အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ပျိုးခင်းထဲ သတိ

ပျိုးခင်းထဲ သတိ

Htunn Winn Kyaw
Htunn Winn Kyaw • Greenovator • 04/08/2020

     မှိုပင်လေးတွေ အိမ်နားမှာ  ပျိုးခင်းမှာ ထွက်တတ်ကြတယ်။  အဲ့လိုထွက်လာတယ်ဆို​ရင် ဘာကြောင့်ထွက်တတ်လဲ ဘယ်လိုအခြေအနေမျိုးမှာ ရှိတတ်လဲ ဆိုတာကို ဒီတစ်ခေါက်မှာ ဖော်ပြလိုက်ပါတယ်။

ဘာကြောင့် ပေါက်တတ်သလဲ

     (က) မှိုမျိုးပွားအင်္ဂါလေးတွေ ဖြစ်တဲ့ စပိုးလေးတွေက မြေကြီးထဲမှာ ရှိနေလို့ ပေါက်တာဖြစ်ပါတယ်။  တစ်နည်းနည်းနဲ့ ကိုယ့်စိုက်ကွင်းနား ပျိုးခြံနား ရောက်လာနိုင်ပါတယ်။ အဲ့လိုရောက်လာရင်းနဲ့ အခြေအနေ အချိန်အခါပေးတဲ့ အခါမှာ အပင်ပေါက်လာတာ ဖြစ်ပါတယ်။ 

     (ခ) မြေကြီးက ကောင်းနေလို့၊ စပ်မြေက အာဟာရပြည့်နေလို့။  ဆိုတဲ့အတိုင်းပါပဲ။  မှိုတွေကြိုက်တဲ့ မြေမျိုးဆိုတာက အဆွေးပစ္စည်းတွေ ပြည့်နေတတ်တဲ့ မြေမျိုး ကောင်းတဲ့ မြေမျိုး ဖြစ်ပါတယ်။  အဲ့လိုမြေမျိုးမှာမှ မှိုတွေက ကောင်းကောင်းပေါက်ရောက်ပြီး ထွက်လာတတ်တာဆိုတော့ ပေါက်ရင်တော့ မြေကောင်းတယ် ဆိုတဲ့ သဘောပါပဲ။ 

အပင်တွေကို အန္တရာယ်ဖြစ်စေနိုင်သလား။ 

     အတိုကောက် ဆိုရရင်  နိုး ပါပဲ။ အပင်တွေကို အန္တရာယ်မဖြစ်စေနိုင်ပါဘူး။  

      ပေါက်နေကျ မှိုတွေက  Leucopcorprins birnbaumii တွေဖြစ်ပြီးတော့ အဝါဖျော့ရောင်လိုမျိုး ရှိတတ်ကြပါတယ်။ အပင်တွေကို ထိခိုက်မှုမဖြစ်စေပါဘူး။  သူတို့က အဆွေးတွေကို ပိုစိတ်ဝင်စားတာကြောင့်ပါပဲ။ ထားထားလို့်လည်း ကိုယ်စိုက်ထားတဲ့ အပင်တွေရဲ့ အရသာကိုလည်း ထိခိုက်စေမှာ မဟုတ်ပါဘူး။ 

လူတွေကိုရော ထိခိုက်စေနိုင်လား

     ဆိုတော့ မစားမချင်း ဘာမှ မဖြစ်နိုင်ပါဘူး။  အဆိပ်သင့်တယ်ဆိုလည်း ပါးစပ်ထဲ ရောက်မှပဲဖြစ်မှာပါ။  

မြွေတွေ ဘာတွေလာရင် ဘယ်လိုလုပ်မလဲ မကြိုက်ဘူး သူတို့မရှိအောင် ဘယ်လိုလုပ်ရမလဲ

     ဆိုရင်တော့ အိုးနဲ့စိုက်သမားတွေက လွယ်ပါတယ်။  အိုးထဲက မြေ ၃ ပုံ ၁ ပုံလောက်ကို လဲပေးလိုက်ပါ။ ဈေးကွက်ထဲမှာလည်း မှိုသတ်ဆေး အများကြီးပေါ်နေပါပြီ။  

ဘာပဲဖြစ်ဖြစ် 

     ကိုယ့်ခြံလေး ကိုယ်စိုက်ထားတဲ့ အိုးလေးထဲမှာ မှိုလေးတွေ ထွက်လာလို့ လန့်တယ်ဆိုရင် ဖြစ်တဲ့ အကြောင်းအရင်းက 

(၁)  ရေလောင်းတာများနေလို့

(၂)  မှိုစပိုးလေးတွေ ရောက်နေလို့

(၃)  ကိုယ့်မြေထဲမှာ အဆွေးပစ္စည်းတွေ များများရှိနေလို့ 

ဆိုတဲ့ အချက်လေး (၃)  ချက်ကြောင့်ပဲရှိတာပါ။ 

စိတ်မပူပါနဲ့

ထွန်းဝင်းကျော်

Reference

https://planethouseplant.com/why-are-there-mushrooms-growing-on-my-house-plant/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 

You

ဆက်စပ်မေးခွန်းများ

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

လိူင်စိုး • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။