ဆေးဖျန်းမယ်ဆို ဒါတွေဂရုစိုက်ဖို့ လိုပါမယ်
စိုက်ရေးပျိုးရေးမှာ ပိုးသတ်ဆေးတွေ ပေါင်းသတ်ဆေးတွေ မှိုသတ်ဆေးတွေ သုံးနေကြရတယ်ဆိုတာကတော့ တောင်သူတိုင်းပါပဲ။ အနည်းနဲ့အများဆိုတာပဲကွာခြားကြတာ။
အများဆုံးလက်ခံနိုင်တဲ့ ဓာတ်ကြွင်းပမာဏ
ဆေးတွေသုံးလိုက်ရင် ဓာတ်ကတော့ ကျန်တာပဲ အဲ့လိုကျန်တာကတွေကို အတိုင်းအတာတစ်ခုအထိတော့ လက်ခံပေးလို့ရပါတယ်။ အများဆုံးလက်ခံနိုင်တဲ့ပမာဏကိုတော့ သတ်မှတ်ထားတာ ရှိပါတယ်။ အဲ့သတ်မှတ်ချက်ကိုတော့ အင်္ဂလိပ်လိုဆိုရင် Maximum Residue Limit - အများဆုံးဓာတ်ကြွင်းအတိုင်းအတာ လို့ခေါ်ပါတယ်။ အဲ့အတိုင်းအတာကို တစ်နိုင်ငံကနေ တစ်နိုင်ငံကို ကုန်တွေတင်ပို့တော့မဲ့အချိန်မှာ စစ်တတ်ကြပါတယ်။ ကျော်လွန်နေတယ်ဆိုရင် လက်မခံကြတော့ပါဘူး။ ဘာလို့ အဲ့လိုလုပ်လဲဆိုတော့ စားသောက်လိုက်တဲ့ အစားအစာထဲမှာ အဲ့လိုကောင်တွေ အများကြီးပါနေရင် စားတဲ့လူတွေတင်မကပဲ မျိုးဆက်လိုက်ပြီး ဒုက္ခတွေ့တတ်လွန်းလို့ ကြိုတင်ကာကွယ်တဲ့ သဘောပါပဲ။ တစ်ရက်မှာ အဲ့လို ဓာတ်ကြွင်းတွေကိုစားမိရင် တစ်ရက်အတွင်း လက်ခံနိုင်တဲ့ပမာဏဆိုတာ ရှိပါတယ်။ အဲ့ဒါကို Acceptable Daily Intake - လက်ခံနိုင်တဲ့ တစ်နေ့တာ စားသုံးမှု လို့ ခေါ်ပါတယ်။
Maximum Residue Limit ဆိုတဲ့ MRLs ကို ဘယ်အချိန်မှာ တိုင်းရလဲဆိုတော့ သီးနှံတွေကို ဆေးတွေဖျန်းပြီးတဲ့အချိန်မှာ တိုင်းတာရပါတယ်။ သုံးလိုက်တဲ့ ဆေးမှာပါတဲ့ အညွှန်းအတိုင်း သုံးပြီးတော့မှ တိုင်းတာတာပါ။ အစားအသောက်နဲ့ ဆေးဝါးတွေမှာ မဖြစ်မနေ ပုံမှန်လုပ်ရပါတယ်။
မရိတ်သိမ်းခင် ကြားပိုင်းကာလ
အင်္ဂလိပ်လို Preharvest Interval (PHI) လို့ခေါ်ပြီးတော့ ဘာကိုဆိုလိုတာလဲဆိုတော့ ဆေးသုံးပြီးတော့ မရိတ်သိမ်းရခင် စောင့်ရမဲ့အချိန်ကာလကို ပြောတာဖြစ်ပါတယ်။ ဆေးဖျန်းထားလိုက်ရင် အပင်တွေကြီးထွားမှုအရပဲဖြစ်ဖြစ်၊ ပတ်ဝန်းကျင် နေရောင်ခြည်နဲ့ မိုးတွေလို အရာတွေကြောင့်ပဲဖြစ်ဖြစ် နောက်ပြီး မြေကြီးထဲမှာရှိတဲ့ အဏုဇီဝသက်ရှိတွေကြောင့်ပဲဖြစ်ဖြစ် ပြောင်းလဲမှုတွေဖြစ်လာနိုင်ပါတယ်။ ရေကန်ထဲ ခဲချလိုက်သလိုပေါ့၊ ရေကန် ပြန်ငြိမ်သွားအောင် ခဏတော့ ပြန်စောင့်ရတဲ့သဘောပါပဲ။
ဝင်ခွင့်ပိတ်ပင်တဲ့ ကြားပိုင်းကာလ
Restricted Entry Interval လို့ခေါ်ပါတယ်။ ဘာကိုပြောတာလဲဆိုတော့ ဆေးဖျန်းပြီး စိုက်ခင်းထဲကို ချက်ချင်းမဝင်ရပဲ စောင့်ရမဲ့ အနည်းဆုံးအချိန်ပိုင်းကာလကိုပြောတာပါ။ ဘာလို့ အဲ့ဒါက အရေးကြီးလဲဆိုတော့ လုပ်ကိုင်နေတဲ့ တောင်သူဦးကြီးတွေ ဆေးထိတွေ့ပြီးတော့ အန္တရာယ်မဖြစ်လာအောင် ကာကွယ်ထားတာမို့ အရေးကြီးပါတယ်။ အဲ့လို သတ်မှတ်ထားတဲ့ကာလဟာဆိုရင် ဆေးမှာပါတဲ့ ပစ္စည်းတွေအပေါ်မှာ မူတည်ပြီးတော့ နာရီပိုင်းကနေ ရက်အနည်းငယ်လောက် ကြာနိုင်ပါတယ်။
အမှန်တကယ်တော့ ဆေးဖျန်းပြီးရင် မဝင်ရဆိုတဲ့ စာတန်းလောက်တော့ ထောင်ထားတာဖြစ်ဖြစ် အရံအတားလုပ်ထားတာဖြစ်ဖြစ် လုပ်ထားပေးနိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။ ပြီးတော့ ဆေးဖျန်းနေချိန်မှာလည်း PPE လို့ခေါ်တဲ့ တစ်ကိုယ်ရည်သုံးကာကွယ်ပစ္စည်း (Personal Protective Equipment) တွေကို သုံးသင့်တာပါ။
ထွန်းဝင်းကျော်
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026