ဆေးထိုးစရင်းနဲ့ စိုက်ပျိုးရေးအချင်အတွယ်များ
ကိုယ်တိုင်လုပ် အပင်အားဆေး ပိုးသတ်ဆေးတွေအသုံးပြုလာကြတဲ့ အခါမှာတော့ အချင်အတွယ်က ပြောစရာတစ်ခုဖြစ်လာပါတယ်။ ၁၀ စီစီ ၂၀ စီစီ ၁၀၀ စီစီ စသည်ဖြင့် စီစီ ဆိုတဲ့ စကားလုံးကို ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ဘာနဲ့ချင်တွယ်ရမလဲဆိုတာ ရုတ်တရက်ဆို စဉ်းစားစရာတစ်ခုဖြစ်သွားပါတယ်။
ရေသန့်ဘူး အဖုံးတစ်ဖုံးလား
စားပွဲတင်ဇွန်းတစ်ဇွန်းလား
ဟင်းစားဇွန်းလား
လက်ဖက်စားဇွန်းလား
ဒီလို ခေါ်ဝေါ်သုံးစွဲနေကြတာတွေက တစ်ခါတစ်လေမှာ ဒွိဟဖြစ်စရာကောင်းပါတယ်။
ဆေးနှုန်းထားများသွားတာနဲ့ လောင်နိုင်တာတွေမို့ ပိုမိုတိကျတဲ့နည်းလမ်းလေးကို ရေးသားဖော်ပြလိုက်ရပါတယ်။
ကုန်ကျစရိတ်လည်းမများသလို ကိုယ်တီထွင်ကြံဆနိုင်သလောက်အသုံးဝင်စေမှာပါ။ ဒါကတော့ ဆေးထိုးစရင်း ပဲဖြစ်ပါတယ်။
ကျန်းမာရေးဆေးဆိုင်တွေမှာ ၂၅ စီစီ ဆေးထိုးစရင်းဆိုပြီး ပြောဝယ်ရင် ၂၅၀ ကျပ်လောက်ပဲရှိပါတယ်။
စရင်းမှာပါတဲ့ အရစ်လေးတွေအတိုင်း စုပ်ယူမယ်ဆို ၂၀ စီစီ အတိအကျကိုရရှိနိုင်မှာဖြစ်ပါတယ်။
ဆေးထိုးစရင်းတစ်ချောင်းနဲ့ ဆေးတိုင်းအတွက်တော့ ရောအသုံးမပြုသင့်ပါဘူး။ ဒါကြောင့် ကနဦးမှာ ရေကိုစုပ်ယူပြီး ရေသန့်ဘူးခွံ၊ အချိုရေဘူးခွံတွေထဲ ပမာဏမတူတဲ့ခွက်လေးတွေလုပ်လိုက်လို့ရပါတယ်။
ငါးအမိုင်နိုကိုတော့ ဒါနဲ့ချင်မယ်။ ဒါကတော့ လိုင်းဆလာအတွက် အစရှိသည်ဖြင့် ခွဲခြားမှတ်ထားလို့ရပါတယ်။
ကိုယ်လိုသလို အသုံးပြုလို့ရအောင် အရည်တွေကိုချင်တွယ်ရာမှာသုံးတဲ့ ဆက်သွယ်ချက်တွေကို ဖော်ပြပေးလိုက်ရပါတယ်။
စီစီ (cc) ဆိုတဲ့ စကားလုံးနဲ့ မယ်လ်(ml )ဆိုတဲ့ စကားလုံးက ပမာဏချင်းအတူတူပါပဲ။
1 cc = 1 ml
1 liter ( 1 လီတာ) ဓာတ်ဆားရေ သောက်တဲ့ ရေသန့်တစ်ဘူး= ၁၀၀၀ စီစီ
1 gallon ( 1 ဂါလံ) = ၄ ပုလင်း (ရေတစ်လီတာ ၄ ဘူး)
1 tablespoon (ထမင်းစားဇွန်း)= 14 ml
1 teaspoon (လက်ဖက်စားဇွန်း)= 5 ml
(ဇွန်းအရွယ်အစားတွေက နိုင်ငံအလိုက်တော့ ကွာခြားကြပါသေးတယ်။ ဒါကတော့ US အသုံးအနှုန်းတွေပဲဖြစ်ပါတယ်)
ဆေးထိုးစရင်းတစ်ချောင်းနဲ့ အလုပ်ဖြစ်ကြပါစေခင်ဗျာ။
တစ်ခုသတိထားရမှာကတော့ အသစ်ကိုသုံးဖို့ပါ။ ကျန်းမာရေးဆရာဝန်အသုံးပြုပြီးဖြစ်တဲ့ ဆေးထိုးစရင်းတွေကိုတော့ အသုံးမပြုရပါ။ မမြင်နိုင်တဲ့ရောဂါပိုးတွေကပ်ပါနိုင်ပါတယ်။ ဆိုင်ကနေ အသစ်တစ်ချောင်းကိုဝယ်သုံးပါနော်။ ဒီတစ်ချက်ကိုတော့ အထူးသတိထားပေးဖို့ မေတ္တာရပ်ခံလိုက်ရပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြလိုပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....