ့ရွက် တစ်ရွက်တည်းရှိလို့ပါ။ စပါးတို့ ပြောင်းဖူးပင်တို့စိုက်ရင် စပြီးအညှောက်ပေါက်ရင် ဘယ်လိုပေါက်လာတယ်ဆိုတာ သတိထားမိသလား။ ရှည်မျောမျော အရွက်လေးတစ်ရွက်တည်း ထောင်တက်လာတာပါ။

စေ့ရွက်စုံပင်တွေကတော့ ဗူး၊ ဖရုံတို့လိုပဲပင်တွေလို ပြီးတော့ကျွန်း ၊ ပျဉ်းကတိုးတို့လိုအပင်တွေပါ။ အကောင်းဆုံးဥပမာကတော့ ကျနော်တို့ စားနေကြ ပဲပင်ပေါက်ကိုပဲကြည့်ပါ။ အညှောက်ပေါက်လာတာနဲ့ စေ့ရွက် တစ်စုံ ( ၂ ခု) ဟာ လိပ်ပြာတောင်ပံလေး ဖြန့်ထားသလို ကွဲကွာသွားပြီး မြေကြီးပေါ်တက်လာပါတယ်။

ဟုတ်ပါပြီစေ့ရွက်တည်းပင်တွေက အညှောက်ပေါက်ရင် အစေ့ရွက်တွေ ကမြေပေါ် တက်မလာဘူး၊ ရွက်ကြောလေးတွေက အပြိုင်ဖြစ်နေတယ်၊ ရေသောက်မြစ် ဘယ်တော့မှ မဆင်းဘူး မြစ်မွှာတွေပဲရှိတယ်။ ဒါပေမယ့်စေ့ရွက်စုံ ကတော့ အညှောက်ပေါက်တာနဲ့ အစေ့ရွက် မြေပေါ်တက်လာတယ်၊ ရွက်ကြောလေးတွေက ကွန်ရက်လို ယှက်နေမယ်၊ ရေသောက်မြစ်မကြီးဆင်းမယ်၊ သစ်သားထွက်တယ်။ ဒါတွေကတော့ ကျနော်တို့ မျက်စိရှေ့မှာမြင်ရတဲ့ ဘယ်လို အပင်မဆို အခြေခံ အကျဆုံးခွဲခြားကြည့်တာပါ။ ဒီနေ့ ကမ္ဘာမှာ လူတွေအဓိက စားနေတဲ့ စပါး၊ ဂျုံ၊ ပြောင်းတွေ ဟာစေ့ရွက်တည်းတွေ (နှံစားသီးနှံ cereals လို့ခြံုငုံခေါ်ပါတယ်) ဖြစ်ပြီးတော့ ဟင်းသီးဟင်းရွက် တွေအားလုံး နီးပါးဟာ စေ့ရွက်စုံတွေပါ။ အလွယ်မှတ်ရရင် ထမင်းပန်းကန် ထဲကစေ့ရွက်တည်း၊ ဟင်းပန်းကန်ထဲက ဟာတွေကစေ့ရွက်စုံပါ။

ကဲဒါဆိုစိုက်ပျိုးရေး ရှူထောင့်က ပြန်ကြည့်ရအောင်။ မြန်မာပြည်မှာ စေ့ရွက်တည်းပင်ကို အဓိကစိုက်တဲ့ တောင်သူနဲ့ စေ့ရွက်စုံပင်ကို အဓိကစိုက်တဲ့ တောင်သူ ဘယ်သူပိုများမယ် ထင်ပါသလဲ။ အဲဒီနှစ်မျိုးကိုစိုက်တော့ မယ်ဆိုပါတော့ စိုက်ပျိုးတာက နေရိတ်သိမ်းတဲ့ အထိ ဘာတွေကွာသွားမလဲ။ ပဲပင်၊ ဖရုံပင်တွေ ကိုသေချာပြင် မထားတဲ့ မြေပေါ်စိုက်ရင် မြေခဲတွေပိနေပြီး အစေ့ရွက် အပေါ်ထောင်မတက်လာနိုင်လို့ အပင်မပေါက်လာ နိုင်တာတွေ ပုပ်သွားတာ မျိုးတွေ တွေ့ရမှာပါ။ ဒါပေမယ့် စပါးတို့ ပြောင်းဖူးတို့ကတော့ အဲလိုပြဿနာသိပ်မရှိလှ ပါဘူး။ စပါး ၁ ဧကစိုက်တာနဲ့ ပဲ ၁ ဧကစိုက်တာ ဂရုစိုက်ရတာ၊ လုပ်အားလိုအပ်ချက် မတူနိုင်ပါဘူး။ ရှိသမျှ အပင်တွေအားလုံးကို အဲလို မနှိုင်းယှဉ်နိုင်ပါဘူး။ ဒီနေရာမှာ အဓိကပြောချင်တာကတော့ အခြေခံအကျဆုံးအပင်အမျိုးအစား ၂ မျိုးအကြောင်းပါ။ စေ့ရွက်တည်းပင်တွေ (စပါး၊ဂျုံ၊ ပြောင်း) ကိုလယ်ပြင်၊ ယာပြင်ကျယ်ကျယ် မှာတကွင်းတစပ်တည်း စိုက်လေ့ရှိပြီး စေ့ရွက်စုံတွေ ကိုတော့ အိတ်ထဲ၊ အိုးထဲတစ်ပင် နှစ်ပင် စိုက်တာကစ ပြီးဖြစ်နိုင်ပါတယ်။ စေ့ရွက်ထည်းပင်တွေ (စပါး၊ဂျံု၊ ပြောင်း) အကြောင်းလေ့လာတဲ့ဘာသာရပ်ကိုတော့ (Agronomy) လို့ခေါ်ပြီးစေ့ရွက်စုံတွေ (ဟင်းသီးဟင်းရွက်၊ ဥယျဉ်ခြံသီးပင်) တွေကိုလေ့လာတဲ့ဘာသာရပ်ကတော့ ( Horticulture) ထဲအကျံုးဝင်ပါတယ်။
 

ရဲလင်းဦး

You

ဆက်စပ်မေးခွန်းများ

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

လိူင်စိုး • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။