ဆိုင်မှာဝယ်စရာမလိုဘဲ ကိုယ်တိုင်လုပ်နိုင်တဲ့ ပေါင်းသတ်ဆေး
ပေါင်းတွေက တော်တော်ဒုက္ခပေးတာ။ မိုးလေးတစ်ပြိုက်နှစ်ပြိုက် ရွာလိုက်တာနဲ့ နှုတ်ထားတာကနေ ပိုပွားနေသလိုပဲ။ တကတည်း...မစားရတဲ့ အပင်က တော်တော်လည်း သန်ပေတာကိုး။
ပေါင်းသတ်ဆေးဝယ်သုံးရင်လည်း အနံ့က မသက်သာဘူး။ ပတ်ဝန်းကျင်ကိုလည်း ထိခိုက်မှာစိုးရတယ်။ အိမ်က အဘွားကြီးက ကြပ်တတ်တာနဲ့ အင်း......မဖြစ်ချေဘူး။
ပြဿနာကတော့ တက်နေပြီဆိုတဲ့ လူတွေအတွက်ပဲဖြစ်ဖြစ်။ တစ်နိုင်တစ်ပိုင်လေး စိုက်နေပျိုးနေကြတဲ့ သူတွေအတွက် ကိုယ့်ခြံလေး ပေါင်းလေးတွေ သက်သာပါစေရဲ့လို့ ဆိုရင်တော့ လိုက်ပြီးသုံးနိုင်ဖို့ နည်းလမ်း (၂) ခုကို ပြောပြပေးလိုက်ပါတယ်နော်။
ပထမတစ်ခုကတော့ ရှာလကာရည်နဲ့ ဆားပါ။
အိမ်မှာသုံးနေတဲ့ ရှာလကာရည်က ရေသန့်ဘူး တစ်ဘူးဆို ၂၀၀ ပဲရှိပါတယ်။ နောက် ဆားတစ်ထုပ် ကို (၂၀၀) ပဲထား၊ နောက်တော့ ပန်းကန်ဆေးတဲ့ဆပ်ပြာအဆီ နည်းနည်းလောက် ညှစ်ချဖို့ပဲလိုတော့တာ။ ကုန်ကျစရိတ်ကလည်း သိပ်မများပါဘူး။ ရောပုံလေးကို ပြောမယ်။
ရှာလကာရည်နဲ့ ဆားကို ဆတူ၊ ရှာလကာရည် တစ်ခွက်ဆို ဆားလည်းတစ်ခွက်ဆိုပြီး ရောတဲ့ အချိုးအဆလည်း ရှိသလို၊ ရှာလကာရည်တစ်ပုလင်းမှ ဆား (၅) ဇွန်းလောက်ထည့်တဲ့ ရောစပ်နည်းလည်း အလုပ်ဖြစ်ပါတယ်။ ရောစပ်ပြီးရင်တော့ အပင်မှာ ဆေးကုပ်တွယ်တာမြဲအောင် ပန်းကန်ဆေးဆပ်ပြာဆီလေး နည်းနည်းညှစ်ထည့်လိုက်ပြီး ပေါင်းမြက်တွေကို လိုက်ဖြန်းပေး လိုက်ရင် ရက်တော့ နည်းနည်းစောင့်ရမယ်။ တစ်ဖြည်းဖြည်းချင်း သေသွားမှာပါ။ သတိထားရမှာတစ်ခုကတော့ ရှာလကာရည်ကြောင့် အသားကို နည်းနည်းနီစေ ရဲစေတတ်တာပါ။ ပြီးတော့ ဆားများများသုံးတယ်ဆိုရင် အပင်ပေါက်ဖို့ သိပ်မလွယ်ပါဘူး။ ကိုယ်က ပေါင်းတွေကိုသတ်ပြီး အပင်စိုက်ဖို့ သုံးတယ်ဆိုရင်တော့ ဆားကို လျော့ထည့်သင့်ပါတယ်။
ဒုတိယနည်းကတော့ ဂျင်းနဲ့ လုပ်တဲ့နည်းပါ။
ဂျင်းရယ်၊ ရှာလကာရည်ရယ်၊ နောက်တော့ ဆပ်ပြာဆီနည်းနည်းရယ်။ သူကျတော့ အချိုးက ဂျင်း (၁၀) သားဆို၊ ဆားလည်း (၁၀) သားပဲ၊ ဆပ်ပြာထည့်ရတဲ့ အကြောင်းရင်းကတော့ ဆေးတွေကပ်တာမြဲအောင်လို့ ထည့်တာပဲ၊ ဆိုတော့ကာ များများထည့်ရင် များများပိုကပ်နိုင်မယ်ပေါ့။ သတိထားရမှာကတော့ ကိုယ်စိုက်ထားတဲ့အပင်တွေကို မထိမိစေဖို့ပါပဲ။
တတ်နိုင်သလောက် မြေကြီးကိုမထိစေပဲ အပင်တွေကိုပဲ ဖြန်းပေးပါ။ အိမ်သုံးအတွက် ရည်ရွယ်တာမို့ ဒီအချက်ကိုတော့ လိုက်နာနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ တကယ်လို့ အဲ့မြေကြီးမှာပါ ဘာအပင်မှ မပေါက်စေချင်တော့ဘူးလို့ ရည်ရွယ်ရင်တော့ ပုံးလိုက်လောင်းလည်း အဆင်ပြေပါတယ်။ ဒါပေမဲ့ စိုက်ပျိုးရတဲ့မြေလေးဖြစ်ဖို့ကတော့ တော်တော့်ကို ခက်ခဲတာပါ။
ကဲနောက်နည်းလမ်းလေး သွားကြစို့ရဲ့
ဆားချည်းပဲသုံးတာ။ ဆားကြမ်းပက်ထားပေးရင်လည်း အပင်တွေကို သေစေနိုင်ပါတယ်နော်။
ဒါပေမဲ့ အဲ့နည်းလမ်းအတိုင်းတော့ ဟုတ်ပါရဲ့။ ဆားတွေအများကြီး သုံးဖြစ်လိုက်တယ်ဆိုရင် ဆားပေါက်တဲ့မြေဖြစ်ပြီး စိုက်ပျိုးလို့ရတော့မှာ မဟုတ်ပါဘူး။
ကဲဗျာ မြေကို မထိခိုက်စေတဲ့ အကောင်းဆုံးနည်းကတော့ ရေနွေးလောင်းတာပဲဖြစ်ပါတယ်။ ပြုတ်လိုက်တာပေါ့။ အိမ်သုံးမို့လို့လည်း ရေနွေးလောင်းနိုင်တာပါ။ ဒါဆို စိုက်ခင်းတွေမှာ သုံးနေတဲ့ မိုးကာအုပ်ပစ်တာရောဆိုတော့??? ရတာပေါ့။ အဲ့လိုနည်းနဲ့လည်း ပေါင်းမြက်တွေကို သေစေနိုင်ပါတယ်နော်။
အိမ်တိုင်း အိမ်တိုင်း ပန်းပင်လေးတွေစီစီရီရီ စိုက်ခင်းလေးတွေကိုယ်စီနဲ့ လှနိုင်ကြပါစေ…………
ထွန်းဝင်းကျော်
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ကိုယ်တိုင်လုပ် ပေါင်းသတ်ဆေး
ပျိုေမများရဲ့ေမာင်
လွန်ခဲ့သော ၄ နှစ် ကပေါင်းစုံသေလား
အမည်မသိ
လွန်ခဲ့သော ၅ နှစ် က၁၆လီတာပုံးတစ်ပုံးဘယ်လောက်ထည့်ရလည်း
အမည်မသိ
လွန်ခဲ့သော ၅ နှစ် ကစပါးခင်းထဲပတ်လို့ရလားဗျာ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026