အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ယှဉ်ပြိုင်စိုက်ပျိုးခြင်းနည်းစနစ်အတွက် အပင်စုံတွဲများ

ယှဉ်ပြိုင်စိုက်ပျိုးခြင်းနည်းစနစ်အတွက် အပင်စုံတွဲများ

သိမ့်ဇာ
သိမ့်ဇာ • Greenovator • 04/06/2020

 ဟင်းသီးဟင်းရွက်တွေကို အတူယှဉ်တွဲစိုက်တာက တစ်ပင်နဲ့တစ်ပင် ကောင်းမွန်တဲ့သက်ရောက်မှုတွေရှိတယ်ဆိုတဲ့အကြောင်း သိပြီးကြပြီးဖြစ်မယ်လို့ ထင်ပါတယ်။

ဘာတွေကို တွဲစိုက်သင့်တယ် ဘာတွေကိုတော့ တွဲမစိုက်သင့်ဘူးဆိုတာကိုတော့ ဒီဆောင်းပါးလေးမှာ ဖော်ပြပေးသွားပါမယ်။

တကယ်တော့ ဒါက ထူးထူးဆန်းဆန်း နည်းလမ်းမျိုးတော့ မဟုတ်ဘူးရှင့်။ နွယ်တတ်တဲ့ ပဲမျိုးနွယ်တွေကို တက်စရာ ပင်စည်ရှိတဲ့ ပြောင်းပင်လိုမျိုးနဲ့ တွဲစိုက်တာမျိုးပါ။ ပြောင်းအတွက်လည်း ပဲပင်ရဲ့အမြစ်တွေက နိုက်ထရိုဂျင် အထောက်အပံပေးနေပြီး ပဲပင်အတွက်လည်း နွယ်တက်စရာသီးသန့်ရှာနေစရာမလိုပဲ ရှင်သန်နိုင်တာဖြစ်ပါတယ်။

နောက် နေကြာနဲ့တွဲစိုက်တဲ့အခါ နေကြာက အကျိုးပြုအင်းဆက်တွေလာအောင်လုပ်ပေးပြီး သူနဲ့တွဲစိုက်တဲ့အပင်ကို ပိုးတွေရန်ကနေ ကင်းစေပါတယ်။

ကျွန်မတို့သိပ်သတိမထားမိတာ တစ်မျိုးကတော့ အနံ့ရှိတဲ့ ဟင်းခတ်အမွေးအကြိုင်အပင်တွေပါ။ သုတေသနတွေရဲ့ ရှာဖွေတွေ့ရှိချက်တွေအရ ကြက်သွန်ဖြူကို စတော်ဘယ်ရီပင်တွေကြားမှာ စိုက်ထားခြင်းက မွှားပင့်ကူနီကိုကာကွယ်နိုင်ကြောင်း သိရှိခဲ့ရပါတယ်တဲ့ရှင်။ ဒါကြောင့် ကြက်သွန်ဖြူကို သူတစ်မျိုးထဲမစိုက်ဘဲ ခရမ်းချဉ်၊ ကိုက်လန် စတာတွေနဲ့ တွဲဖက်စိုက်ပျိုးပြီး ဂေါ်ဖီထုပ်ပိုးကို ကာကွယ်ကြပါတယ်။ ဒါပေမယ့် ပဲပင်တွေနားမှာစိုက်မိရင်တော့ ကြီးထွားမှုနှေးတာကို တွေ့ရမှာပါ။

ဒီလိုမျိုးတခြား ဟင်းခတ်အမွှေးအကြိုင်အပင်တွေ ဖြစ်တဲ့ ပူဒီနာ၊ lemon balm, ကြက်သွန်နီ ,ချစ်တီးပန်း ,လာဗန်ဒါ, rosemary .စသည်ဖြင့် အများကြီးရှိကြပါတယ်။ ဒီအပင်တွေမှာတော့ ဖျက်ပိုးမကြိုက်တဲ့အနှံတွရှိတာမို့ ကိုယ့်စိုက်ခင်းလေးကို ပိုးတွေရန်ကနေ ကာကွယ်နိုင်ပါတယ်။ ဆေးတွေမသုံးချင်သူတွေအတွက် ဒီနည်းလမ်းလေးက ထိရောက်မှာပါ။

ပူဒီနာမျိုးနွယ်ဝင်တွေစိုက်တဲ့အခါတော့ ဒီကောင်တွေက အပွားမြန်တာမို့ ဂရုစိုက်သင့်ပါတယ်။ ဒီအပင်တွေရဲ့ အနံ့ကို ခြင်တွေကလည်း မကြိုက်တာကြောင့် သင်ခြံထဲမှာ အလုပ်လုပ်နေတုန်း ခြင်ကိုက်မှာကိုလည်း စိတ်ပူစရာမလိုပါဘူး။ပူစီနံတွေကို အိုးလေးနဲ့ထိုးထားပြီး စကွဲဖု ဂါးဒန်း( square foot garden)ပျိုးဘောင်ဘေးလေးတွေမှာ ဖြန့်ချပေးထားမယ်ဆိုရင်တော့ ပိုအဆင်ပြေစေမှာပါ။

ဒီလို ယှဉ်တွဲစိုက်ပျိုးခြင်းမှာ နောက်ထပ်ကောင်းတဲ့တစ်ချက်ကတော့ ပေါင်းမြက်တွေကို သဘာဝအတိုင်းနှိမ်နှင်းပေးမယ့် မျိုးနွယ်တွေပဲ ဖြစ်ပါတယ်။ ကန်စွန်းဥ၊ ဖရုံ၊ သခွား စတဲ့ အရွက်ဖားဖားနဲ့ မြေပေါ်ပြေးတတ်တဲ့ကောင်တွေကို စိုက်ပေးခြင်းဖြင့် မြက်တွေပေါက်စရာနေရာမရှိဖြစ်ပြီး သဘာဝအတိုင်း နှိမ်နှင်းပြီးသားရစေပါတယ်။

အာဟာရပြန်ပေးတတ်တဲ့အပင်တွေ၊ ဝတ်မှုန်ကူးသူတွေကို လာစေတဲ့အပင်အမျိုးအစားတွေ စသည်ဖြင့် ယှဉ်တွဲစိုက်ပျိုးခြင်းမှာ ပါဝင်နေတဲ့ အပင်အုပ်စုတွေအကြောင်းကို ဆောင်းပါးတစ်ပုဒ်နဲ့ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

ဒီနေရာမှာ ကောင်းမွန်တဲ့အပင်တွေရှိသလို တွဲမစိုက်သင့်တဲ့ အပင်တွေလည်း ရှိတာမို့ ဇယားလေးနဲ့ ဖော်ပြပေးပါမယ်။

 

သိမ့်ဇာ

source -https://gardenandhappy.com/vegetable-companion-planting/

 

You

ဆက်စပ်မေးခွန်းများ

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

လိူင်စိုး • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။