တောင်သူများအတွက် အသုံးဝင်ပြီး ကုန်ကျစရိတ် သက်သာစေမည့် ဘော်ဒိုဆေးရည် ပြုလုပ်နည်း
ဘော်ဒိုဆေးရည် ဖြစ်ပေါ်လာပုံ
Bordeaux (ဘော်ဒို) ဆိုတဲ့ ဆိပ်ကမ်းမြို့တစ်မြို့မှာ စပျစ်တွေ အများကြီး စိုက်ပြီး ဝိုင်ပြုလုပ်ကြသတဲ့။ အဲဒီက ထွက်တဲ့ ဝိုင်တွေက နာမည်ကြီးလာတော့ အနီးအနားပတ်ဝန်းကျင်မှာလည်း စပျစ်ခင်းတွေချည်းပဲ ဖြစ်ကုန်ကြတယ်။ သီးနှံတစ်မျိုးတည်းကိုပဲ တစ်ကွင်းတစ်စပ် စိုက်ပျိုးခြင်း (Monoculture) ဟာ ဂေဟစနစ်ကို အခြေပျက်စေတဲ့အတွက် ပိုးမွှားရောဂါ ကပ်ဆိုးကျရောက်ဖို့ လွယ်ကူပါတယ်။ တစ်နှစ်ကျတော့ စပျစ်စိုက်ခင်းတွေမှာ ဒေါင်းနီး ရွက်ခြောက် ရောဂါ ကပ် ကျရောက်လာပါတော့တယ်။ ဒီအချိန်မှာ Uni Bordeaux (Bordeaux မြို့မှာရှိ) က ပါမောက္ခ Millardet က အဲဒီနယ်ကရောဂါကျနေတဲ့ စပျစ်ခြံတွေကို အသေးစိတ် သုတေသနလုပ်တော့ လမ်းနားနီးတဲ့စပျစ်ပင်တန်းတွေမှာ ရောဂါကျတာ မတွေ့ရပဲ စပျစ်သီးတွေရဲ့အရောင်ကထူးခြားနေလို့ ခြံရှင်ကို မေးတော့ လမ်းမှာ ဖြတ်သွားတဲ့သူတွေ ခူးမစားရဲအောင်ဒုတ္ထာနဲ့ ထုံး ရောပြီး ဖြန်းထားတာ လို့ ခြံရှင်ကပြောပါတယ်။ အဲဒီလိုနဲ့ဒုတ္ထာ ထုံး အရောက downy mildew ကိုနိုင်တာလို့ တွေ့လာတာပါ။ လယ်သမားတွေရဲ့ မစားရဲအောင် ပြုလုပ်ထားတဲ့ ခလုပ်တိုက် သုတေသနက တစ်ဆင့် တက္ကသိုလ် စမ်းသပ်ခန်းထဲထိ ရောက်သွားပြီး ဘော်ဒိုဆေးရည်က တိကျတဲ့ အညွှန်းတွေနဲ့ ဖော်ထုတ်နိုင်ခဲ့ပြီး အခုဆို တောင်သူတွေရဲ့ လက်ဆွဲ ဆေးစွမ်းကောင်း တစ်လက် ဖြစ်လာခဲ့ပါပြီ။
ဒီတော့ ဘော်ဒိုဆေးရည် ဖျော်စပ်ပုံအကြောင်းလေးကို ကြည့်ကြရအောင်လား။
ပါဝင်ပစ္စည်းများ
ဒုတ္တာ ၂၈ ကျပ်သား (၁ ပေါင်)
ထုံး ၂၈ ကျပ်သား (၁ ပေါင်)
ရေ ၁၀ ဂါလံ (၁ ဂါလံ = ၁၀ ပေါင်)
ရောစပ်သည့် အချိုး
ဒုတ္ထာ ၁ ပေါင်- ထုံး ၁ ပေါင် - ရေ ၁၀၀ ပေါင်(၁၀ ဂါလံ)
၁ - ၁ - ၁၀၀ - ၂ %ဘော်ဒိုဆေးရည်
ဒီတော့
ဒုတ္တာ ၂၈ ကျပ်သား- ထုံး ၂၈ ကျပ်သား - ရေ၁၀ ဂါလံ
ဖျော်စပ်ပုံ

ဒုတ္ထာ၂၈ ကျပ်သား ကိုရေ၅ဂါလံနှင့် ပုံးတစ်ပုံး တွင်ဖျော်ပါ ။နောက်ထပ် ပုံးတစ်ပုံးတွင် ထုံး ၂၈ ကျပ်သား ကိုရေ၅ဂါလံ တွင်ဖျော်ပါ။ ထိုသို့ဖျော်ပြီးနောက် ဖျော်ရည်နှစ်မျိုး ကိုပေါင်းစပ် လိုက်လျှင်ဘော်ဒိုဆေးရည် ရရှိ မည်ဖြစ်ပါ တယ် ။ဆေးရည်ကို ၂၄ နာရီ အတွင်း အသုံးပြုရမည်။ အချို့ စာအုပ်များတွင် တိုက်ရိုက်ရောစပ်ဖျော် ရန်ရေးထားတာ ကိုတွေ့ရပါတယ်။ သီးခြား ခွဲဖျော်ထားပါက လိုအပ်သည့် အချိန်တွင် လိုအပ်သလောက် စပ်ပြီး အသုံးပြုနိုင်သည့် အတွက်ဆေးရည် ဆုံးရှုံးလေလွင့်မှု သက်သာနိုင်တယ်။
သတိပြုရန်မှာ သံ/သွပ်ပုံးများတွင် မဖျော်ရပါ။ သံ/သွပ်တို့နှင့် ဓာတ်ပြုသွားပြီး အာနိသင်သက်ရောက်မှု နည်းသွားမည် ။ဆေးရည် ကိုမွှေတဲ့နေရာမှာ လည်း သစ်သားဒုတ်၊ ပလပ်စတစ်ချောင်း တို့ဖြင့် သာမွှေပေးပါ။
ဘယ်လိုသုံးမလဲ
- အပင်ကိုနှံစပ်အောင် ဖျန်းပေးပါ ။နေသာပြီးခြောက်သွေ့တဲ့ မနက်စောစောမှာဖြန်းနိုင်ရင်တော့ အကောင်းဆုံးပါ။
- ဖျန်းနေစဉ် အတောတွင်း မှာ ဆေးပုံးထဲ ရှိဆေးရည်များ အနယ် ထိုင်မသွားအောင် တတ်နိုင်သလောက်လှုပ်ပေးပါ။
- ရောစပ်ပြီး ၂၄ နာရီအတွင်း အသုံးပြုပါ။
ကာကွယ်နိုင်သည့်ရောဂါများ
- ဘက်တီးရီးယားရွက်ခြောက်ရောဂါ
- ဘက်တီးရီးယားပင်ညှိုးရောဂါ
- မှိုပြောက်ရောဂါ
- ဒေါင်းနီရွက်ခြောက်ရောဂါ
- နှောင်းပင်နာကျရောဂါ
- သံချေးရောဂါနှင့်
- မှိုရောဂါများ
အခြားအသုံးပြုနိုင်သည့်နည်းလမ်းများ
ကိုင်းကူးကိုင်းဆက်ပြုလုပ်ပြီးပါက ကိုင်းဖြတ်ရာများကို သုတ်လိမ်းထားပါကရောဂါကူးဆက်ခြင်းမှ ကာကွယ်နိုင်သည်။ ကွမ်းမျိုးကိုင်းများ ကိုဘော်ဒိုဆေးရည် တွင်စိမ်ပေးခြင်းဖြင့် မှို၊ ဘက်တီးရီးယား ကူးဆက်ခြင်းမှ ကာကွယ်နိုင်သည်။
REF : Green Way သင်ရိုးစာအုပ်
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ဘော်ဒိုဆေးရည်
maungmaung
လွန်ခဲ့သော ၂ နှစ် ကကွမ်းကိုသုံးလို့ရလား
အောင်မျိုး
လွန်ခဲ့သော ၃ နှစ် ကမပေါက်ထုံးလား
Phyo Wai Htun
လွန်ခဲ့သော ၄ နှစ် ကတစ်ဂါလံကိုလေးလီတာပါ
payephyokyaw
လွန်ခဲ့သော ၄ နှစ် ကဆေးဖျန်းပုံးတစ်ပုံးကိုဘယ်လောက်ထည့်ဖျန်းရမလည်းဗျ
သက်နိုင်
လွန်ခဲ့သော ၄ နှစ် ကလီတာနဲ့ကြ၁၀ဂါလံကိုဘယ်နယ်လီတာလည်း
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ကြွက်တေကိုက်တယ်ဗျာဘာဆေးသုံးရမလဲပြောကြပါအုန်း
naymyo • ဖြေကြားချက် 3 ခု
ဆရာတို့ခဗျာ စပါးပင်က အရွက်ဝါပြီး အဖျားခြောက်နေလို့ ပုံကို ကြည့်ပြီး မခွဲခြားတတ်လို့ပါခင်ဗျာ ဘယ်လိုဆေးမျိုးသုံးရပါမလဲခင်ဗျာ
U San • ဖြေကြားချက် 2 ခု
အိမ်စားဖို့ ကန်စွန်းရိုးတံလေးတွေ ရေစိမ် အမြစ်ဖောက်ပြီးမှ မြေဆီလွှာဖြည့်ထားတဲ့အိုးထဲစိုက်တာ။ ၈ ရက်ကြာတော့ ပုံထဲကလိုဖြစ်ပြီး တစ်အိုးလုံးနှုတ်ပစ်လိုက်ရတယ်။ဘာဖြစ်တာလဲဗျ။ အဲလိုမဖြစ်အောင် ဘယ်လိုစိုက်ရမလဲ ပြောပြပေးပါခင်ဗျ။
ကို ငယ် • ဖြေကြားချက် 2 ခု
မှိုသတ်ဆေး Copper Oxychloride. 45 % Kasugamycin. 2 % ဖျန်းထားတာ ၂ ရက်ရှိပြီ။ ပေါင်းသတ်ဆေး 2/4 D သုံးချင်လို့ ရက် ဘယ်လောက်ခြားရမလဲဗျ။
Ye Naing • ဖြေကြားချက် 3 ခု
စပါးအရွက်ခြောက်နေတယ် ဘာကြောင့်လဲ ဖြေကြားပေးပါ။ 🌾🌾🌾🌾
bominthu • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
09/09/2026
ဗီဒီယို
မတ်ပဲမျိုးစေ့ကို ထုံးဘာလို့ လူးကြတာလဲ
08/09/2026
စိုက်ပျိုးရေးဆိုင်ရာ ရေထုတ်နည်းပညာ
08/09/2026
အသားဈေးရဲ့ ၂ ဆ နီးပါးဖြစ်နေတဲ့ ငါးခြောက်ဈေးကွက်
08/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....