ရေရှည်တည်တံ့ခိုင်မြဲတဲ့ စိုက်ပျိုးရေး
စိုက်ပျိုးမြေတွေက ရှားပါလာလို့ ဘယ်လိုစိုက်ပျိုးရမလဲဆိုတာကို စဉ်းစားကြံဆနေရင်းနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ စိုက်ပျိုးရေး (Sustainable Agriculture) ဆိုတာကို လုပ်ဆောင်ဖို့ တည်ဆောက်လာကြပါတယ်။ အဲ့လို လုပ်ဆောင်ပြီးတော့ လူတွေရဲ့ စားနပ်ရိက္ခာကို ဖူလုံအောင်အတွက် လူထုသန်းပေါင်းများစွာက ရေရှည်တည်တံ့ခိုင်မြဲတဲ့ စိုက်ပျိုးရေးစနစ်ကိုဖော်ဆောင်လာခဲ့ကြပါတယ်။
ခုတော့ အဲ့လို ရေရှည်တည်တံ့ခိုင်မြဲတဲ့ စိုက်ပျိုးရေးဆိုတာ ဖြစ်လာဖို့အတွက် လုပ်ဆောင်သင့်တဲ့ အချက်လေးတွေ ရှိပါတယ်။ အဲ့အချက်တွေကို တစ်ချက်လေ့လာကြည့်ရအောင်။
(၁) တစ်ကမ္ဘာလုံးမှာရှိတဲ့ လူဦးရေအားလုံးရဲ့ (၄၀) ရာခိုင်နှုန်းဟာ စိုက်ပျိုးရေးလုပ်ငန်းထဲမှာ လုပ်ကိုင်နေကြတာဖြစ်ပါတယ်။
(၂) ရေရှည်တည်တံ့ခိုင်မြဲတဲ့ စိုက်ပျိုးရေးလုပ်ငန်းဆိုတာကတော့ အဓိက အပိုင်း (၃) ပိုင်းပါဝင်ပါတယ်။ ပတ်ဝန်းကျင်ကျန်းမာရေး၊ စီးပွားရေးအရ အကျိုးအမြတ်ရရှိမှုနဲ့ လူမှုစီးပွားဆိုင်ရာ မျှခြေနဲ့ ပိုင်ဆိုင်မှုတို့ပဲဖြစ်ပါတယ်၊
(၃)ရေရှည်တည်တံ့ခိုင်မြဲတဲ့ စိုက်ပျိုးရေးလုပ်ငန်းဟာဆိုရင် အရင်းအမြစ်တွေ တိုက်စားခံရခြင်း၊ သစ်တောပြုန်းတီးခြင်း၊ ရှားပါးခြင်း၊ မြေနဲ့ ရေတွေမှာ ပျော်ဝင်ရောနှောခြင်း၊ ဇီဝမျိုးကွဲတွေ ဆုံးရှုံးရခြင်း၊ အလုပ်သမား ရှားပါးခြင်းနဲ့ မိသားစု တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးလုပ်ငန်းတွေ ပျောက်ကွယ်ခြင်း စတဲ့ပြဿနာတွေအတွက် ဖြေရှင်းနိုင်ဖို့ ရည်ရွယ်တဲ့ စိုက်ပျိုးရေးလမ်းတစ်သွယ်ဖြစ်ပါတယ်။
(၄) ရေရှည်တည်တံ့ခိုင်မြဲတဲ့ စိုက်ပျိုးရေးလုပ်ငန်းလို့ဆိုလိုက်ရင် ကြီးမားကျယ်ပြန့်တဲ့ နည်းပညာတွေပါပါတယ်။ အော်ဂဲနစ်စိုက်ပျိုးနည်း၊ သွင်းအားစုကို လျော့ချနိုင်တဲ့စိုက်ပျိုးနည်း စတဲ့ စိုက်ပျိုးရေးနည်းလမ်းတွေ အများကြီးပါဝင်ပါတယ်။
(၅) ဒီလိုစိုက်ပျိုးရေးမှာဆိုရင် စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတုပိုးသတ်ဆေးတွေကို မသုံးရသလောက် လျော့ချဖို့ရည်ရွယ်ပြီးတော့ သီးနှံမျိုးစုံကို သွင်းရေနဲ့ စိုက်ပျိုးမဲ့ နည်းလမ်းတွေ ပါဝင်ပါတယ်။
(၆) ရေရှည်တည်တံ့ခိုင်မြဲတဲ့ စိုက်ပျိုးရေးလုပ်ငန်းထဲက တစ်ခုဖြစ်တဲ့ အော်ဂဲနစ်စိုက်ပျိုးနည်းဆိုရင်လည်း သာမာန်ထက် အလုပ်သမားလိုအပ်ချက် (၂)ဆခွဲလောက်များပေမဲ့လို့ ပြန်ရမဲ့အကျိုးအမြတ်က (၁၀) ဆ တက်လာပါတယ်။
(၇) မြေသားရဲ့ ကျန်းမာရေးကို ဂရုစိုက်ပါတယ်။ မြေဖုံးသီးနှံတွေ စိုက်တယ်။ သစ်စိမ်းမြေသြဇာတွေ ထည့်ပေးတယ်။ သဘာဝမြေသြဇာလိုမျိုး နွားချေး မြေဆွေးတွေနဲ့ မြေကိုပြုပြင်တယ်။ စတဲ့နည်းလမ်းတွေနဲ့ မြေသားကို ထိန်းသိမ်းပြုပြင်ကြပါတယ်။
(၈) ရေရှည်တည်တံ့ခိုင်မြဲတဲ့ စိုက်ပျိုးရေးလုပ်ငန်းရဲ့ ရည်ရွယ်ချက်ကတော့ သွင်းအားစု နည်းနည်းပဲသုံးပြီး အန္တရာယ်ရှိတဲ့ သွင်းအားစုတွေမသုံးရပဲ၊ ဇီဝစနစ်ကို မထိခိုက်တဲ့ စိုက်ပျိူးရေးစနစ်ကို ဖော်ဆောင်ဖို့ ဖြစ်ပါတယ်။
(၉) ရေရှည်တည်တံ့ခိုင်မြဲတဲ့ စိုက်ပျိုးရေးစနစ်ကနေ ရည်ရွယ်ထားတဲ့ ပန်းတိုင်ကြီး (၄) ခုရှိပါတယ်။
- လူတွေ စားနပ်ရိက္ခာဖူလုံဖို့၊ နဲ့ ဇီဝလောင်စာဖြည့်တင်းဖို့
- ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေးတွေ တိုးတက်ကောင်းမွန်လာဖို့
- စီးပွားရေးဆိုင်ရာ လမ်းကြောင်းတွေကို ဖော်ထုတ်နိုင်ပြီး ရေရှည်တည်တံ့နိုင်ဖို့
- တောင်သူလယ်သမားတွေ၊ လယ်ယာလုပ်သားတွေနဲ့ လယ်ယာလုပ်ငန်းခွင်တွင်းမှာ လုပ်ကိုင်နေကြတဲ့ဘဝတွေ တိုးတက်ကောင်းမွန်လာဖို့ ရည်ရွယ်ပါတယ်။
အဲ့လိုဆို လူမှုဘဝတိုးတက်ကောင်းမွန်ဖို့အတွက် ရေရှည်တည်တံ့ခိုင်မြဲတဲ စိုက်ပျိုးရေးလုပ်ငန်းတွေကို တီထွင်ဖန်တီးကြံဆဖို့ အသင့်ဖြစ်ပြီလား ခင်ဗျာ....။
ထွန်းဝင်းကျော်
https://www.dosomething.org/us/facts/11-facts-about-sustainable-agriculture
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026