အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ပေါင်းသတ်ဆေးအကြောင်း တစ်စေ့တစ်စောင်း

ပေါင်းသတ်ဆေးအကြောင်း တစ်စေ့တစ်စောင်း

Htunn Winn Kyaw
Htunn Winn Kyaw • Greenovator • 20/12/2019

 တောင်သူဦးကြီးတွေ အားတဲ့အချိန်လေးမှာ လေ့လာလို့ရမဲ့ အကြောင်းအရာလေးတွေထဲ က တစ်ခုဖြစ်တဲ့ ပေါင်းသတ်ဆေးတွေအကြာင်းကို ဒီတစ်ခေါက်တော့ လေ့လာကြည့်ကြတာပေါ့။

ပေါင်းသတ်ဆေးဆိုတာ ဘာလဲ

ရှင်းပါတယ်။ စိုက်ခင်းထဲမှာ ကိုယ်မလိုချင်တဲ့ အပင်တွေကို သတ်ဖို့အတွက်သုံးတဲ့ ဆေးပါ။ တကယ်တမ်း ထိထိရောက်ရောက်သုံးတတ်တယ် သုံးနိုင်တယ်ဆိုရင်တော့ အချိန်နဲ့ လူကို သက်သာစေပေမဲ့လို့ တစ်ခြားဆိုးကျိုးတွေအနေနဲ့ဆိုရင်လည်း မရည်ရွယ်ထားတဲ့ အပင်တွေကို ပါ ထိမိခိုက်မိပြီး သေစေတာမျိုး၊ လူတွေမှာပါ ထိခိုက်ပြီးတော့ ကင်ဆာရောဂါတွေလိုမျိုး ဖြစ်တာမျိုးတွေပါ ဖြစ်နိုင်ပါတယ်။

ပေါင်းသတ်ဆေး ဘယ်နှစ်မျိုးလောက်ရှိလဲ

ပေါင်းသတ်ဆေးတွေကိုလည်း ခွဲခြားထားပါတယ်။ သူတို့ ရဲ့

၁။ အကျိုးသက်ရောက်မှု

၂။ ရွေးချယ်နိုင်မှု နဲ့

၃။ တာရှည်ခံမှု စတဲ့အချက် (၃)ချက်အပေါ်မှာ မူတည်ပြီးတော့ အမျိုးအစားတွေ ပြန်ပြီးတော့ ခွဲကြပါတယ်။

၁။ အကျိုးသက်ရောက်မှု (Effect)

အဲ့အချက်မှာဆိုရင်

၁။ (က) မထွက်ခင် ကြိုတင်ကာကွယ်ဆေး (Pre-emergent Herbicides)

ကိုယ်မလိုချင်တဲ့ ပေါင်းပင်တွေရဲ့ မျိုးစေ့တွေမှာ ကပ်တွယ်ပြီးတော့ မျိုးညှောင့်ပေါက်တာကို ဟန့်တားပေးနိုင်တဲ့ အကျိုးသက်ရောက်မှုရှိပါတယ်။ အဲ့လို ဆေးတွေကိုကျတော့ ကိုယ့်အခင်းမှာ ပေါက်တတ်တဲ့ ပေါင်းပင်တွေ ထွက်ခါနီးအချိန်လောက်ကို မှန်းပြီးတော့ ဖျန်းပေးရမှာဖြစ်ပါတယ်။ အချိန်ကိုက် သုံးနိုင်တယ်ဆိုရင်တော့ တကယ်ကို အကျိုးသက်ရောက်မှုများတဲ့ ဆေးဖြစ်ပြီးတော့ အပင်ထွက်လာမှ သုံးမိလိုက်တယ်ဆိုရင်တော့ ဆေးက အလကားဖြစ်သွားမှာပါ။ သူက မျိုးစေ့ကနေ မျိုးညှောင့်မပေါက်အောင်လို့ပဲ ဖော်စပ်ထားလို့ ဖြစ်ပါတယ်။

၁။ (ခ) နောက်တစ်ခုက ထိသေ ပေါင်းသတ်ဆေး (Contact Herbicide)

ဖျန်းလိုက်တယ်။ အပင်နဲ့ ဆေးထိသမျှနေရာတိုင်းကို သေစေတယ်။ ထိတာနဲ့ သေစေတဲ့ ဆေးမျိုးပါ။ အစွမ်းကတော့ ပြင်းပေမဲ့လို့ တစ်ချို့ အသက်ပြင်းတဲ့အပင်မျိုးကို ဖျန်းမိလို့ မထိလိုက်တဲ့ အဆစ်လိုမျိုးနေရာကနေ ပေါင်းပင်တွေက ပြန်ပြီး ရှင်နိုင်ပါသေးတဲ့ အချက်တော့ ရှိပါတယ်။ အပင်တစ်ခုလုံးကို သေစေတာမဟုတ်ပဲနဲ့ သူနဲ့ ထိတဲ့နေရာကိုပဲ သေစေတာဖြစ်လို့ပါ။ အဲ့တော့ ဒီလိုဆေးမျိုးသုံးပြီးတော့ ပေါင်းပင်တွေကို အပြည့်အဝသေစေချင်တယ်ဆိုရင် အပင်တွေသေတဲ့အထိ ခဏခဏတော့ ဖျန်းပေးရမှာဖြစ်ပါတယ်။

၁။ (ဂ) ပင်လုံးပြန့် ပေါင်းသတ်ဆေး (Systemic Herbicides)

အကျိုးသက်ရောက်မှု အနေနဲ့ကတော့ အပင်တစ်ပင်လုံးကို ပြန့်နှံ့သွားပြီးတော့မှ အပင်တစ်ခုလုံးကို သေစေပါတယ်။ အပင်တွေအထဲ ကို အစာကြော ရေကြောတွေကနေ တစ်ဆင့်ဝင်ရောက်ပြီးတော့ အပင်တစ်ခုလုံးကို သေစေတာပါ။ ဆေးကတော့ကောင်းပါရဲ့ စိတ်မကောင်းစရာတစ်ခုကတော့ ဒီလို ပင်လုံးပြန့် ပေါင်းသတ်ဆေးတွေကို အပင်တွေတော်တော်များများက ခံနိုင်ရည်ရှိကြပါတယ်။ အဲ့တော့ သူ့ကိုလည်း အပင်တွေေ သေဆုံးတဲ့အထိ သုံးတာက ပိုပြီးတော့ စိတ်ချရမှာဖြစ်ပါတယ်။

၁။ (ဃ) မြေထဲ သုံးတဲ့ ပေါင်းသတ်ဆေး (Drench Herbicides)

သူကတော့ အပင်ပေါ်ဖျန်းရတာမျိုးမဟုတ်ပဲနဲ့ မြေကြီးထဲကို ထည့်လိုက်ရတဲ့ဆေးမျိုးပါ။ အပင်တွေ အကုန်သေပါတယ်။ မကောင်းတဲ့အချက်ကတော့ ဆေးတစ်ခါသုံးထားရင် အကြာကြီးခံနေတာပါ။ အဲ့လိုဆိုတော့ စိုက်မဲ့ ပျိုးမဲ့မြေကြီးဆိုရင်တော့ အဲ့ဆေးမျိုးကို မသုံးတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

၂။ ရွေးချယ်မှု

သူကတော့ သူရွေးချယ်တဲ့ အပင်ကိုပဲ သေစေအောင်လို့ ဖန်တီးထားတဲ့ ဆေးမျိုးဖြစ်ပါတယ်။ စပါးအတွက် ရွေးချယ်ပေါင်းသတ်ဆေးလို့ ပြောလိုက်ရင် စပါးခင်းထဲကို ဖျန်းလိုက်ရင် စပါးကလွဲပြီး ကျန်တဲ့ပေါင်းပင်တွေ အကုန်သေအောင် လုပ်ပေးနိုင်ပါတယ်။ အဲ့လိုဆေးမျိုးပါ။ ဒါပေမဲ့ သူက အားနည်းချက်တွေတော့ ရှိပါသေးတယ်။ အပင်တော်တော်များများက ခံနိုင်ရည်ရှိပြီးတော့ မပြိုလဲတတ်ကြလို့ပါပဲ။

၃။ တာရှည်ခံမှု

သူကျတော့ အမျိုးမျိုးရှိမှာပါ။ တစ်ချို့ပေါင်းသတ်ဆေးတွေက တာရှည်ခံပြီး မပျက်မစီးရှိတာမျိုးကနေ ခဏလောက်ပဲ ခံတာမျိုးတွေအထိ ပါဝင်နေမှာပါ။

ထွန်းဝင်းကျော်

Reference - https://www.weedkillercrisis.com/topics/different-types-of-herbicides/

 

ယွန်းလဲ့ဝေ

ယွန်းလဲ့ဝေ

လွန်ခဲ့သော ၁ နှစ် က

ရွေးချယ်ပေါင်းသတ်ဆေးAl

You

ဆက်စပ်မေးခွန်းများ

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

လိူင်စိုး • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။