အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မြေသြဇာအညွန်းတွေကို ဘယ်လိုဖတ်ပြီးလေ့လာကြမလဲ

မြေသြဇာအညွန်းတွေကို ဘယ်လိုဖတ်ပြီးလေ့လာကြမလဲ

Htunn Winn Kyaw
Htunn Winn Kyaw • 16/01/2018

၁။ အထုပ်ထဲမှာပါဝင်တဲ့ အဓိက အစွမ်းရှိ ပါဝင်ပစ္စည်းတွေရဲ့(AI percent) ရာခိုင်နှုန်းကို တန်းသိနိုင်တယ်
ပထမအချက်ပါ၊ အထုပ်ပေါ်က အညွန်းလေးကို ကြည့်လိုက်ရုံနဲ့တင် ဘာကဘယ်လောက် ရာခိုင်နှုန်း ပါတယ်ဆိုတာကို တန်းသိနိုင်တာမျိုးပါ။ အများဆုံးပါဝင်တတ်တာတွေကတော့ N(နိုက်ထရိုဂျင်)၊ P (ဖော့ စဖောရပ်စ်) နဲ့ K (ပိုတက်စီယမ်) တို့ပဲဖြစ်ပါတယ်။ အညွန်းစာလေးတွေက အပြင်မှာတစ်ခါတည်း တပ် ထားပါတယ်။ ကျွန်တော်တို့ အပြင်မှာပြောနေကြတဲ့ ၁၅ - ၇ - ၈ တို့ ၁၅ ပတ်လည်တို့ဆိုတာက NPK ကိုပဲ အစဉ်လိုက်ပြောပြထားတာ ဖြစ်ပါတယ်။ ၁၅ ပတ်လည် မြေသြဇာ (၁၅-၁၅-၁၅) လို့ ဆိုလိုက်ရင် အဲ့မြေသြဇာ ပေါင် (၁၀၀) မှာ N က တော့ ၁၅ပေါင်၊ P က (၁၅) ပေါင်နဲ့ K က (၁၅) ပေါင် ပါတယ် ဆို တာကို ချက်ချင်းသိနိုင်မှာ ဖြစ်ပါတယ်။ အဲ့လို မြေသြဇာတိုင်းဟာ ပေါင် (၁၀၀) ပေါ်မှာအခြေခံပြီးတော့ လာတာဖြစ်ပါတယ်။

၂။ ပါဝင်ပစ္စည်းတွေကို ဖတ်ရင်း ကိုယ့်အတွက်ကို ကိုယ်စဉ်းစားလို့ရတယ်။
များသောအားဖြင့်တော့ ကွန်ပေါင်းမြေသြဇာတွေက ဈေးကြီးပါတယ်။ ဈေးကြီးကြီးကို ထိထိရောက်ရောက် သုံးနိုင်ရင်တော့ အကျိုးအမြတ်ပိုများများ ထွက်လာနိုင်ပါတယ်၊ အကြမ်းပြောရရင်တော့ N ဆို တဲ့ နိုက်ထရိုဂျင်က အပင်တွေကြီးထွားဖို့အတွက် သုံးပါတယ်။ ပုလဲက (N) ပါပဲ ခင်ဗျ။ နောက်ကျန်တဲ့ P နဲ့ K (၂) မျိုးကတော့ အပွင့်၊ အသီးနဲ့ အမြစ်တွေအတွက်ကို သုံးတာဖြစ်ပါတယ်။ အဲ့ဒါတွေ သိနေရင်တော့ ဘယ်လိုအချိုးနဲ့ မြေသြဇာကို ဝယ်ရင်တော့ ကိုယ့်အတွက်အသင့်တော်ဆုံး ဖြစ်မလဲဆိုတာကို ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။

၃။ စမ်းသပ်ချက်လေးတွေလုပ်လို့ရနိုင်ပါတယ်။
အကွက်သေးသေးလေးတွေလုပ် အပင်လေးတွေ နည်းနည်းစီထည့်ပြီး ကွန်ပေါင်းမြေသြဇာကို အချိုးမတူ တာလေးတွေနဲ့ စိုက်လိုက် စမ်းလိုက် လုပ်ကြည့်ရင်း ပွဲမဝင်ခင် အပြင်ကျင်းပရတာမျိုး လုပ်လိုက်ရင်တော့ ပွဲကတဲ့အခါကျ လှလှပပလေးဖြစ်တာပေါ့ဗျာ။ လှလှပပလေးကနိုင်ဖို့အတွက်

 Htun Win Kyaw

Ko Nay

Ko Nay

လွန်ခဲ့သော ၃ နှစ် က

ပဲရေလိုက်ပက်ထာပါကွန်ပေါင်းကိုဘယ်အချိန်ပက်ရင်ပိုကောင်းမလဲ

You

ဆက်စပ်မေးခွန်းများ

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

လိူင်စိုး • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။