မောင်နီပြောတဲ့ ဆေးဖျန်းပုံးဆေးနည်း
ဒီနေ့မှာတော့ မောင်နီက ဆေးဖျန်းပုံးကို ဘယ်လို ဆေးရမလဲဆိုတာကို ပြောပြပေးမှာဖြစ်ပါတယ်။
ဘယ်လို ဆေးဖျန်းပုံးပဲဖြစ်ဖြစ် ပြန်မသိမ်းခင်မှာ ဒီလိုလေး ဆေးပေးဖို့ အကြံပေးပါတယ်နော်။
ကွင်းထဲမှာ ဆေးဖို့ သင့်တော်တဲ့ နေရာကိုရှာပါ။ စီးဆင်းနေတဲ့ မြစ်ချောင်းတွေမှာ ဆေးရင် ရေထုညစ်ညမ်းပြီး အဆိပ်သင့်စေနိုင်လို့ ရေအရင်းအမြစ်နားကိုတော့ သတိပြုရှောင်ရှားစေလို့ပါတယ်။
ဆေးဖျန်းပုံးကို ဆေးတဲ့အချိန်မှာလည်း ကိုယ်ခန္ဓာကို ကာကွယ်နိုင်ဖို့ ဆေးဖျန်းစဉ်က ဝတ်ဆင်ထားတဲ့ ဝတ်စုံပြည့်အတိုင်းပဲ ဆေးပေးပါ။ လက်အိတ်တွေ၊ နှာခေါင်းစည်းတွေပါ တပ်ထားရပါမယ်။
ရေ (၁) လီတာလောက်ကို ဆေးပုံးထဲ ထည့်ပေးပါ။ ဆပ်ပြာ ရော ထည့်လို့ရပါတယ်။ ပြီးရင် အဖုံးပိတ်ပြီး ဆေးဖျန်းပုံးကို လှုပ်ခါပေးပါ။

နော်ဇယ်ခေါင်းနဲ့ ရေစစ်ဇကာတွေကိုဖြုတ်ပြီး ရေစိမ်ထားပါ။
ဆေးဖျန်းပုံးထဲကို ပိုက်ခေါင်းပြန်ထည့်ပြီး ခလုတ်ဖွင့်ပေးပါ၊ လက်နှိပ်ဆိုရင် လက်ကိုင်နှိပ်ပေးပါ။ ပိုက်လိုင်းအတွင်းဖက်ကို ဆေးကြောတာပါ။

ပြီးရင်တော့ အဖုံးပြန်ပိတ်၊ နော်ဇယ်ခေါင်းပြန်တပ်ပြီး အထဲကရေတွေ ကုန်အောင် ခလုတ်ဖွင့်ပြီး ဖျန်းပေးပါ။

ရေကုန်သွားရင် အစကအတိုင်း ရေ (၁) လီတာ ပြန်ထည့်ပြီး ပြန်လုပ်ပေးပါ။ (၃) ကြိမ်ပြည့်အောင်လုပ်ပေးရပါမယ်။
(၃)ကြိမ်ပြည့်ပြီးရင်တော့ အပြင်ဖက်ကိုလည်း ရေလောင်း ဆေးကြောပေးရပါမယ်။

ခြောက်သွေ့အောင် အဝတ်နဲ့ သုတ်ပြီးရင်တော့ ပြန်လည် သိမ်းဆည်းလို့ရပါပြီ။
ဆေးဖျန်းပုံးကို သိမ်းဆည်းပြီးမှ လက်အိတ်နှင့်နှာခေါင်းစည်း (တစ်ခါသုံးဆိုပါက ထိုးဖောက်ပြီး စနစ်တကျ ပစ်ပါ၊) ဝတ်ထားသော PPE၊ မိုးကာ၊ အဝတ်အစား၊ လည်ရှည်ဖိနပ်တို့ကို ဆပ်ပြာရည်နဲ့ စိမ်ပြီးတော့ လျှော်ပါ။
လူကိုယ်တိုင်လည်း ရေချိုးသန့်စင်ပါ။
ညစ်ညမ်းမှုကင်း ကျန်းမာသန့်ရှင်းတဲ့ ပတ်ဝန်းကျင်မှာ ကျန်းမာကြပါစေခင်ဗျာ..
မြားနီနည်းပညာပေးရေးအဖွဲမှ အစိမ်းရောင်လမ်းမိုဘိုင်းဖုန်းဆော့ဝဲသို့ ပေးပို့ထားသော မူပိုင်ဆောင်းပါးသဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့
မြားနီနည်းပညာပေးရေးအဖွဲ့
မြားနီနည်းပညာပေးရေးအဖွဲ့ သည် မြားနီမျိုးစေ့ ကုမ္ပဏီနှင့် ထူးခြားသော ချိတ်ဆက်မှုရှိသည့် အကျိုးအမြတ်မယူသော အဖွဲ့ အစည်းတစ်ခုအဖြစ်ရပ်တည်လျက်ရှိပြီး အပူပိုင်းဒေသရှိ ဟင်းသီးဟင်းရွက်စိုက်ပျိုးသူ တောင်သူများ၏ လူနေမှုဘဝမြင့်မားလာစေရေး၊ လုံခြုံစိတ်ချရသည့် လတ်ဆတ်သော ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်မှုနည်းလမ်းများ ပံ့ပိုးကူညီပေးခြင်းနှင့်ဈေးကွက်ကိုဖော်ဆောင်နိုင်ရေးအတွက်တောင်သူများနှင့် ချိတ်ဆက်ပြုလုပ်ဆောင်ရွက်နေသောအဖွဲ့ဖြစ်ပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026