အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
သဘာဝပစ္စည်းတွေနဲ့ ဝါးစိမ်ရည်လုပ်မယ်

သဘာဝပစ္စည်းတွေနဲ့ ဝါးစိမ်ရည်လုပ်မယ်

သိမ့်ဇာ
သိမ့်ဇာ • Greenovator • 26/08/2019

   (၂၁) ရာစုကတော့ ဝါးခေတ်လို့ ပြောရမှာဖြစ်ပါတယ်။ ဝါးနဲ့ပတ်သက်တဲ့ လက်မှုပစ္စည်းတွေဟာ လူအများကြားမှာ ရေပန်းစားလာပါတယ်။ ခက်တာက ဝါးဆိုတဲ့အမျိုးကပိုးထိုးတတ်တာ လူတိုင်းအသိပါ။ ဒါပေမယ့်လည်း  ဝါးနဲ့ပတ်သက်တဲ့ သင်တန်းတွေရှိလာပြီမို့ နည်းပညာတွေက ကိုယ့်ရဲ့လက်တစ်ကမ်းမှာပါ။

   ဝါးလက်မှုလုပ်ချင်လို့ပဲဖြစ်ဖြစ်၊ ကိုယ့်အိမ်သုံးအတွက်ပဲဖြစ်ဖြစ် ဝါးကိုအသုံးပြုချင်တယ်၊ သင်တန်းသွားဖို့လည်း အချိန်မပေးနိုင်တဲ့သူတွေအတွက် ပိုးမထိုးအောင်လုပ်တဲ့နည်းပညာလေး မျှဝေပါရစေ။ ကိုယ့်အိမ်ပတ်ဝန်းကျင်မှာ ရတဲ့ပစ္စည်းလေးတွေနဲ့ တစ်နိုင်တစ်ပိုင် စမ်းသပ်လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်။ 

လိုအပ်တဲ့ပစ္စည်းတွေကတော့ 

    • တမာရွက် ပီနံအိတ်တစ်အိတ် 

    • လောက်သေရွက် ၂၀ ရွက် 

    • ဆား ၁ ပိဿာ ၂၅ ကျပ်သား 

    • ရေ ၅၀၀ ဂါလံ

    ဒီအချိုးကိုအခြေခံထားပြီး ကိုယ်လိုချင်သလောက် ပမာဏကို အတိုးအလျော့ ပြုလုပ်နိုင်ပါတယ်။

   အသုံးပြုမယ့်ဝါးတွေကို စိမ်ရည်ထဲမှာ ၁၀ ရက် မြုပ်အောင် စိမ်ပါ။ ၁၀ ရက်ပြည့်တဲ့အခါ  ငြမ်းစင်ထိုးပြီး နေပြပါ။ ခြောက်သွားရင်တော့ အသုံးပြုလို့ရပါပြီ။ ဒီနည်းလမ်းကတော့ ဝါးကိုပိုးမထိုးအောင်လုပ်တဲ့ နည်းတွေများစွာရှိတဲ့အထဲကမှ အလွယ်ကူဆုံးနည်းလမ်းပါ။

   ဝါးနဲ့ပတ်သက်လို့ တခြားသောနည်းပညာများကို အစိမ်းရောင်လမ်းရဲ့ တခြားသောဆောင်းပါးတွေမှာ ဖော်ပြပြီးဖြစ်ပါတယ်။

**(သဘာဝကရသောပစ္စည်းများနဲ့ဝါးစိမ်ရည်ပြုလုပ်ခြင်းနည်းကိုတော့ ညောင်ရွှေမြို့မှာရှိတဲ့ မုဒိတာဖောင်ဒေးရှင်းကနေ သိခဲ့ရတာဖြစ်ပါတယ်။ ဝါး၊ မြေကြီးတို့ကို အသုံးပြုပြီး မြေကြီးအိမ်ဆောက်လုပ်နေမှုများကို လေ့လာခဲ့စဉ်က ရရှိခဲ့ရသောနည်းပညာကို ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။)**

 

You

ဆက်စပ်မေးခွန်းများ

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

လိူင်စိုး • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။