ပင်ကြွင်းပင်ကျန်များကို အသုံးပြုပြီး စိုက်နိုင်တဲ့ မှိုရဲ့ အကျိုးသက်ရောက်မှုများ
မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာ မှို အပိုင်း (၆၁)
အင်အော်ဂဲနစ်ဓာတ်မြေသြဇာ သုံးစွဲနှုန်းလျှော့ချပြီး ကုန်ကျစရိတ်သက်သာသည့် ဇီဝနှိုးဆွတီမြေဆွေး၊ မြေဆွေးများအစားထိုး (သို့မဟုတ်) ဖြည့်စွက်အသုံးပြုခြင်း (၁၃)
စားမှိုစိုက်ခြင်းသည် ပတ်ဝန်းကျင်ညစ်ညမ်းစေသော ပင်ကြွင်းပင်ကျန်များ အလေအလွင့်များကို လျှော့ချသည့်နည်းဖြစ်သည် ။
ဘိုင်အိုကွန်ဗားရှင်း (ဇီဝဆိုင်ရာပြောင်းလဲမှုဖြစ်စဥ်) ဆိုသည်မှာ
ဇီဝဆိုင်ရာ ပြောင်းလဲမှုဖြစ်စဥ် ဘိုင်အိုကွန်ဗားရှင်းဆိုသည်မှာ အပင်အကြွင်းအကျန်၊ တိရစ္ဆာန်အညစ်အကြေးစသော အော်ဂဲနစ်ပစ္စည်းများမှ မြေနေသက်ရှိများ၏ ဇီဝကမ္မပြောင်းလဲမှုအကူအညီဖြင့် တန်ဖိုးမြင့်ပစ္စည်းများ၊ ထုတ်ကုန်များနှင့် စွမ်းအင်များရရှိသော ဖြစ်စဥ်တစ်ခုဖြစ်သည်။ တန်ဖိုးဖြည့်အသုံးချခြင်းတွင် တန်ဖိုးမြင့်ပစ္စည်းများ ဇီဝနှိုးဆွအစိတ်အပိုင်များ ( ခိုက်တင်၊ ဟူးမစ်ပစ္စည်းများ၊ ပရိုတင်း၊ အကျိုးပြုသက်ရှိများ) နှင့် ဇီဝဆိုင်ရာပြောင်းလဲလာသောမြေဆွေးများ ( တီကောင်များ၊ တီမြေဆွေး) များ ပါဝင်သည်။ စားမှိုနှင့် မှိုစိုက်ပြီး ပွားစာဟောင်း/ ပွားစာဆွေးများသည် အော်ဂဲနစ်ပစ္စည်းများ၏ ဇီဝဆိုင်ရာ ပြောင်းလဲမှုမှ ရရှိသည်။
မှိုစိုက်တောင်သူများအတွက် လွယ်ကူရိုးရှင်းသော ဘိုင်အိုကွန်ဗားရှင်း(ဇီဝဆိုင်ရာပြောင်းလဲမှု) ဆိုသည်မှာ
အထက်ဖော်ပြပါ ဇီဝဆိုင်ရာပြောင်းလဲမှုကို တောင်သူများ၊ မှိုစိုက်တောင်သူများအတွက် လွယ်ကူရိုးရှင်သော အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်မှာ အပင်အကြွင်းအကျန်၊ လစ်နင်ပစ္စည်းများပါသော အမှိုက်သရိုက်များ (Lignocellulosic waste) တိရစ္ဆာန်အညစ်အကြေးများ စနစ်တကျရောစပ်ထားသောပွားစာတွင် စားမှိုအမျိုးမျိုး၏ မျိုးစများထည့်မွေးသည်။ ထွက်ကုန်အဖြစ် အာဟာရတန်ဖိုးမြင့်၊ ဆေးဖက်ဝင်စားမှိုများ ရလာသည်။ တစ်နည်းအားဖြင့်ပြောရပါလျှင် မှိုစိုက်ပျိုးခြင်းသည် စားသုံးသူအကြိုက် လွယ်ကူသော အာဟာရဇောင်းပေးသည့် ခေတ်မီစိုက်ပျိုးရေး ဖြစ်သည်။ လွယ်ကူရိုးရှင်းသောမှိုစိုက်ခြင်း အနုပညာသည် အဆင့်မြင့်လေလာမှုဖြစ်သော ဘိုင်အိုကွန်ဗားရှင်း ဇီဝဆိုင်ရာပြောင်းလဲမှုဖြစ်စဥ်များအနက် အရေးကြီး သော အခန်းကဏ္ဍအစိတ်အပိုင်းတစ်ခုအဖြစ်ပါဝင်သည်။
စားမှိုစိုက်ပျိုးရေး၏ ဇီဝဆိုင်ရာပြောင်းလဲမှုသည် မှိုတစ်ခါထွက်၊ တစ်ခါထုတ်မှသာ ပြီးဆုံးသွားသော စိုက်ပျိုးရေး မဟုတ်ပါ။ တစ်ပတ်လည် စိုက်ပျိုးရေးကွင်းဆက်အဖြစ် မှိုစိုက်ပြီးကျန်သော ပွားစာဟောင်းများသည် မှိုစိုက်စဥ်သုံးသော အာဟာရဖြည့် ပစ္စည်းများအပေါ်မူတည်ပြီး ဇီဝမြေသြဇာအဖြစ်သုံးနိုင်ခြင်းဖြစ်သည်။ ပညာရှင်နှင့်တောင်သူကွာဟချက် စိန်ခေါ်မှုများ ရှိနေသေးသည်။ မှိုတောင်သူ၏အတွေ့အကြုံများအခြေခံပြီး ခေတ်နှင့်အညီတိုးတက်လာသော စိုက်ပျိုးရေးနည်းပညာများ၊ အသုံးချမှုတွေ့ရှိချက်များစွာနှင့် ပေါင်းစပ်ဆောင်ရွက်ရန်လိုအပ်သည်။ လက်တွေ့စားမှိုစိုက်ပျိုးရေး တန်ဖိုးမြင့်လာစေရန် မှိုအကြောင်းနားလည်ပြီး မှိုကို ကျန်းမာရေးရှုထောင့်ဖြင့်လည်း စားသုံးတတ် လာကြရန် ပညာပေးဖြန့်ဝေရန်လည်းအရေးကြီးပါသည်။
မှိုကို ကျန်းမာရေးဖြည့်စွက်စာအဖြစ် ဘာကြောင့် စားကြတာလဲ?

မှိုကို ဖြည့်စွက်စာအဖြစ် စားကြသည်မှာ
- ၁။ မှိုသည်ပရိုတင်း အရင်းအမြစ်တစ်ခုဖြစ်သည်။ စားမှိုတွင်ပါဝင်သော ပရိုတင်းသည် ကျန်းမာရေးအကျိုး ပြုမှုများသည်။ အာဟာရ တန်ဖိုးမြင့်သည်။
- ၂။ အဆီနည်းသည်၊ အမျှင်များသည်။
- ၃။ အချဥ်ဖောက်ထားသော ပွားစာ၏ ဇီဝဆိုင်ရာပြောင်းလဲမှုမှထွက်သော တန်ဖိုးမြင့်ထွက်ကုန် ဖြစ်သည်။
- ၄။ ကျန်းမာရေးအကျိုးပြုမှုများသည်။
- ၅။ ဖြည့်စွက်စာပစ္စည်းဖြစ်သည်။ ရောဂါများခံနိုင်ရည်ရှိသော ဆန့်ကျင်သတ္တိရှိသည်။ (Ayimbila and Keawsompong 2023)
ဘာကြောင့် စားမှိုများနှင့် မှိုစိုက်ပြီးပွားစာကျန်များတွင် ဇီဝဆိုင်ရာ အရည်အသွေးမျာကွဲပြားရတာလဲ

မှိုစိုက်မည့် ပွားစာအမျိုးအစား၊ ပွားစာစပ်သော ပစ္စည်းအချိုးအစားပေါ်မူတည်ပြီး ပွားစာများ၏ ဇီဝဆိုင်ရာ အရည်အသွေးများ သက်ရှိများစွာလှုပ်ရှားမှု၊ ဇီဝဆိုင်ရာအကျိုးသက်ရောက်မှု (Biological efficiency) ကွဲပြားသည်။ ကောက်ရိုးမှိုကို ဆွေးမြည့်ပွားစာတွင် စိုက်ပျိုးသည်။ ငွေမိုးမှိုကိုမူ မဆွေးမြည့်ပွားစာတွင် စိုက်ပျိုးသည်။ အထူးသဖြင့် ကောက်ရိုးမှိုစိုက်မည့် ပွားစာ၏ စီအမ်အချိုးသည် ၄ဝ–၆ဝ : ၁ ဖြစ်ရမည်။ ငွေမိုးမှိုစိုက်မည့် ပွားစာ၏ စီအမ်အချိုးသည် ၄၅–၆ဝ : ၁ ဖြစ်ရမည်။ အသုံးပြုဖြည့်စွက် ပစ္စည်းများဖြစ်သော ဆားခါး၊ ကျောက်မှုန့် နှင့် ထုံးကျောက်များသည် မှိုမျှင်ကြီးထွားမှုနှင့် မှိုငုံများဖြစ်ရန် လိုအပ်သည် (Huang S et al., 2021)။
ကောက်ရိုးမှိုနှင့် အခြားမှိုများတွင် အာဟာရတန်ဖိုးပရိုတင်းပါဝင်မှု

စားမှိုများ

မှိုစားသုံးသူများသည် စားမှိုများ၏ အာဟာရဓာတ်ပါဝင်မှုမြင့်ပြီး ပရိုတင်း ကြွယ်ဝသော ဆေးဖက်ဝင်သည့် အစားအစာ ဖြစ်သည်ကို နားလည်ပြီးမှ စားသုံးပါ။

မှိုစိုက်ပျိုးရေး၏ အကျိုးပြုဇီဝကမ္မဖြစ်စဥ်မှတဆင့် စားသုံးသူ၊ ပတ်ဝန်းကျင်နှင့် စိုက်ပျိုးရေးအတွက် လက်တွေ့အကျိုးပြုမှုနှင့် အသုံးချနိုင်မှု ဆက်စပ်သုံးသပ်ချက်
၁၉၈ဝ မတိုင်မီကတည်းက အစားအစာဘေးကင်းရေးစီမံချက်က ကျယ်ပြန့်ခဲ့သည်။ မှိုစားသုံးခြင်းကို အရသာရှိသော သဘာဝအစားအစာအဖြစ် စိတ်ဝင်စားမှုများလာသည်။ အာဟာရဇောင်းပေးသော စိုက်ပျိုးရေးမှရသော အာဟာရမြင့်၊ ဆေးဖက်ဝင်စားမှိုများ၊ မှိုပရိုတင်းကြွယ်ဝအစားအစာအဖြစ် ကယ်လိုရီတွက်ကာ စားသုံးသော အလေ့အထသည် နည်းနေသေးသည်။ မှိုစိုက်တောင်သူများ ကိုယ်တိုင်ကလည်း လုံခြုစိတ်ချရသော မှန်ကန်သော ကျန်းမာရေးမထိခိုက်သော ဖြည်စွက်ပစ္စည်းများသာ အသုံးချမှု၊ ကိုင်တွယ်မှု၊ သိုလှောင်မှုကအစ အာမခံချက်ထားရန်လိုအပ်ပါသည်။
မှိုစိုက်ပျိုးခြင်းသည် လွယ်ကူပြီး ကျန်းမာရေးရှုထောင့်အရ ခေတ်မီကာ စားသုံးသူကြိုက်သော ထုတ်ကုန်ရသည့် စိုက်ပျိုးရေးဖြစ်သည်။ လွယ်ကူရိုးရှင်းသော မှိုစိုက်ပျိုးခြင်းသည် အဆင့်မြင့် နည်းပညာဖြစ်သော ဘိုင်အိုကွန်ဗားရှင်း (ဇီဝဆိုင်ရာပြောင်းလဲမှု) အရင်းအမြစ်တစ်ခုဖြစ်သည်ကို မှိုစိုက်တောင်သူများကိုယ်တိုင် နားလည်သဘော ပေါက်စေလိုပါသည်။ မှိုစားသုံးသူများသည်လည်း စားမှိုများသည် အာဟာရဓာတ်ပါဝင်မှုမြင့်ပြီး ပရိုတင်းကြွယ်ဝသည်။ ကျန်းမာရေးအထောက်အကူဖြစ်သည် ကို နားလည်စေချင်ပါသည်။ မှိုစိုက်တောင်သူများကိုယ်တိုင်က မှိုစျေးကွက်တွင် မှိုစားသုံးသူများနားလည်နိုင်သော သင်္ကေတအဖြစ် အာဟာရဓာတ်ပါဝင်မှု ၊ ဆေးဖက်ဝင်မှုများကို ကြေငြာပြီး ရောင်းချပေးရန်လိုအပ်ပါသည်။
မည်သို့ဆိုစေ အော်ဂဲနစ်ပစ္စည်း အလေအလွင့်များစီမံခန့်ခွဲမှု၊ တစ်နည်းဆိုရသော် ဇီဝဆိုင်ရာ ပြောင်းလဲမှု ဖြစ်သည့် မှိုစိုက်ခြင်းအနုပညာသည် လွယ်ကူရိုးရှင်းသော အာဟာရဇောင်းပေးသည့် ခေတ်မီသော စိုက်ပျိုးရေးဖြစ်သည်။ ရေရှည်တည်တံ့သည်။ ပတ်ဝန်းကျင်ကိုကာကွယ်သော တစ်ပတ်လည် စီးပွားရေးကွန်ယက်အတွက် ခိုင်မာမှုရှိသည်။
ကိုးကား
Ayimbila F and Keawsompong S. Nutritional Quality and Biological Application of Mushroom Protein as a Novel Protein Alternative. Curr Nutr Rep. 2023; 12(2): 290–307. doi: 10.1007/s13668-023-00468-x
Huang S et al., Biostimulants in bioconversion compost of organic waste: A novel booster in sustainable agriculture. Journal of Cleaner Production Volume 319, 15 October 2021, 128704
Scholtmeijer K. et al., Potential Protein Production from Lignocellulosic Materials Using Edible Mushroom Forming Fungi. J. Agric. Food Chem. 2023, 71, 11, 4450–44
ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း) ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဒေါ်မြမြ ပါမောက္ခ(ငြိမ်း)
အားလုံး
မိုက်ခရိုဂရင်းများတွင် ကျရောက်တတ်သောရောဂါများကို ကုသနည်း
30/04/2024
ပွားစာဆွေးများကို မိုက်ခရိုဂရင်းစိုက်ပျိုးရာတွင် သုံးခြင်းဖြင့် တိုးလာစေသော ဂုဏ်သတ္တိများ
09/04/2024
ခဲမြေအစားထိုးအဖြစ်သုံးသင့်သော ကြီးထွားမီဒီယာများ
02/04/2024
ကိုယ်ခံစွမ်းအားမြင့်စေသည့် မိုက်ခရိုဂရင်းများ
07/03/2024
မိုက်ခရိုဂရင်းဆိုတာ စူပါအစားအစာလား?
27/02/2024