လူ၊ တိရိစ္ဆာန်နှင့် ပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ
အပင်တွေမှာ ကျရောက်တတ်တဲ့ရောဂါတွေကို အကောင်းဆုံးကာကွယ်ဖို့ဆိုရင်တော့ အချက် - ၉ ချက် လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ အချက် ၉ ချက်ကိုလည်း ဖော်ပြပြီးပြီပဲဖြစ်ပါတယ်။
ဒီလိုအချက်တွေ လုပ်ပေမဲ့လည်း တစ်ခါတစ်ရံမှာ မှိုသတ်ဆေးတွေ၊ ဘက်တီးရီးယားသတ်ဆေးတွေ စသဖြင့် အသုံးပြုဖို့လိုအပ်လာပါတယ်။ အဲ့လိုအချိန်မှာဆိုရင် လူတွေကို ထိခိုက်မှုအနည်းဆုံးဖြစ်စေမဲ့ ကာကွယ်ကုသတဲ့ပစ္စည်းတွေကို အသုံးပြုနိုင်ပါတယ်။ ဥပမာ - မုန့်ဖုတ်ဆိုဒါမှုန့်၊ ဘော်ဒိုဆေးရည်၊ lime - sulphur၊ ဆီလီဂိတ်ဆားများ၊ သက်ရှိဖြင့် ပြန်ကာကွယ်ခြင်း စသဖြင့် အသုံးပြုလို့ရပါတယ်။
ဒါပေမဲ့လည်း အသုံးပြုတဲ့အခါမှာ သင့်တော်တဲ့အချိန်၊ အပင်လက်ခံနိုင်မှု စသဖြင့် စဉ်းစားချင့်ချိန်ပြီး အသုံးပြုရပါမယ်။
မှိုရောဂါများကို ထိန်းချုပ်ခြင်း
အပင်တွေမှာဖြစ်စေတဲ့ ရောဂါအများစုဟာ မှိုတွေကြောင့်ဖြစ်တာများပါတယ်။ မှိုမျိုးစေ့ ၈၀၀၀ ကျော်ဟာ အပင်ရဲ့မြေအပေါ်ပိုင်းမှာ ရောဂါဖြစ်စေတဲ့သက်ရှိတွေလို့ သိရပါတယ်။ မှိုသတ်ဆေးအများစုမှာ အောက်မှဖော်ပြထားသကဲ့သို့ ကာကွယ်ဖို့အတွက်အသုံးများပြီး၊ ရောဂါဖြစ်စေတဲ့ ပစ္စည်းတွေနဲ့ အပင်တစ်ရှူးတွေကြားမှာ အတားအဆီးတစ်ခုအနေနဲ့ ကာကွယ်ပေးတာက များပါတယ်။ နောက်တစ်ချက်က အပင်က အရွက်သစ်လေးတွေမထွက်မီ (သို့မဟုတ်) အပင်ရဲ့ ခံနိုင်ရည်မဲ့တဲ့အပိုင်းလေးတွေ မဖြစ်လာခင်မှာ ရောဂါလက္ခဏာစပြတယ် (သို့) ရောဂါကြိုက်တဲ့ ပတ်ဝန်းကျင်အနေအထားဖြစ်နေတယ် စတဲ့အချိန်မှာ မှိုသတ်ဆေးအများစုကို အသုံးပြုကြရပါတယ်။
မှိုသတ်ဆေးတွေအနေနဲ့ကတော့
၁။ ကော့ပါးနှင့် ဆာလဖာ Copper & Sulphur
ဆာလာဖာ၊ Lime- sulphur၊ ဘော်ဒိုဆေးရည် (ကော့ပါးဆာလဖိတ်နဲ့ ထုံးပေါင်းထားခြင်း) တွေကို မှိုသတ်ဆေးအဖြစ် ရှေးနှစ်ပေါင်းတစ်ရာလောက်ကတည်းက အသုံးပြုလာကြတာပါ။ သူတို့အကုန်လုံးဟာ နို့တိုက်သတ္တဝါတွေကို အဆိပ်သင့်စေတာဖြစ်လို့ အသုံးပြုတဲ့အခါ စနစ်တကျ အသုံးပြုရပါမယ်။
ဘော်ဒိုဆေးရည်ကတော့ မှိုရော ဘက်တီးရီးယားကိုပါ ကာကွယ်နိုင်ပါတယ်။ ဥပမာ - ရွက်ပြောက်ရောဂါ (Leaf spot)၊ ပန်းသီးအကြေးခွံရောဂါ (apple scab)
ဘော်ဒိုဆေးရည်မှာပါတဲ့ ကော့ပါးဆာလဖိတ် (Copper sulphate ) ဟာ acidic (အချဉ်ဓာတ်) ဖြစ်ပြီး ထုံး (lime) ဟာ alkaline (အငန်ဓာတ်) ဘက်သွားတာဖြစ်လို့ နှစ်ခုပေါင်းခြင်းဖြင့် acidic salt ကို ဓာတ်ပြယ်တဲ့အခြေအနေတစ်ခုသို့ ရောက်ရှိစေတာပဲဖြစ်ပါတယ်။ ဘော်ဒိုကို ဆေးရည်အပြင်၊ အမှုန့်အနေနဲ့ပါ အသုံးပြုလို့ရပါတယ်။
ဆာလဖာကိုတော့ ကာကွယ်မှိုသတ်ဆေးအဖြစ် ပန်းသီးအကြေးခွံရောဂါ၊ အညိုရောင်ပုပ်တဲ့ရောဂါ (brown for)၊ ကြပ်ခိုးမှိုရောဂါ၊ နှင်းဆီမှာကျရောက်တဲ့ အနက်ရောင်အစက်အပြောက်ရောဂါ (rose black rot)၊ သံချေးရောဂါ (rust) နဲ့ အခြားရောဂါတွေကိုကာကွယ်ဖို့ အသုံးပြုနိုင်ပါတယ်။ Sulfur ကို အမှုန့်ရော အရည်ပါ အသုံးပြုနိုင်ပြီး သူက အက်ဆစ်ဓာတ်များတာဖြစ်လို့ အသုံးပြုသူရဲ့ မျက်လုံးနဲ့ အဆုတ်ကို ထိခိုက်နိုင်တဲ့အတွက် စနစ်တကျ ကိုင်တွယ်အသုံးပြုပါ။ ဆာလဖာကို အသုံးမပြုလိုပါက oil spray ဖျန်းလို့ရပါတယ်။ ဆာလဖာကတော့ အပူချိန် ၈၀ ဒီဂရီဖာရင်ဟိုက်ကျော်ပါက အပင်ကို ထိခိုက်နိုင်ပါတယ်။
ထုံးကို ဆာလဖာနဲ့အတူထည့်ပီး အသုံးပြုပါက အပင်တစ်ရှူးထဲထိ စုပ်ယူမှုအားကောင်းစေပြီး သူ့ရဲ့အရောအနှောဟာ ပိုပီး caustic (ဆပ်ပြာ) ဆန်သွားစေပါတယ်။ စနစ်တကျ ကိုင်တွယ်အသုံးပြုဖို့တော့ မမေ့ပါနဲ့။
အဆိပ်အတောက်အနည်းဆုံး ကာကွယ်နိုင်မယ့်ပစ္စည်းတွေက ဘာတွေလဲ
- မုန့်ဖုတ်ဆိုဒါမှုန့်
- ဖော့စဖိတ်
- ဆီလီကာ
- ဟင်းသီးဟင်းရွက်ဆီ
- Mineral oil solution
- တမာဆီ
- ဆပ်ပြာ
- ကြက်သွန်ဖြူ တို့ပဲဖြစ်ပါတယ်။ တစ်ခုချင်းစီရဲ့ အသုံးပြုပုံတွေ ကာကွယ်နှိမ်နင်းနည်းတွေကို နောက်ဆောင်းပါးမှာ ထပ်ဖော်ပြပေးသွားပါ့မယ်။
ဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from မြတ်စုဝေ
အားလုံး