အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စတိုမာ

စတိုမာ

Htunn Winn Kyaw
Htunn Winn Kyaw • Greenovator • 10/02/2020

အပင်လေးတွေက ဆဲလ်တွေ တစ်သျှူးတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီးတော့ အပင်တစ်သျှူးလေးတွေမှာ ဓာတ်ငွေ့တွေကို ဖလှယ်ဖို့အတွက် အလွန်သေးငယ်တဲ့ အပေါက်ကလေးတွေ ပါ ပါတယ်။ အဲ့လို အပေါက်ကလေးတွေကို စတိုမာ လို့ခေါ်ပါတယ်။ အဲ့စတိုမာကို ဘယ်နေရာတွေမှာ တွေ့ရသလဲ ဆိုတော့ အရွက်ကလေးတွေရဲ့ အောက်ဖက် မျက်နှာပြင်မှာ အများဆုံးတွေ့ရပါတယ်။ ရေထဲမှာနေတဲ့ ပေါက်တဲ့ အပင်လေးတွေကျတော့ အရွက်ရဲ့ မျက်နှာပြင်ဖက်ပိုင်းမှာ တွေ့ရတတ်ပါတယ်။ တစ်ချို့အပင်တွေမှာဆိုရင် ပင်စည်တွေမှာပါ တွေ့ရတတ်ပါတယ်။

အဲ့အပေါက်ကလေးတွေ ဘာလို့ပါတာလဲဆိုတော့

အပင်တွေက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူတဲ့အခါမျိုးမှာ စတိုမာတွေကနေ တစ်ဆင့် စုပ်ယူတာကြောင့်ပါ။ အဲ့လို စုပ်ယူပြီးတော့မှ အစာချက်လုပ်ကြပါတယ်။ နောက်တစ်ချက်က အပင်တွေကနေ ရေဆုံးရှုံးမှုတွေမဖြစ်အောင် အဲ့အပေါက်လေးတွေက လုပ်ပေးနိုင်စွမ်းရှိကြပါတယ်။

ဘယ်လိုလုပ်ပေးနိုင်စွမ်းရှီတာလဲ ဆိုတာသိရအောင်လို့ သူဘယ်လို တည်ဆောက်ထားသလဲ ဆိုတာကို တစ်ချက်ကြည့်ကြရအောင်

စတိုမာ ဆိုတဲ့အပေါက်ကလေး မှာဆိုရင် သူ့ကိုဝန်းရံနေတဲ့ ဆဲလ်(၂)မျိုးရှိပါတယ်။ Guard Cellနဲ့ Subsidiary cell ဆိုပြီးတော့ ဖြစ်ပါတယ်။ (၂)ခုထဲမှာမှ Guard cell က ကြီးတဲ့ တစ်ခုဖြစ်ပြီးတော့ ပုံစံက ပွဲဈေးတွေမှာ ရောင်းတဲ့ ပူပေါင်း အရှည်လေးတွေကို အလယ်ကနေ ခေါက်လိုက်ပြီး အစွန်း(၂)ဖက်ကနေ ကိုင်ထားတဲ့ ပုံစံလေးနဲ့ တူပါတယ်။ အဲ့လိုမှ မမြင်သေးဘူးဆိုရင် ငယ်ငယ်တုန်းက နင်ငါ့ကိုခေါ်မှာလား မခေါ်ဘူးလားဆိုပြီး ခေါ်ရင်နှိပ် မခေါ်ရင် ဖြတ် ဆိုပြီးလုပ်ပြတဲ့ လက်ညိုးနဲ့ လက်ခလယ် ထိပ်လေးတွေ ထိနေတဲ့ ဘဲဥပုံလေးဆိုရင် သိလောက်ပါပြီနော်၊ Guard cell က အဲ့လိုလေးဖြစ်ပါတယ်။

နောက်တစ်ခုဖြစ်တဲ့ Subsidiary Cell ကတော့ အပင်တွေပေါ်မှာလိုက်ပြီးတော့မှ ပုံစံနဲ့ အရွယ်အစားက အမျိုးမျိုး ရှိနိုင်ပါတယ်။ သူ့ရဲ့ အဓိကလုပ်ငန်းစဉ်ကတော့ Guard cell နားမှာနေပြီးတော့ သူရဲ့ ကျယ်ပြန့်မှုက အများကြီးလွန်သွားတာမျိုးမဖြစ်အောင် ထိန်းသိန်းပေးတာဖြစ်ပါတယ်။

စတိုမာ ဘယ်(၂)မျိုးလောက်ရှိသလဲ

အကြမ်းအားဖြင့်တော့(၅)မျိုးရှိပါတယ်။ ကြည့်ပြီးခွဲတာကတော့ Subsidiary cell ပုံစံကိုကြည့်ပြီးတော့ ခွဲခြားတာဖြစ်ပါတယ်။

စတိုမာက အဓိကအနေနဲ့ ဘာတွေလုပ်ပေးသလဲ။

အဓိက ကတော့ (၂)မျိုးဖြစ်ပါတယ်။

ပထမတစ်မျိုးကတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပေးတာဖြစ်ပါတယ်။ ဒုတိယတစ်ခုကတော့ ရေဆုံးရှုံးမှုကို ကာကွယ်ပေးဖို့ဖြစ်ပါတယ်။

စတိုမာလေးတွေရဲ့ သဘောကတော့ နေ့ဖက်မှာပွင့်ပြီး ညဖက်မှာ ပြန်ပိတ်ပါတယ်။ နေ့ဖက်တွေမှာ အပင်တွေက နေရောင်ခြည်ကိုရယူပြီးတော့ အစာချက်လုပ်တယ်။ ဂလူးကိုစ့်၊ ရေနဲ့ အောက်စီဂျင်တွေ ပြန်ထုတ်ပေးပါတယ်။ ဂလူးကိုစ့်ကတော့ အပင်တွေအတွက် အစာအနေနဲ့ သုံးလိုက်တယ်၊ လှောင်ထားတာမျိုး တွေလုပ်တယ်။ အောက်စီဂျင်နဲ့ ရေအမှုန်အမွှားလေးတွေကတော့ ဘယ်ကနေ ပြန်ထွက်သွားလဲဆိုတော့ စတိုမာ ဆိုတဲ့ အပေါက်လေးကနေပဲပေါ့။ စတိုမာလေးတွေပွင့်နေတဲ့အချိန်တွေမှာဆိုတော့ ပတ်ဝန်းကျင်ကို ပြန်ထုတ်ပေးလိုက်ပါတယ်။ အပင်တွေ အစာချက်ဖို့ လိုအပ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် တွေကိုလည်း အဲ့လိုပဲ ပွင့်နေတဲ့စတိုမာလေးကနေ ပြန်ပြီးတော့ စုပ်ယူပါတယ်။

စတိုမာတွေ ဘယ်လိုပွင့် ပိတ်ကြသလဲ

သူတို့က အလင်းရောင်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏနဲ့ ပတ်ဝန်းကျင်ရဲ့ ပြောင်းလဲမှုတွေကို တုံပြန်ပြီးတော့ ဖွင့်နိုင် ပိတ်နိုင်ကြပါတယ်။ စိုထိုင်းဆ နဲ့ ဥပမာ ပြရရင်တော့ လေထုစိုထိုင်းဆက ပုံမှန်လေး သူတို့ကြိုက်တဲ့အနေအထားမှာ ရှိနေတယ်ဆိုရင် စတိုမာလေးတွေကလည်း ပွင့်နေမှာဖြစ်ပြီးတော့ အပူချိန်မြှင့်လာလို့ စိုထိုင်းဆတွေလျော့သွားတယ်ဆိုတာနဲ့ တစ်ဖြည်းဖြည်းချင်း စတိုမာတွေကလည်း ပိတ်သွားမှာပါ။ တကယ်လို့ပွင့်နေတယ်ဆိုရင် သူတို့ဆီကနေ တစ်ဆင့် ရေတွေက ဆုံးရှုံးတော့မှာဖြစ်လို့ပါ။

စတိုမာလေးတွေဘယ်လို ကစားလဲဆိုတဲ့ နောက်တစ်ချက်ကတော့ guard cellတွေပါပဲ၊ သူတို့က အနားမှာရှိတဲ့ ဆဲလ်တွေဆီကို ပိုတက်စီယမ်အိုင်းယွန်းတွေ ထုတ်လွှတ်ပါတယ်။ အဲ့တော့ ပြင်းအားကို ပြန်ညှိပေးလိုက်တော့ Guard cell ထဲက ရေတွေ အပြင်ကိုထွက်သွားတယ်။ အဲ့လိုဆိုရင် စတိုမာတွေပိတ်သွားပါတယ်။ guard cell က ပိုတက်စီယမ်အိုင်းယွန်းတွေကို ပြန်စုပ်ယူတဲ့အခါမှာလည်း ရေတွေက guard cellထဲကို ဝင်လာပြီး စတိုမာတွေပွင့်ပါတယ်။

အပေါ်ကပေးခဲ့တဲ့ ဥပမာအတိုင်းဆို guard cell တွေက ပွဲဈေးတန်းက ပူပေါင်းရှည်ကို အလယ်ကနေခေါက်ပြီး အစွန်း(၂)ဖက်ကနေ ကိုင်ထားတာနဲ့ တူပါတယ်။ အဲ့လိုပုံစံထဲကို လေအပြည့်ဖြည့် လိုက်တဲ့အခါ သူတို့လေးတွေက အလယ်မှာဟ သွားပါတယ်။ အဲ့လိုဆိုရင် ပွင့်ပြီး လေကို လျော့လိုက်ရင် ပြန်ပိတ်သွားပါတယ်။ အဲ့လိုသဘောပါပဲ။

အဲ့တော့ စတိုမာတွေဘယ်လိုပွင့်တယ်။ ပိတ်တယ်။ ဘယ်လိုအလုပ်လုပ်တယ်နဲ့ဘယ်နေရာတွေမှာ ရှိတတ်လဲဆိုတာကိုသိပြီးတော့ တစ်ခုခုအကျိုးထူးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ထွန်းဝင်းကျော်

https://www.thoughtco.com/plant-stomata-function-4126012

 

You

ဆက်စပ်မေးခွန်းများ

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

လိူင်စိုး • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။