အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မျိုးဗီဇတွေနဲ့ ကခုန်တဲ့ကမ္ဘာ (၁)

မျိုးဗီဇတွေနဲ့ ကခုန်တဲ့ကမ္ဘာ (၁)

Htunn Winn Kyaw
Htunn Winn Kyaw • Greenovator • 11/09/2019

   မျိုးဗီဇတွေကို ပြုပြင်ပြောင်းလဲပြီး ထုတ်လုပ်ထားတဲ့သီးနှံတွေကို စစချင်းတုန်းကတော့ စားနပ်ရိက္ခာဖူလုံဖို့အတွက်ကို ရည်ရွယ်ထုတ်လုပ်ကြတာမှန်ပေမဲ့ ဘယ်အရာဖြစ်ဖြစ် ဘေးထွက်ဆိုးကျိုးရှိတယ်ဆိုတဲ့အတိုင်းပဲ ဘာတွေထပ်ဖြစ်လာကြတာလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။ အဲ့တော့ ဆက်ပြီးတော့ ကြည့်လိုက်ရအောင်။

   မျိုးဗီဇတွေကိုထုတ်ယူပြီးတော့ မျိုးစေ့တွေ ပြုပြင်ပြောင်းလဲ ထုတ်လုပ်ကြတယ်ဆိုတော့ လူတွေရဲ့ မျိုးဗီဇတွေကိုလည်း အပင်တွေ တစ်ခြားသက်ရှိတွေထဲကို ထည့်ပေးလို့ရတယ်ဆိုတဲ့ သဘောလားဆိုတော့? ဟုတ်ပါတယ်။ ခရမ်းချဉ်ပင်မှာဆိုရင် အာတစ်ငါးထဲက မျိုးဗီဇကိုယူပြီးတော့ DNA ပြောင်းပေးလိုက်တဲ့အခါ အဲ့မျိုးစေ့တွေက အပူချိန်နိမ့်တဲ့ဒေသတွေမှာ စိုက်လို့ ပျိုးလို့ရသွားတဲ့အထိကို အောင်မြင်ခဲ့ပါတယ်။ အဲ့လို အမျိုးမျိုးတီထွင်ကြံဆတာကြောင့် တောင်သူတွေမှာ အထွက်များများ အရင်းနည်းနည်းနဲ့ အောင်မြင်ခဲ့ပါသေးတယ်။

   ၁၉၉၄ အစောပိုင်းမှာ US FDA (အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးဌာန) ကနေပြီးတော့ Flavr Savr ဆိုတဲ့ ခရမ်းချဉ်မျိုးကို တရားဝင်ကြေငြာခဲ့ပါတယ်။ Calgene ကုမ္ပဏီက ထုတ်လုပ်ထားတာပါ။ သူကတော့ ပထမဆုံး ဈေးကွက်ထဲကိုရောင်းတဲ့ မျိုးဗီဇပြင်ထားတဲ့ သီးနှံဖြစ်ပါတယ်။ 

   Calgene ဆိုတာက ကယ်လီဖိုးနီးယားမှာ အခြေစိုက်တဲ့ ဇီဝနည်းပညာကုမ္ပဏီဖြစ်ပြီးတော့ အပြစ်အနာအဆာမရှိတဲ့ ခရမ်းချဉ်သီးမှည့်တွေကို တင်ပို့ရောင်းချချင်တာကြောင့် သူတို့ ထုတ်လုပ်ထားတဲ့ ခရမ်းချဉ်မှာ ရိုးရိုးဒေသမျိုးတွေနဲ့ ယှဉ်လိုက်ရင် ပိုပြီးတော့ ကြာရှည်ခံတယ်။ ပြီးတော့ ပိုပြီးအရသာရှိတဲ့ ခရမ်းချဉ်ကို ထုတ်လုပ်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြပါတယ်။ FDA က မှတ်ပုံတင်ခွင့်ပြုလိုက်တဲ့အထဲမှာ သိပ္ပံပညာရှင်တွေကပြောတဲ့ အစာအိမ်အနာဖြစ်လိမ့်မယ်ဆိုတာကို ထည့်ပြီးတော့ မတွက်ချက်လိုက်ပါဘူး။ အဲ့ခရမ်းချဉ်သီးကိုကျွေးတဲ့ ကြွက်အကောင် (၂၀) မှာ ၄ ကောင်ဟာ  အစာအိမ်မှာ ရေစိုနာကွက်တွေလို အကွက်တွေဖြစ်လာတာပါ။ အဲ့တွေ့ရှိချက်ကို FDA က လူထုကိုချမပြပဲနဲ့ ထိန်ချန်ထားခဲ့လိုက်ပါတယ်။ 

   ၁၉၉၄ မှာပါပဲ။ MasGrergor’s ဆိုတဲ့ Brand နာမည်နဲ့ Flave Savr ကို လေဘယ်ထိုးပြီး တစ်ခါတည်း နိုင်ငံအနှံကစတိုးဆိုင် (၂၅၀၀) မှာ တင်လိုက်ပါတော့တယ်။ ၁၉၉၅ မှာ အကုန်လုံး အလွယ်လေးဝယ်လို့ရနေတဲ့အခြေအနေကို ရောက်လာပါပြီ။ ကံကောင်းချင်တာက  GMO မျိုးတွေရဲ့ ဈေးက (၂) ဆလောက်ဖြစ်နေပြီးတော့ အရသာကလည်း သိပ်မကွာလှပါဘူး။ အဲ့တော့ ၁၉၉၇ ခုနှစ်မှာ ဈေးကွက်ထဲကနေ ပြန်ဆွဲထုတ်ခဲ့ရပါတယ်။ 

   ဒါကြောင့် GMO တွေကို ထုတ်လုပ်မဲ့ CalGene ကုမ္ပဏီဟာ ရပ်ဆိုင်းခဲ့ရပါတယ်။ မွန်ဆန်တို (Monsanto) က Calgene ကို ပြန်ပြီးတော့ ဝယ်လိုက်ပါတယ်။ ဒါပေမဲ့ Falvr Savr လို ခရမ်းချဉ်မျိုးလိုမျိုးတွေကို ထပ်ထုတ်လုပ်ဖို့ မကြိုးစားကြတော့ပါဘူး။

ကျန်တာ နောက်တစ်ခေါက် ဆက်ကြစို့ရဲ့။

ထွန်းဝင်းကျော်

www.soilassociation.org

 

You

ဆက်စပ်မေးခွန်းများ

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

လိူင်စိုး • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။