အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဟင်းသီးဟင်းရွက်စိုက်ပျိုးသော တောင်သူများ စိုက်ခင်းနေရာရွေးချယ်နည်း

ဟင်းသီးဟင်းရွက်စိုက်ပျိုးသော တောင်သူများ စိုက်ခင်းနေရာရွေးချယ်နည်း

စိုက်ခင်းနေရာသည်

-    တစ်နှစ်ပတ်လုံး သို့ စိုက်ပျိုးရာသီချိန်တစ်လျှောက်လုံး ရေရရှိသည့် အရင်းအမြစ်တစ်ခုရှိသင့်ပါသည်။ ရေပုံမှန်လောင်းရန်လိုအပ်သောကြောင့်ဖြစ်ပါသည်။

-    မြေသားအမျိုးအစားများကိုလည်း စစ်ဆေးပါ။ ရေထိန်းစွမ်းအားမကောင်းသော သဲမြေတွင် အော်ဂဲနစ်မြေသြဇာများ ထည့်သွင်းပြုပြင်နိုင်ပါသည်။

-    တစ်ရက်လျှင် အလင်းရောင် အနည်းဆုံး (၆)နာရီ ရရှိသောနေရာကိုရွေးချယ်ပါ။ အပင်ကြီးထွားမှုနှင့် အစာချက်လုပ်ရန်အတွက် နေရောင်သည် အကောင်းဆုံးအထောက်အကူဖြစ်ပါသည်။

-    စိုက်ခင်းနေရာတွင် ကျရောက်ခဲ့သော အင်းဆက်နှင့် ဖျက်ပိုးများ၊ ရောဂါများ၏ နောက်ခံသမိုင်းကြောင်းများကို လေ့လာသုံးသပ်ပါ။ တူညီသောမျိုးရင်းဝင် သီးနှံများကို ထပ်မံစိုက်ပျိုးခြင်းမှ ရှောင်ကြဉ်သင့်ပါသည်။

-    ရာသီဥတု အခြေအနေများ၊ ပူခြင်း၊ အေးခြင်း၊ မိုးများခြင်း၊ မိုးနည်းခြင်း၊ ရေလွှမ်းမိုးခြင်း စသည့်အချက်များကိုလည်း ထည့်သွင်းစဉ်းစားရွေးချယ်သင့်ပါသည်။

-    မြေမျက်နှာသွင်ပြင် အနိမ့်အမြင့်၊ ဆင်ခြေလျှောများ၊ ကွန်တိုများကိုလည်း စစ်ဆေးပြီး ပြင်ဆင်ထားသင့်ပါသည်။

စိုက်ခင်းနေရာကိုလည်း

-    ပေါင်းမြက်များရှင်းလင်းခြင်း (ပန်းမပွင့်မီ (သို့) မျိုးစေ့မထုတ်မီကာလတွက် ဖယ်ရှားပါ)

-    သီးနှံအကြွင်းအကျန်များဖယ်ရှားရှင်းလင်းပေးခြင်းများပြုလုပ်ပြီး

-    ရောဂါကျရောက်နေသောသီးနှံများကိုဖယ်ထုတ်ပြီး မြေကျင်း သို့ မြေဆွေးပုံများပြုလုပ်ထားသင့်ပါသည်။

-    ကျောက်တုံးကျောက်ခဲများရှိပါက ကြိုတင်ဖယ်ရှားထားသင့်ပါသည်။

စိုက်ဘောင်များပြုလုပ်ခြင်း

စိုက်ဘောင်များ ပြုလုပ်စိုက်ပျိုးခြင်းအားဖြင့် သီးနှံများကို စီမံခန့်ခွဲမှုများ ကို ပိုမိုလွယ်ကူစေပါတယ်။

-    စိုက်ဘောင်များပြုလုပ်ရန်အတွက် (၃) ပေအကျယ်၊

-    အမြင့် (၄-၈)လက်မ (မိုးရာသီအတွက် (၁)ပေမှ (၁)ပေခွဲ) ရှိသော စိုက်ဘောင်များကို

-    ဘောင်ကြား တစ်ပေခွဲ စီ ခြားပြီး ပြုလုပ်ပါ။

-    စိုက်ဘောင် အရှည် (၆) ပေတိုင်းတွင် ကောင်းစွာဆွေးမြည့်သော မြေဆွေး ဒါမှ မဟုတ် ဒေသတွင်း ရရှိနိုင်သည့် သဘာဝမြေသြဇာ (၂)ပြည် ကို ထည့်ပေးပါ။

မြေကြီးတွင်းပါဝင်သည့် ဓာတ်များကို စစ်ဆေးကြည့်ပါ။

-    ချဉ်ငံကိန်းသည် အပင်လိုအပ်သည့်ပမာဏအောက် လျော့နည်းနေပါက ပညာရှင်များအကူအညီဖြင့် ထုံးထည့်ရန်ပြင်ဆင်ပါ။

-    မြေကြီးတွင် ပါဝင်နေသည့် နိုက်ထရိုဂျင်၊ တီစူပါ၊ ပိုတက်ရှ် တို့ကို စစ်ဆေးပါ။

မြေဆီသြဇာကောင်းမွန်စေရန်အတွက် အကောင်းဆုံးအကြံပြုချက်များ

(၁) သစ်ရွက်စိမ်းမြေသြဇာ

ပဲမျိုးရင်းဝင်အပင်များကို အသုံးပြုပြီး ပန်းမပွင့်မီ ထယ်ထိုးမြေမြုပ်ပေးခြင်းအားဖြင့် မြေဆီလွှာအခြေအနေကိုတိုးတက်ကောင်းမွန်စေပါသည်။ 

(၂) သီးလှည့်စိုက်ပျိုးခြင်း

မျိုးရင်းဝင်မတူသော သီးနှံများကို အလှည့်ကျစိုက်ပျိုးပေးခြင်းအားဖြင့် မြေဆီလွှာတွင်း အာဟာရဓာတ်များကို ထိန်းသိမ်းနိုင်ပါသည်။ 

(၃) ဖုံးအုပ်စိုက်ပျိုးခြင်း

ကောက်ရိုး၊ သစ်ရွက်ခြောက် စသည်တို့ဖြင့် စိုက်ဘောင်တစ်ခုလုံးကို ဖုံးအုပ်စိုက်ပျိုးပေးခြင်းအားဖြင့် 

မြေအစိုဓာတ်ကို ထိန်းသိမ်းပေးခြင်း၊ အသီးများကို မြေကြီးနှင့် တိုက်ရိုက်ထိတွေ့ခြင်းမှ ကာကွယ်ပေးခြင်း၊ မြေကြီးသိပ်သည်းမှုနှင့် တိုက်စားခြင်းများကို လျော့ချပေးနိုင်ခြင်း၊ ပေါင်းပင်များ၏ ကြီးထွားမှုကို လျော့ကျစေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်မေးခွန်းများ

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

လိူင်စိုး • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။