အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မြေကြီးနဲ့မှို

မြေကြီးနဲ့မှို

Htunn Winn Kyaw
Htunn Winn Kyaw • Greenovator • 27/05/2020

မှိုတွေ ဆိုလို့ အကြီးကြီးတွေ မဟုတ်ပဲ အပ်ချည်မျှင် လို အမျှင်တန်းလေးတွေနဲ့ ကြီးထွားနေတဲ့ မျက်စိနဲ့ မြင်နိုင်တဲ့ မှိုရော မမြင်နိုင်တဲ့ မှိုတွေရော မြေသားစိုင်တွေကြား ကျောက်တုံးကျောက်ခဲလေးတွေကြားမှာ ကြီးထွား ရှင်သန်နေတဲ့ မှိုလေတွေကို ဆိုလိုတာဖြစ်ပါတယ်။ တောင်သူဦးကြီးတွေ သိတဲ့ အကျိုးပြု မှိုဆိုရင် အထုပ် လေးတွေ လုပ်ရောင်းတဲ့ ထရိုင်ကိုဒါးမား လေးတွေက အကောင်းဆုံး ဥပမာဖြစ်ပါတယ်။ သူတို့က မြေကြီးထဲမှာ နေကြပြီး စိုက်ရေးပျိုးရေးမှာ ပါဝင်ကူညီကြပါတယ်။ မြေကြီးထဲမှာရှိတဲ့ မှိုကို အုပ်စု ဘယ်လောက်ခွဲလို့ရသလဲ။ အုပ်စု (၃) စု ခွဲလို့ရပါတယ်တဲ့။

အုပ်စု (၁) အဆွေးသမား သူတို့ကို အဆွေးစား မှိုတွေလို့ ခေါ်ပါတယ်။ မှိုတွေက နာမည်ကြီးတယ်လေ။ မှိုတက်ပြီး ဆွေးတယ် ဘာညာ ဆိုတာမျိုး၊ အဲ့လိုမှိုတွေက မြေကြီးထဲက အကြွင်းအကျန်တွေကို ဆွေးစေပြီးတော့ ကာဗွန်ဒိုင်အောက်ဆိုက်ကို ပြန်ထုတ်ပေးတယ်။ အဲ့လို မှိုတွေက မြေဆီမြေနှစ်ပြန်တက်ဖို့ ပြန်ဖြည့်တင်းဖို့အတွက် အရေးကြီးပါတယ်။

အုပ်စု (၂) ကျတော့ မိုက်ကိုရိုက်ဇာမှိုတွေအုပ်စု သူတို့က အပင်တွေ အမြစ်မှာ နေပြီးတော့ အပင်က ပြန်ထုတ်တဲ့ ကာဗွန်ကို ယူတယ်။ ပြီးတော့ မြေကြီးထဲက အာဟာရတွေကို အပင်ကိုပြန်ပေးတယ်။ သူတို့က တိုက်ရိုက်ကြီး ပြန်ပေးတာတော့မဟုတ်ပဲနဲ့ အပင်နားမှာရှိတဲ့ အာဟာရတွေကို ပျော်ဝင်စေတာမျိုး ဖမ်းယူပေးတာမျိုးတွေ လုပ်ပေးပါတယ်။ နိုက်ထရိုဂျင်၊ ပိုတက်စီယမ်နဲ့ ဖော့စဖိတ်တွေ တစ်ခါတစ်လေဆိုရင် ရေတောင်ပါပါသေးတယ်။ မိုက်ကိုရိုက်ဇာမှို လို့ပြောလိုက်ရင် (၂) မျိုးခွဲတယ်။ အပင်အမြစ်တွေကို အပြင်ကနေပဲ တွယ်ကပ်ပီးတော့ သဟဇာတ ဖြစ်အောင်နေပေးတဲ့ Ectomycorrhizae၊ သူက အပင်ကြီးတွေမှာ တွေ့ရတာများပါတယ်။ နောက် အပင်အမြစ်တွေရဲ့ ဆဲလ်တွေ ထဲမှာ ကြီးထွားကြတဲ့ Endomycorrhizae ၊ သူတို့ကျတော့ အပင်ငယ်တွေမှာ တွေ့ရများပါတယ်။ မြက်ပင်၊ စိုက်တဲ့ပျိုးတဲ့ အပင်ငယ်တွေနဲ့ သဟဇာတဖြစ်အောင်နေပြီးတော့ စိုက်ပျိုးရေးမှာ အကျိုးပြုပါတယ်။

အုပ်စု (၃) ရောဂါဖြစ်စေနိုင်တဲ့ မှို၊ ကပ်ပါးမှို အမြစ်တွေကို ကပ်ပါးတွယ်ပြီးတော့ အပင်တွေကို ရောဂါဖြစ်စေနိုင်တဲ့ မှိုအုပ်စုလိုမျိုး ဥပမာဆိုရင် - Verticillium၊ Pythium၊ Rhizoctonia တွေက အပင်တွေကို ရောဂါဖြစ်နိုင်တဲ့ မှိုတွေဖြစ်ပါတယ်။ အပင်တွေကို ကပ်ပါးပြုပြီး အပင်တွေမှာ ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။

မှိုတွေ ဘယ်မှာနေ

အဆွေးစားတဲ့ မှိုတွေက ဆွေးဖို့လိုတဲ့ သစ်သားလိုမျိုး စုပုံနေတဲ့နေရာမျိုးမှာ အများကြီးစုနေတတ်ပါတယ်။ တကယ်တမ်း အကျိုးပြုတာကျတော့ ဘက်တီးရီးယားတွေထက် မှိုတွေက ဆွေးမြေ့နိုင်စွမ်း ပိုများပါတယ်။ ပိုမြန်ပါတယ်။ အစိုဓာတ်မရှိ ခြောက်သွေ့နေတဲ့ အချိန်မှာဆိုရင် မှိုတွေကလည်း ခဏငြိမ်နေကြပြီးတော့ အစိုဓာတ်ရတဲ့ချိန်မှပြန်ပြီးတော့ လှုပ်ရှားကြပါတယ်။ သူတို့က လေရမှ အလုပ်လုပ်တဲ့ သက်ရှိတွေဖြစ်တာကြောင့် မြေအရမ်းကျပ်ပြီး လေမဝင်တာမျိုးကို မဖြစ်အောင် ဂရုစိုက်ပေးသင့်ပါတယ်နော်။ မှိုလေးတွေက သစ်တောမြေတွေမှာ အများဆုံး တွေ့ရပြီးတော့ လူတွေကို ကောင်းကျိုးပြုနေပါတယ်။ အခုဆို မြေကြီးထဲမှာ ရှိတဲ့ သက်ရှိလေးတွေထဲက မှိုလေးတွေ အကြောင်းကို သိလောက်ပြီလို့ထင်ပါတယ်။ တောင်သူဦးကြီးများ အကျိုးစီးပွား တိုးတက်အောင်မြင်ကြပါစေ။

ထွန်းဝင်းကျော်

Reference AGEC 311-Soil Chemistry and Soil Microbiology pdf, published by Agricultural University Alumni Association (AUAA).

You

ဆက်စပ်မေးခွန်းများ

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

လိူင်စိုး • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။