မောင်နီတို့ ပျိုးတဲ ပျိုးအိမ်..
မိညိုရေ မိညို….
ဟေ့ မောင်နီ…
ဟော် ဘယ်သူများတုန်းလို့
ညားခါစ လင်မယားပါလား
ဂျီးဒေါ်ကြီး ညားခါစပါလား ငါ့မင်္ဂလာဆောင် မင်းမလာတာ စိတ်အတော်မကောင်းကွာ
ဟာ ကျွန်တော်မှ မမွေးသေးတာကို
မွေးပါပြီကွာ…တုံးလုံး လုံးတုံးနဲ့ ဟားဟား…
ကိုလှသန်းကြီးကတော့ လုပ်ပြီ..
အမညိုကတော့ မြို့တက်သွားလေရဲ့ ဒါပေမဲ့ ကျုပ်ရှိပါတယ်။ ဒီမှာ ရေနွေး ဒီမှာ လက်ဖက်၊ ယပ်တောင်လေးတော့ သွားယူဦးမယ်နော့ ခဏ ခဏ
မင်းခြံ ဝင်လာတုန်းက မန်ကျည်းပင်အောက်နား အိမ်က ဘာတုန်းဟ

ဟောဗျာ တဲလောက် လုပ်ပါ၊ အိမ်လောက်တော့ မကြီးပါဘူး ကိုလှသန်းရယ်
ပျိုးတဲပါ၊ ပျိုးပင်တွေထည့်ထားတာ။
ဟေ လိုလို့လား
လိုတာပေါ့၊ ဒါလေးက ရိုရိုသေသေထား ခိုင်ခံရင် သုံးပါလိမ့်ဗျာ
အမိုးက မိုးကာအုပ်လည်းရတယ်၊ မိုးလိုက်လည်းရတယ်၊ မိုးရွာတော့ ရေမနာဘူးပေါ့၊ မိုးမရွာလည်း နေပူမိတာ မဖြစ်ဘူးပေါ့၊
ကြမ်းခင်းကလည်း မြင့်ထားတယ်ဆိုတော့ မိုးပြန်ထိတာမရှိ၊ ရေဝပ်တာလည်း မခံရပေါ့။
အကာကျ ပိုက်ပါး အုပ်ထားတာ၊ အုပ်ချင်လည်းရတယ်။ မအုပ်ချင်လည်းရတယ်။
အုပ်ထားတာကျ ပိုးကောင်မွှားကောင် မဝင်ဘူးပေါ့၊ ရေမပက်ဘူးပေါ့။
ရေကျရော
ဆေးဖျန်းပုံးနဲ့ ရေသေချာဆေး ရေထည့် ဖျန်းတာလေ၊ မဟုတ်လည်း လေထိုးဘူးနဲ့ ဖျန်းတာပေါ့။ ရေလည်း လို မလို ချိန်လို့ရတယ်လေ…
ကောင်းသားဟ…
ငါတို့ကျ ဘောင်နဲ့လေဟ၊ မင်းလို အခွက်အခွက်လေးတွေက ဈေးမနည်းပေးရမှာဟ
ဘောင်ကိုလည်း အဲ့လိုခတ်လို့ရတယ်လေ။ တိုင်ထောင်ပြီး အမိုးမိုး၊ အကာကာလိုက်လို့လည်းရတယ်။ ဒါက ဘောင်နဲ့ပျိုးတာပေါ့။
ပျိုးဗန်းကလည်း ဈေးမများပါဘူး ကိုလှသန်းရယ် သေချာသုံးရင် ၃-၄-၅ ခါ လောက်သုံးလို့ရတယ်။ ပိုက်ဆံလည်းမကုန်ဘူး ပျိုးထုတ်လည်း ရမဲ့ နည်းရှိသဗျ
သရက်ခြံ သဌေးရ…..
အေး ပြောစမ်းပါဦး
မပြောပါဘူး ဦးလှသန်း မင်္ဂလာဆောင်တုန်းက ကျုပ်ဖိတ်တာမှတ်လို့
မောင်နီရယ် မင့်ဟာက အဖေနဲ့ အမေ မင်္ဂလာဆောင်မတက်ရတဲ့ ကလေး ဂျီကျနေသလိုပဲ..ငါ့သားရေ…….
ဗျာ….
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့
မြားနီနည်းပညာပေးရေးအဖွဲ့
မြားနီနည်းပညာပေးရေးအဖွဲ့ သည် မြားနီမျိုးစေ့ ကုမ္ပဏီနှင့် ထူးခြားသော ချိတ်ဆက်မှုရှိသည့် အကျိုးအမြတ်မယူသော အဖွဲ့ အစည်းတစ်ခုအဖြစ်ရပ်တည်လျက်ရှိပြီး အပူပိုင်းဒေသရှိ ဟင်းသီးဟင်းရွက်စိုက်ပျိုးသူ တောင်သူများ၏ လူနေမှုဘဝမြင့်မားလာစေရေး၊ လုံခြုံစိတ်ချရသည့် လတ်ဆတ်သော ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်မှုနည်းလမ်းများ ပံ့ပိုးကူညီပေးခြင်းနှင့်ဈေးကွက်ကိုဖော်ဆောင်နိုင်ရေးအတွက်တောင်သူများနှင့် ချိတ်ဆက်ပြုလုပ်ဆောင်ရွက်နေသောအဖွဲ့ဖြစ်ပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026