ခြောက်လပန်း
မြန်မာအခေါ်ခြောက်လပန်းလို့ခေါ်တဲ့ ပန်းတစ်မျိုးကိုတော့ ကြားဖူးကြမှာပါ။ ခြောက်လပန်းလို့ခါ်ရခြင်းက သူက ပွင့်ပြီးရင် လပေါင်းများစွာ အပတ်ပေါင်းများစွာ မကြွေဘဲနေလို့ခေါ်တာပါ။
ခြောက်လပန်းကို အင်္ဂလိပ်အမည် hydrangea လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ခြောက်လပန်းကို ပန်းအိုးနဲ့သာ အစိုက်များကြပေမယ့် ခြောက်လပန်းတွေကို မြေကြီးမှာချစိုက်ပြီး ရုံလိုက်ကြီးထွားစေရင်တော့ ပန်းပွင့်ချိန်မှာ တကယ်ကိုလှမှာအမှန်ပါ။
ခြောက်လပန်းရဲ့မူရင်းဒေသက အမေရိကနဲ့ အာရှလို့ဆိုကြပေမယ့် အစိုက်များတဲ့ မျိူးတွေက ဂျပန်၊ တရုတ်နဲ့ ကိုးရီးယားကလာတာပါ။ ဂျပန်နိုင်ငံမှာတော့ ခြောက်လပန်းကိုအမြတ်တနိုးတန်ဖိုးထားတာ တွေ့ရပါတယ်။
ခြောက်လပန်းမှာ အဖြူ၊ ပန်းရောင်၊ အနီရောင်၊ အပြာရောင်၊ ခရမ်းရောင်၊ မရမ်းရောင်၊ မိုးပြာရောင် စသဖြင့် အရောင်မျိုးစုံရှိပါတယ်။ ခြောက်လပန်းရဲ့ထူးခြားချက်တစ်ခုက ပန်းရဲ့အရောင်ဟာ စိုက်တဲ့မြေရဲ့ ချဥ်ငန်ဓာတ်ပေါ်မူတည်ပြီး ကွဲပြားတာပါ။ မြေချဥ်ငန်ကိန်း ၆ အောက်နိမ့်တဲ့ အချဥ်ဓာတ်တဲ့မြေမှာ ခြောက်လပန်းတွေဟာ အပြာရောင်၊ မိုးပြာရောင်နဲ့ ခရမ်းပြာလေးတွေ ဖူးပွင့်ကြပါတယ်။ မြေချဥ်ငန်ကိန်း ၇ အထက်ရှိတဲ့ အငန်ကဲတဲ့မြေမှာဆိုရင်တော့ ပန်းရောင်နဲ့ အနီရောင်ပွင့်ပါတယ်။ မြေချဥ်ငန်ကိန်း ၅ မှ ၆ အတွင်းဆိုရင်တော့ ပန်းခရမ်းရောင်နဲ့ မရမ်းစေ့ရောင်တွေပွင့်စေပါတယ်။ ဒါပေမယ့် အဖြူရောင်ခြောက်လပန်းတွေကတော့ အရောင်လုံးဝ ပြောင်းခြင်းမရှိပါဘူး။
ခြောက်လပန်းအပင်တွေဟာ ရေကြိုက်တဲ့အပင်ဖြစ်လို့ နွေရာသီမှာ နေ့တိုင်းရေလောင်းပေးဖို့လိုပါတယ်။ ဒါပေမယ့် ရေဝပ်တာလည်းမကြိုက်ပါဘူး။ နံနက်ခင်းနေရောင်ကိုကြိုက်ကြပေမယ့် နေ့လည်ပူလွန်းရင်တော့ အရိပ်အောက်ထားပေးဖို့လည်း လိုပါတယ်။ အမြစ်ဖွဲ့စည်းပုံက ရေသောက်အမြစ်ကြီးမရှိဘဲ မြစ်ဖွာတွေနဲ့ ဖွဲ့စည်းထားတာပါ။ ခြောက်လပန်းအနီတွေ ပန်းရောင်တွေကို အပြာဖြစ်ချင်လျှင် ရေတစ်ဂါလန်မှာ ရှာလကာရည်တစ်ခွက်ရောကာ လောင်းပေးနိုင်ပါတယ်။ ကော်ဖီကြိတ်ဖက်တွေ
ထည့်ပေးလည်းရပါတယ်။ အပြာရောင်တွေကို ပန်းရောင်ဖြစ်ချင်လျှင်တော့ ထုံးထည့်ပေးလို့ရပါတယ်။ အရမ်းလှတဲ့ ခြောက်လပန်းလေးတွေက နွေရာသီမှာ ရေလည်းရ နေ့လည်ဆို အရိပ်လည်းပေးနိုင်လျှင် ပွင့်ပါတယ်။ ဆောင်းရာသီအစောပိုင်းမှာလည်း ပွင့်တတ်ကြပါတယ်။
တကယ်လို့ ခြံဝန်းကျယ်များရှိခဲ့လျှင်လည်းကောင်း၊ မြေနေရာလွတ်ရှိခဲ့လျှင်လည်းကောင်း အလွန်လှပသော ခြောက်လပန်းများကိုစိုက်ပျိုးကာ မိမိတို့အိမ်ကို အလှဆင်နိုင်ကြောင်းရေးသားလိုက်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဒေါ်ရင်နု
လွန်ခဲ့သော ၃ နှစ် ကအပူပိုင်းဒေသမှာစိုက်လို့ရပါသလားရှင့်
လင်းရှိန်
လွန်ခဲ့သော ၅ နှစ် ကဒီလိုပန်းမျိုုးကိုလိုချင်တယ်
San Pyae Aung
လွန်ခဲ့သော ၅ နှစ် ကဘယ်ဒေသ/ဘယ်ပျိုးခြံတွေမှာ ရရှိနိုင်ပါသလဲခင်ဗျာ ပြီးတော့ ပျိုးပင်ရဲ့ စျေးနှုံးကိုလဲ သိပါရစေခင်ဗျာ
ဆက်စပ်မေးခွန်းများ
ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
ပဲတီစိမ်းစိုက်ထားတာ6ရက်သားရှိပြီးအရွက်၂ဂွက်ထွက်နေပီဘာဆေးသုံးရမလဲအကြံပေးပါအူး
aye Myat mon • ဖြေကြားချက် 1 ခု
စပါးခင်းထဲမှာပုံထဲကမြက်တွေပေါက်နေလို့ဘယ်လိုပေါင်းသတ်ဆေးမျိုးဖျန်းသင့်လဲသိချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 1 ခု
စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ
ဝင်းဇော် • ဖြေကြားချက် 6 ခု
ရေဆင်း ၂ပေါ်ဆန်း ပေါ်ဆန်ရင် ဧရာမင်း ကျာပြန်၁၄ပေါ်ဆန် ချောင်းသာပေါ်ဆန်း အသက်ရက် ခန့်မှန်းအထွက်နှုံးများပြောပြပေးနိုင်ပြေားပေးပါ
U Myint Naing • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from စုမြတ်မြတ်မိုး
အားလုံး
မီးတောင်ပေါက်ကွဲမှုနောက်ကွယ်က စိုက်ပျိုးရေးအကျိုးကျေးဇူး
14/09/2026
ကြံကြိတ်ဖတ်ဘိုင်အိုချား (Sugarcane bagasse Biochar)
05/05/2023
မျောက်ငိုသီးဆားရေစိမ်
26/01/2023
ချိုချဉ်အရသာလေးနဲ့ ချဉ်စော်ကားသီး အသားခြောက်လုပ်စားရအောင်..
19/01/2023
ရှောက်၊ သံပရာတွင်ကျရောက်သော အရွက်နူထွတ် ဗိုင်းရပ်ရောဂါ
16/09/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....