အပင်များကို ကိုင်းဖြတ်ခြင်း၊ ခေါင်နှိမ်ခြင်း
အပင်များကို ကိုင်းဖြတ်ခြင်း၊ ခေါင်နှိမ်ခြင်းသည် စိုက်ပျိုးတောင်သူများ လုပ်လေ့ရှိသော အလေ့ အထ တစ်ခု ဖြစ်ပါသည်။ ပုံမှန်အားဖြင့် အပင်များကို မိမိတို့ လိုချင်သော ပုံသွန်းခြင်း၊ အညွန့်ပို ထွက်စေလိုခြင်း စသည့် အချိန်များတွင် လုပ်လေ့ရှိကြသည်။ ဥပမာ-ရေကန်စွန်းသည် အရွက်ကို ဆွတ်ခူးရသော အပင်ဖြစ်သောကြောင့် အရွက်များများ ထွက်လေလေ ပိုကောင်းလေ ဖြစ်သည်။ ထို့ကြောင့် ကန်စွန်းညွန့် များများ ထွက်စေရန် ခေါင်ညွန့်ကို ဆိတ်လေ့ရှိကြသည်။ လက်ဖက်၊ ကော်ဖီ သော နှစ်ရှည်ပင်များကို လည်းခေါင်နှိမ်လေ့ ရှိကြသည်။ ခေါင်နှိမ်လျှင် ဘေးတက်များ ပို ထွက်လာကြောင်း အားလုံး အသိပင် ဖြစ်သည်။ ထိုဖြစ်စဉ်၏ အခြေခံ သဘောကို ခေါင်ညွန့် လွမ်းမိုးမှု (apical dominance) ဟုခေါ်သည်။
သဘာဝအားဖြင့် အပင်တစ်ပင်၏ ခေါင်ညွန့်များတွင် အောက်ဇင် (auxin) ဟုခေါ်သော ဟိုမုန်းများကို ထုတ်ပေး ပြီးခေါင်ညွန့်၏ အထက်သို့ ဦးတည်သော ကြီးထွား ဖွံ့ဖြိုးမှုကို အားပေးသည်။ တချိန်တည်းမှာပင် ထိုဟိုမုန်းသည် ဘေးတက်ဖူးများ မဖွံ့ဖြိုးအောင် တားဆီး ထားသဖြင့် ဘေးတက်များ၊ ဘေးဖူးများမှာ မြုံနေသော အခြေအနေဖြင့်သာ ရှိနေသည်။
အကယ်၍ အကြောင်း တစ်စုံတစ်ရာကြောင့် ခေါင်ညွန့် မရှိတော့လျင် ဟိုမုန်း ထုတ်လုပ်မှုပါ မရှိတော့သဖြင့် အောက်ဖက် ရှိဘေးတက်၊ ဘေးဖူးများ စတင် ဖွံ့ဖြိုးလာသည်။ ထိုသို့ဘေးဖူးများ ဖွံ့ဖြိုးလာရာတွင်လည်း အပေါ်ဆုံးဘေးတက်မှ အစဉ်လိုက် ဖွံ့ဖြိုးလာမည် ဖြစ်သည်။ အပေါ် ဆုံးဘေးတက်သည် အညွန့်အဖြစ် ဖွံ့ဖြိုး လာသည်နှင့်အမျှ အောက်ဇင် ထုတ်လုပ်မှု မြင့်တက်လာပြီး အခြားကြားဖူးများ ဖွံ့ဖြိုးမှုကို စတင် တားဆီး လာပါတော့သည်။ ဤသို့ဖြင့် အပေါ်ဆုံးဘေးတက် ၃-၄ ဖွံ့ဖြိုး လာသည်နှင့် အောက်ဖက် ရှိဘေးတက်များကို စတင် တားဆီးလာမည် ဖြစ်သည်။ ဖရဲ၊ သခွါးမွှေးနှင့် စပျစ် ကဲ့သို့ သီးနှံများတွင် ခေါင်နှိမ် ရမည့်နေရာ၊ အချိန်တို့သည် အလွန် အရေးကြီးသည်။ သရက် ကဲ့သို့ ဘေးတက် အဝန်းလိုက် စုပြုံထွက်သော အပင်များတွင်မူ အဝန်းလိုက် ထွက်သဖြင့် ၁-၂ ဆစ်မှသာ ဘေးတက်များ ထွက်လာတတ်သည်။
အထက်ပါ ခေါင်ညွန့် လွှမ်းမိုးမှုသည် ပန်းမာလာများ၊ နှစ်ရှည် သီးနှံများ၊ အလှ စိုက်ပင်များတွင် အပင် ပုံစံ တည်ဆောက်မှုတွင် များစွာ အရေးပါသည်။ ဝါသနာ အလျောက် စိုက်ပျိုးသူများ အတွေ့အကြုံ မရှိသော စိုက်ပျိုးသူများ အဖို့ ခေါင်နှိမ်ခြင်း ပြုလုပ်ရန် မဝံ့မရဲ ဖြစ်တတ်ကြသည်။ တန်ဖိုးကြီးသော အပင်များ ရှားပါး အပင်များဖြစ်လျင် ခေါင်နှိမ်ရန် ပို၍ပင် ဝန်လေး တတ်ကြပါသည်။ ကျွန်တော် ချင်းပြည်နယ်တွင် အလုပ်လုပ်စဉ်က အတွေ့အကြံု တစ်ချို့ကို ပြန်ပြောင်းဖောက်သည်ချရလျင် လက်ဖက်ကို ၂၀၀၀ ပြည့်လွန်နှစ် များကတည်းက စီမံကိန်းချ စိုက်ပျိုးခဲ့ကြပါသည်။ ရာသီ ဥတုလည်း သင့်တော်သဖြင့် လက်ဖက်ပင်များ ရှင်သန် ဖြစ်ထွန်းကြ ပါသည်။ သို့သော် အချို့ ရွာများတွင် လက်ဖက်ခင်းကို သွားကြည့်လျင် ၁၅ ပေ ၂၀ ပေခန့် မြင့်ပြီးခေါင်ညွန့် ၁ ညွန့်သာ ရှိသော လက်ဖက်ပင်များ ကိုတွေ့ရတတ်သည်။ ကျွန်တော့်တာဝန်တစ်ခု မှာကျေးရွာ စိုက်ပျိုးရေး အကျိုးဆောင်များကို သင်တန်းပေးရခြင်း ဖြစ်သည်။ ထိုအကျိုးဆောင်ဆိုသူ များမှာလည်း အများအားဖြင့် ကျွန်တော်မိဘများနဲ့ပါ သိကျွမ်း ရင်းနှီးကြသူများ ဖြစ်ကြသဖြင့် ကျွန်တော် အနေဖြင့် အားမနာ ပါးမနာပြောဆိုနိုင်သူများ ဖြစ်ကြသည်။ ထို့ကြောင့် ကျွန်တော် စီမံကိန်း ကျေးရွာများသို့ ရောက်လျှင် လုပ်လေ့ရှိသည်မှာ ဓါး တစ်လက်ယူပြီးတွေ့သမျှ လက်ဖက်ပင်များကို ဒူးဆစ်ခန့်မှ ခုတ်ပိုင်းခြင်း အလုပ်ပင် ဖြစ်သည်။ အစိုးရ စီမံကိန်းဖြင့် စိုက်ထားသော လက်ဖက်ပင်များကို အားရပါးရ ခုတ်လေ့ရှိသော ကျွန်တော့်ကို သူတို့ ဘာမှ မပြောသော်လည်း သူတို့ ကြည့်ရသည်မှာ စိတ်မသက်သာလှ။ ခေါင်ညွန့် လွှမ်းမိုးမှု (apical dominance) သဘောတရားကို ရှင်းပြရန် အချိန်မရှိတောင်သူများမှာ လက်တွေ့ မြင်ရမှ ယုံတတ်သည်မှာ သဘာဝ ဖြစ်သည်။ ထိုသို့ဖြင့် ကျွန်တော် လက်စွမ်းပြ ခုတ်ခဲ့သော လက်ဖက်ပင်များမှာ နောက် ၃- ၄ လ အကြာတွင် အညွန့်သစ် တလူလူဖြင့် လက်တွေ့ မြင်ရတော့သည်။ စိုက်ပျိုးရေး ဦးစီးထံံမှ စာတွေ့ သိခဲ့ရသော လက်ဖက်ခြောက်လှော်နည်းကို စမ်းသပ် ပြုလုပ်ခဲ့ရာ အတော် အသင့်ကောင်းသော လက်ဖက်ခြောက်ရသဖြင့် ကျွန်တော် အပျော်ကြီးပျော်ခဲ့ပါသည်။
သို့သော် ပြဿနာကား မပြီးသေး။ လက်ဖက်ခြောက်ကို စမ်းသောက်ပြီး ဆက်၍ လက်ဖက်ပင်ကို ဆက်ကိုင်းဖြတ်၊ လက်ဖက်ခြောက်လှော်ပြီး ကိုယ်တိုင်သောက်နိုင်ကြောင်း သက်သေ ပြနိုင်ခဲ့သော်လည်း သူတို့ ဆက်မလုပ်ခဲ့ပါ၊ ကျွန်တော် မအောင်မြင်ခဲ့ပါ။ ရွာတစ်ရွာတွင် အလွန် စည်ကားသော စင်ဖြင့် စပျစ်ပင်ကြီး တစ်ပင်ကို လည်းတွေ့ခဲ့ပါသည်။ (၇) နှစ်ကျော် သက်တမ်း ရှိသော်လည်း အသီး မသီးသဖြင့် ထုံးစံ အတိုင်း ဓါး တစ်လက်ဖြင့် လက်စွမ်း ပြခဲ့ပါသည်။ နောက် နှစ်နွေဦးရောက်သော အခါ အသီးခိုင် များစွာ သီးပြီး ကျွန်တော့် ကိုင်းဖြတ်ခြင်း လုပ်ငန်းအောင်မြင် ခဲ့ပါသည်။ လက်ဖက် အကြောင်းကို ပြန်ပြောရလျင် စီမံကိန်းများတွင် ရေရှည် တည့်တံ့ရေးကို စဉ်းစားရာတွင် ဒေသခံများ၏ နေ့စဉ် လူမှုဘဝ၊ ယဉ်ကျေးမှု၊ ထုံးတမ်းများကို ထည့်မတွက်ခဲ့ကြခြင်းများ ဖြစ်လေ့ရှိပါသည်။ လက်ဖက်ခြောက် ပြဿနာကား အခြား မဟုတ် ကျွန်တော်တို့ ချင်းတောင်တွင် လက်ဖက်ခြောက် ခပ်သောက်သည့် ဓလေ့ မရှိခြင်း ဖြစ်သည်။ ကျွန်တော့် လက်ဖြစ် လက်ဖက်ခြောက် ကိုရေနွေး တည်သောက် ကြသောအခါ ကျွန်တော့ စိုက်ပျိုးရေးအကျိုးဆောင် ပြောသည်မှာ လက်ဖက်သည် ဖန်သော အရသာရှိကြောင်း ဝမ်းချုပ်မည် စိုးသဖြင့် မသောက်ရဲကြောင်း ဖြစ်ပါတော့သည်။ ကျွန်တော်သည်လည်း ထိုအခါမှသာ သဘောပေါက် ပါတော့သည်။ ကိုယ်တိုင်ပင် လက်ဖက်ခြောက်ခပ် သောက်လေ့မရှိ အလှူ အတန်းပွဲများတွင်သာ တစ်ခါတရံ သောက်လေ့ရှိသည်။ လက်ဖက်သည် ချင်းပြည်နယ်တွင် ဓလေ့ မဟုတ် ရိုးရာမဟုတ် စိုက်ဆိုလို့သာ စိုက်ရသည်။ လက်ဖက် အဓိက စိုက်သော ရှမ်းပြည်နယ်တွင် လက်ဖက်ခြေက်သည် နေ့စဉ် ဘဝတွင် မပါမဖြစ်သည့် အရာတစ်ခု ဖြစ်သည်။ ခေါင်ညွန့် လွှမ်းမိုးမှုနှင့် မဆိုင်သော်လည်း နည်းစနစ် တစ်ခု၏ အောင်မြင်မှု အတွက် နေ့စဉ်လူမှု ဓလေ့များ၏ လွမ်းမိုးမှုကို တင်ပြလိုရင်း ဖြစ်ပါသည်။
ခေါင်ညွန့် လွှမ်းမိုးမှုသည် ကိုင်းဖြတ်ရခြင်း၏ အကြောင်းရင်း တစ်ခုဖြစ်ကြောင်း နားလည် သဘောပေါက်ပြီး မိမိ လိုအပ်သလို အပင်များကို ပြုစု ထိန်းသိမ်း ခြင်းဖြင့် သဘောတရား တစ်ခုကို လက်တွေ့ အသုံးချနိုင်ကြလိမ့်မည်ဟု မျှော်လင့်မိ ပါသည်။
ရဲလင်းဦး
aung myo htut
လွန်ခဲ့သော ၃ နှစ် ကဂန်နမာပန်းကို ဘယ်အရွယ်လောက်ဘယ်လိုနိုင်ပေးရပါသလဲ သားတက်များများထွက်ချင်လို့ပါဆရာ
awng zaw
လွန်ခဲ့သော ၅ နှစ် ကထောပတ်ပင် ကိုအပင်တစ်ဝက်တိတိ ဖြတ်ရင်အပင်သေနိုင်လားဆရာ။
ဆက်စပ်မေးခွန်းများ
မတ်ပဲနဲ့ပဲကီးခင်းထဲတွင် ရွေးချယ်ပေါင်းသတ်ဆေး ဘာဖျန်းရမလဲ သိရင် ပြောပေးပါ ဦးဗျ
Thura Htun • ဖြေကြားချက် 2 ခု
ငရုတ်ကောင်းမျိုး နိုင်ငံခြားမျိုးကောင်းရှိရင် ပြောပြပေး ကြပါ ဧရာဝတီတိုင်းပုသိမ်ဘက်ခြမ်းဆိုပိုအဆင်ပြေတယ်
စောလှထွန်း • ဖြေကြားချက် 1 ခု
စပါးအပင်တွင်းရှိတဲ့ဆစ်ပိုးကိုသေစေဖို့ဘာဆေးသုံးသင်လည်းဗျဆစ်ပိုးသေပီတော့အပင်ပြန်ပြည့်ဖို့အတွက်ဆစ်ပိုးကျတဲ့နေရာကိုပုလဲသုံးပီပက်ရင်ဆင်ပြေလား
ကိုမျိုး • ဖြေကြားချက် 2 ခု
မဂ်လာပါဗျခုနှစ်မှစမ်းစိုက်တဲ့ငရုတ်လေးမိုးများတော့သိပ်မကောင်းဘူးဖြစ်နေပါတယ်ဆရာမိုးတွင်းမစိုက်ပဲနွေရာသီမှာအစက်ချစနစ်နဲ့ခရမ်းချဉ်ဖြစ်ဖြစ်ငရုတ်ဖြစ်ဖြစ်အဆင်ပြေနိုင်လားမသိဘူးဖြစ်နေပါတယ်ရေသွင်းဖို့ကမြေကမညီဖြစ်နေပါတယ် 4/5လပိုင်းလောက်အပေါ်ဆိုနွေဒဏ်ကိုဘယ်သီးနှံကပို့သင့်တော်မလည်းဗျဆောင်းအပေါ်ဆိုကျနော်တို့ဘက်ဈေးသိပ်မရလို့ပါဗျကျေးဇူးတင်ပါတယ်ဗျ
naing lin • ဖြေကြားချက် 1 ခု
အစိမ်းလမ်း App ပေါ်ပါ ဈေးနှုန်းနှင့် ပြင်ပရောင်းဈေး လွဲမှားမှု၊ ဝန်ထမ်း၏ ဝန်ဆောင်မှုအဆင်မပြေမှုတို့အား တာဝန်ရှိသူများမှ ခိုင်လုံစွာ ရှင်းလင်းပေးရန် တောင်းဆိုခြင်း တာဝန်ရှိသူများ (အစိမ်းရောင်လမ်း - Green Way Myanmar) ကျနော်အစိမ်းရောင်လမ်း App ကို ပုံမှန်ကြည့်ရှုအသုံးပြုနေသူတစ်ဦး ဖြစ်ပါသည်။ ယနေ့ ၁၈ ရက် ၈ လ ၂၀၂၆ ရက်၊ မွန်းလွဲ ၂:၂၅ နာရီဝန်းကျင်တွင် App ပေါ်၌ ဖော်ပြထားသော မာလာမြိုင် မန်ကိုဇက် ၈၀% WP (၁ ကီလိုလျှင် ၂၀,၁၀၀ ကျပ်) ဈေးနှုန်းကို တွေ့ရှိ၍ ဖုန်းနံပါတ် 09-799993322 သို့ ဆက်သွယ်ဝယ်ယူခဲ့ပါသည်။ သို့သော် ဖုန်းဆက်သွယ်မေးမြန်းသည့်အခါတွင် - ၁။ ဈေးနှုန်းလွဲမှားမှု - App တွင် ဖော်ပြထားသည့် ဈေးနှုန်း (၂၀,၁၀၀ ကျပ်) နှင့်မတူဘဲ ဈေးနှုန်း သုံးသောင်းကျော် ဖြစ်နေခြင်း။ ၂။ ဝန်ထမ်း၏ ဝန်ဆောင်မှု ပေါ့ဆမှု - နောက်တစ်ကြိမ် ထပ်မံဆက်သွယ်ရာတွင် "မင်္ဂလာပါ မာလာမြိုင်ကပါ" ဟု ပြောပြီးနောက် "အစိမ်းရောင်လမ်းကပါ" ဟု အကြောင်းပြန်ပြောစဉ် ဖုန်းကို ရုတ်တရက် ဒီဇိုင်းအတင်း ချသွားခဲ့ခြင်း။ စသည့် အဆင်မပြေမှုများနှင့် ကြုံတွေ့ခဲ့ရပါသည်။ သုံးစွဲသူ တောင်သူထု/အသုံးပြုသူများဘက်မှ App ပေါ်တွင် တင်ထားသော အချက်အလက်များကို ယုံကြည်၍ ဆက်သွယ်ရခြင်း ဖြစ်သော်လည်း ကုမ္ပဏီ၏ အပြောနှင့်အလုပ် မညီညွတ်ခြင်း၊ ဝန်ထမ်းများ၏ မလေးမစား ပြုမူဆက်ဆံခြင်း၊ App ပေါ်တွင် ကိုက်ညီမှုမရှိသော သတင်းအချက်အလက်နှင့် ဈေးနှုန်းများ တင်ပြထားခြင်းတို့ကြောင့် များစွာ စိတ်ပျက်ရပါသည်။ သို့ပါ၍ ဤဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ရှိသူများအနေဖြင့် - App ပေါ်ပါ ဈေးနှုန်းနှင့် ပြင်ပရောင်းဈေး လွဲမှားနေရသည့် အကြောင်းအရင်း၊ ဝန်ထမ်း၏ မလျော်ကန်သော ပြောဆိုပြုမူမှုတို့နှင့် ပတ်သက်၍ ခိုင်လုံသော အချက်အလက်များဖြင့် စနစ်တကျ ပြန်လည်ရှင်းလင်း အကြောင်းပြန်ပေးပါရန် တောင်းဆိုအပ်ပါသည်။ အကယ်၍ ဤကိစ္စအား ထိရောက်စွာ အကြောင်းပြန် ရှင်းလင်းပေးခြင်း မရှိပါက ပလက်ဖောင်းအသုံးပြုသူများ နစ်နာမှုမရှိစေရန်အတွက် လူမှုကွန်ရက်စာမျက်နှာများ (Facebook / YouTube) တွင် အထောက်အထားများနှင့်တကွ တင်ပြအသိပေးသွားမည်ဖြစ်ကြောင်း အကြောင်းကြားအပ်ပါသည်။
TunThein • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
More from Ko Ye Linn Oo
အားလုံး