မှော်လိုအစွမ်းထက်တဲ့ ရှားစောင်းအမြစ်ထွက်ဟော်မုန်း
မှော်လိုအစွမ်းထက်တဲ့ ရှားစောင်းအမြစ်ထွက်ဟော်မုန်း
သစ်သီးဝလံ ပန်းမန်ပင်တွေ ကိုင်းကူး မျိုးပွားချင်သူတွေအတွက် မိုးရာသီလည်း ရောက်ပြီဖြစ်လို့ အမြစ်ထွက်မြန်မယ့် နည်းလမ်းလေးတစ်ခုကိုပြောပြချင်ပါတယ်။
ကိုင်းကူး ကိုင်းဆက် လုပ်ရင်ပဲဖြစ်ဖြစ် ကိုင်းဖြတ်ပြီး စိုက်ရင်ပဲဖြစ်ဖြစ် ဒီရာသီက အသင့်တော်ဆုံးရာသီပါ။ ဒါပေမယ့် နည်းလမ်းမမှန်လို့ အမြစ်ထွက်မမြန်ရင်တော့ အောင်မြင်မှာမဟုတ်ပါဘူး။ အမြစ်ထွက်ဟော်မုန်းပြုလုပ်နည်းတွေများစွာ ရှိတဲ့အထဲကမှ ကျွန်မတို့ပတ်ဝန်းကျင်မှာလွယ်လွယ်ကူကူတွေ့ရပြီး ထိရောက်မှုရှိတဲ့ အမြစ်ထွက်မြန်အောင်လုပ်နည်းလေးကို ပြောပြချင်ပါတယ်။ လိုအပ်တဲ့ပစ္စည်းကတော့ ရှားစောင်လက်ပတ်တစ်မျိုးထဲပါ။
နည်းလမ်း ၁
-
ရှားစောင်းလတ်ပတ်အသားကိုထုတ်ယူပြီး ပျိုးထုပ်မြေနဲ့ ရောနှောစိုက်ပျိုးမယ်ဆိုရင်တော့ ဘာမှမထည့်ဘဲ ပျိုးထောင်တာထက် ပိုတဲ့အကျိုးကျေးဇူးကိုမြင်တွေ့နိုင်မှာဖြစ်ပါတယ်။
နည်းလမ်း ၂
-
ဒါမှမဟုတ် ပျိုးထောင်မယ့်အကိုင်းကို ရှားစောင်းရွက်နဲ့ ထိုးစိုက်ပြီးမှ ပျိုးအိပ်ထဲမှာ ပျိုးထောင်နိုင်ပါတယ်။
-
အရွက်တွေအကုန်ဖယ်လိုက်ပြီး သစ်ကိုင်းအရိုးလေးမှာ ရှားစောင်းရွက်လေးကို ထိုးစိုက်လိုက်ပါ။
-
ပြီးရင်တော့ ပျိုးအိတ်ထဲမှာ ပျိုးထောင်နေကြအတိုင်း မြေဆွေး သဲ ရေ တို့ကိုအချိုးကျရောစပ်ပြီး ပျိုးထောင်နိုင်ပါပြီ။
-
ပျိုးထုပ်ရဲ့အပေါ်ကနေ ပလပ်စတစ်အိတ်နဲ့အုပ်ထားလိုက်ပြီး မိုးလုံ ၊လေလုံပြုလုပ်ပေးဖို့လည်း လိုပါသေးတယ်။
နည်းလမ်း ၃
-
ရှားစောင်းအရွက်ထဲက ဂျယ်အနှစ်တွေကိုထုတ်ပြီး ဇွန်းနဲ့ချေပါ။ ချေရတာလွယ်ကူအောင် ရေအနည်းငယ် သုံးလို့ရပါတယ်။ ပျိုးထောင်ချင်တဲ့ကိုင်းကို ဂျယ်အနှစ်တွေထဲမှာ လူးနယ်ပြီး စိုက်ပါ။ဒီလိုနည်းလမ်းသုံးလို့ရပါတယ်။
ကိုင်းဖြတ်စိုက်တဲ့အခါ ခဲတံလုံးလောက်အရွယ်တွေက အဆင်အပြေဆုံးပါ။ တည့်တည့်ကြီးမဖြတ်ဘဲ ခပ်စောင်းစောင်းလေး ဖြတ်ဖို့လည်မမေ့ပါနဲ့။
ဒါဆိုရင်တော့ အမြစ်ထွက်ဖို့စိတ်ချရတဲ့ ပျိုးပင်ကိုရရှိမှာပါ။ဒီနည်းလမ်းက အမြစ်ထွက်ဓာတု ဆေးမှုန့်တွေအသုံးမပြုဘဲ ထိရောက်တဲ့အကျိုးအာနိသင်ကို ရရှိနိုင်ပါတယ်။ ရှားစောင်းလတ်ပတ်ကိုသုံးပြီး အောင်မြင်တဲ့ပျိုးပင်ပေါက်တွေ ရရှိပိုင်ဆိုင် နိုင်ပါပြီ။
သိမ့်ဇာဇာအောင်
ကိုးကားချက်များ
-https://www.youtube.com/watch?v=KEhFBep7BTo
https://www.chronicle.co.zw/agriculture-column-aloe-vera-an-agricultural-option/
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from သိမ့်ဇာ
အားလုံး