အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မှိုရယ် မှိုရယ် မှိုရယ် 

မှိုရယ် မှိုရယ် မှိုရယ် 

Htunn Winn Kyaw
Htunn Winn Kyaw • Greenovator • 29/07/2020

     တစ်ခုတည်းကို (၃)  ခွန်းပြောတာ မဟုတ်ရပါဘူးနော်။ ကွာခြားတဲ့ (၃)  ခုကို မြန်မာလိုပဲ ခေါ်တာပါ။  သူတို့လို အခေါ်ကတော့ မှို ကို ၃ ခုပါ။ 

(က)  Mushroom

(ခ) Fungi 

(ဂ) Toadstool

     လောကကြီးမှာက သံတူကြောင်းကွဲ စကားလုံးတွေလို အများကြီးရှိပါတယ်လေ။  ကိုယ်က မှို စားချင်လို့ ဈေးထဲ သွားဝယ်တယ်ဆို Fungus(ဖန်းဂတ်စ်)  လို့ သွားမဝယ်ရပါဘူး။  သူက အရမ်းကို ယေဘုယျ ဆန်သွားလို့ပါ။  မက်ရှ်ရွမ်း(Mushroom) လို့ပဲ သွားဝယ်ရပါတယ်။ 

Fungi - မှို

     မှိုလို့ ခေါ်တဲ့ အပင် အကုန်ပါဝင်ပါတယ်။ စားလို့ရတဲ့ မှိုလည်းပါတယ်။  စားလို့မရတဲ့ မှိုလည်းပါတယ်။ ကြီးကြီးလည်းပါတယ်။  သေးသေးလည်းပါတယ်။  မြင်ရတာလည်းပါသလို မမြင်ရတဲ့ မှိုတွေလည်းပါပါတယ်။  မြေထဲကမှို  အပင်ရောဂါဖြစ်စေနိုင်တဲ့ မှို အားလုံးပါဝင်ပါတယ်။  သူတို့အားလုံးလည်း အစိမ်းရောင် ကလိုရိုဖီလ်းမပါပဲ များသောအားဖြင့်က အဆွေးစား အပင်တွေဖြစ်ကြပါတယ်။ 

Mushroom - မှို

     သူက Fungus ထဲက အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။  မှိုကြီးပေါ့။  အဲ့လို မှိုကြီးတွေ ရဲ့ အသီး ကိုမှ စားကြတာဖြစ်ပါတယ်။  မျိုးကနေ အပင် အပင်ကနေ အသီး ပေါ့။  အဲ့ဒါတွေကို စားကြတာပါ။ စားလို့ရတဲ့ မှိုပါ။  Fungus ဆိုတဲ့ မှိုနဲ့ ဘာကွာလဲ ဆိုတော့ Fungus အောက်က ကြီးကြီးမားမားနဲ့ စားလို့ရတဲ့ မှိုကို Mushroom လို့ ခေါ်တာပါ။  အဲ့ဒါကြောင့် ဈေးထဲသွားဝယ်ရင် Mushroom လို့ပဲ ခေါ်ကြပါတယ်။ 

Toadstool - မှို

     သူလည်း မှိုပါပဲ။  ဒါပေမဲ့ စားလို့မရတဲ့ အဆိပ်ရှိတဲ့ မှိုဖြစ်ပါတယ်။  သူတော့ တကယ်စားလို့မရပါဘူး။ 

တူတဲ့အချက်တွေ။ 

(၁)  Mushroom ဆိုတဲ့ မှိုတွေက Fungi မှိုတွေထဲက တစ်မျိုးပါပဲ။ 

(၂)  သူတို့ရဲ့ ဆဲလ်နံရံမှာ Chitin ပါဝင်ကြပါတယ်။ 

(၃)  မှို ၂ ခုစလုံး ကလိုရိုဖီလ်း မပါဝင်ကြတာကြောင့် ကိုယ်တိုင် အစာမချက်နိုင်ကြပါဘူး။ 

(၄)  (၂)  ခုစလုံးက ဆွေးမြေ့မှုကို ကောင်းစေတဲ့ အပင်တွေချည်းပါပဲ။ 

ဘာတွေကွာလဲ

တူတာတွေ ပြီးတော့ ကွာတာတွေ ပြောတာပေါ့။  

(၁)  Fungus ဆိုတာက မှိုအားလုံးပါပါတယ်။ 

(၂) Mushroom တိုင်းဟာ Fungus ဖြစ်ပေမဲ့ Fungus ဆိုတိုင်း Mushroom မဟုတ်ပါဘူး။ 

(၃)  Mushroom တွေရဲ့ အမျှင်တွေက Multi တစ်မျိုးတည်းရှိပြီး ထီးပုံစံတွေပဲ ဖြစ်တတ်ကြပါတယ်။  

(၄)  Fungus ရဲ့ ဆဲလ်က Uni လည်းဖြစ်နိုင်သလို Multicellular တွေလည်း ပါဝင်ပါတယ်။  သူက ပုံစံ အမျိုးမျိုးရှိနိုင်ပါတယ်။ 

(၅)  Toadstool ကတော့ mushroom လို အရွယ်အစားကြီးကြီးမားမားပဲ ဒါပေမဲ့ စားလို့ မရတဲ့ မှိုဖြစ်ပါတယ်။ 

     အဲ့လောက်ဆို ဘယ်သူက ဘယ်လိုဆိုတာ အကဲခတ်နိုင်လိမ့်မယ် ထင်ပါတယ်။  Mushroom ဝယ်စားကြပါ။...   .

မှိုဈေးကွက်လည်း ကောင်းတယ်နော့်။ 

ထွန်းဝင်းကျော်

Reference 

https://www.differencebetween.com/difference-between-mushrooms-and-vs-fungus/amp/

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 

 

You

ဆက်စပ်မေးခွန်းများ

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

လိူင်စိုး • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။