အလီလိုပါသီဓာတ်ပါဝင်သော မှိုမျိုးများ
မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း (၆၉)
အင်အော်ဂဲနစ်ဓာတ်မြေသြဇာသုံးစွဲနှုန်းလျှော့ချပြီး ကုန်ကျစရိတ်သက်သာသည့် ဇီဝနှိုးဆွတီမြေဆွေး၊ မြေဆွေးများ အစားထိုး (သို့မဟုတ်) ဖြည့်စွက် အသုံးပြုခြင်း (၂၁)
စားမှိုများ၊ မှိုရိုင်းများသည်လည်း အလီလိုပါသီဓာတုပစ္စည်းများကို ထုတ်သည်။
အလီလိုပါသီဆိုတာဘာလဲ?
အလီလိုပါသီ (allelopathy) ဆိုသည်မှာ - အပင်တစ်ပင်မှထုတ်သော အလီလိုပါသစ်ဓာတုပစ္စည်းများသည် နီးစပ်ရာ အပင်သို့ မဟုတ် သက်ရှိများ၏ ကြီးထွားဖွံ့ဖြိုးမှုအပေါ် အကျိုးပြု (သို့) အကျိုးမဲ့သက်ရောက်မှုကို ခေါ်သည်။
အလီလိုဓာတုပစ္စည်းများကို သက်ရှိအပင်မှထုတ်ပြီး လက်ခံအပင်များအပေါ် မျိုးညှောက်ပေါက်မှုနှင့် ကြီးထွားမှုကို တွန်းအားပေးသည် (သို့မဟုတ်) ဟန့်တားသည်။
အိမ်နီးချင်းလက်ခံအပင်ကို တွန်းအားပေးပါက လက်ခံပင်မှ အပင်ကြီးထွားသည်။ ဇီဝ/အဇီဝဖိနှိပ်မှုဒဏ်တွန်းလှန်မှု တိုးစေသည်။ ဖီနောလစ်အက်ဆစ်၊ ဟိုက်ထရိုဇားမစ်အက်ဆစ်၊ ဖက်တီးအက်ဆစ်များသည် အလီလိုပါသီ အရည်အသွေးရှိသည်။
အလီလိုပါသီ – အကျိုးသက်ရောက်ပုံ သဘာဝဖြစ်စဥ်

အလီလိုပါသီ သဘာဝဖြစ်စဥ်ကို အသုံးချပုံ
အပင်တစ်မျိုးမှ အလီလိုဓာတုပစ္စည်းများကို မြေထဲတွင်ထုတ်လိုက်ခြင်းကြောင့် ကြားဝင်နှောင့်ယှက်သော ဇီဝကမ္မဖြစ်စဥ်တခုဖြစ်သည်။ အလီလိုဓာတုပစ္စည်း (ဖီနောလစ်ကွန်ပေါင်း) များသည် အလီလိုပါသီဖြစ်စဥ်၏ အကြောင်းရင်းတစ်ခုဖြစ်သည်။ စိုက်ပျိုးရေးဂေဟစနစ်တွင် ဇီဝကမ္မဖြစ်စဥ်အရ အပင်မျိုးရိုး၊ အပင်မျိုးကွဲများ၊ သဘာဝပေါက်ရောက်မှုများက လွှမ်းမိုးသည်။ အလီလို ဓာတုပစ္စည်းများကို အိမ်နီးချင်းလက်ခံအပင်များ၏ မျိုးညှောက်ပေါက်မှုနှင့် ကြီးထွားမှု အတွက်လည်းကောင်း၊ ပေါင်းသတ်ဆေးအဖြစ်လည်းကောင်း ၊ ပိုးသတ်ဆေး အဖြစ်လည်းကောင်း၊ အနုဇီဝအပင်ကာကွယ်ရေး ထုတ်ကုန်များအဖြစ်လည်းကောင်း အသုံးပြုနိုင်သည်။
မှိုရိုင်းများ၊ စားမှိုများတွင်လည်း အလီလိုပါသီ အရည်အသွေးရှိသည်ကို သုတေသန စာတမ်းများဖြင့်ဖော်ပြထားသည်။
အလီလိုပါသီ အရည်အသွေးရှိသော မှိုများ
Pleurotus eryngiiPleurotus ostreatus, Oyster mushroom

Lentinula edodes, Shiitake mushroomAmanita pantherina, Panthercap mushroom
Trametes hirsuta

Morchella conica
ငွေနှင်း ငွေမိုးမှိုများ၏ အလီလိုပါသီအရည်အသွေးမြင့်မားခြင်း
Amanita pantherina ESifhTrametes hirsute မှိုများ၏ အလီလိုပါသီ အရည်အသွေး

မှိုစိုက်ပျိုးရေး၏ အကျိုးပြု ဇီဝကမ္မဖြစ်စဥ် မှ တဆင့် စားသုံးသူ၊ ပတ်ဝန်းကျင်နှင့် စိုက်ပျိုးရေးအတွက် လက်တွေ့အကျိုးပြုမှုနှင့် အသုံးချနိုင်မှု ဆက်စပ်သုံးသပ်ချက်
အလီလိုပါသီ ပင်ကြွင်းပင်ကျန်များ၊ အလီလိုဓာတုပစ္စည်း စစ်ထုတ်ရေများသည် သုံးစွဲနှုန်းမြင်ပါက အိမ်နီးချင်းအပင်များ၏ ကြီးထွားဖွံ့ဖြိုးမှုကို ဟန့်တားသဖြင့် အလီလိုပါးသစ်ကွန်ပေါင်းများကို ပေါင်းနှိမ်နှင်းရာတွင် သုံးနိုင်သည်။
ကိုးကား
Osivand A. et al., Comparison of allelopathic activity of some edible mushroom and wild mushroom in Japan. Joint Conference on 8th World Congress on Agriculture and Horticulture and 16th Euro Global Summit on Food and Beverages. March 02-04, 2017 Amsterdam, Netherlands
Scornamiglio M.et al. Metabolomics: an unexplored tool for allelopathy studies Journal of Allelochemical interactions 1 (1): 9-25. January 2015
ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ye lin aung
လွန်ခဲ့သော ၃ နှစ် က%%%*
ဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from ဒေါ်မြမြ ပါမောက္ခ(ငြိမ်း)
အားလုံး
မိုက်ခရိုဂရင်းများတွင် ကျရောက်တတ်သောရောဂါများကို ကုသနည်း
30/04/2024
ပွားစာဆွေးများကို မိုက်ခရိုဂရင်းစိုက်ပျိုးရာတွင် သုံးခြင်းဖြင့် တိုးလာစေသော ဂုဏ်သတ္တိများ
09/04/2024
ခဲမြေအစားထိုးအဖြစ်သုံးသင့်သော ကြီးထွားမီဒီယာများ
02/04/2024
ကိုယ်ခံစွမ်းအားမြင့်စေသည့် မိုက်ခရိုဂရင်းများ
07/03/2024
မိုက်ခရိုဂရင်းဆိုတာ စူပါအစားအစာလား?
27/02/2024