အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မျိုးဗီဇတွေနဲ့ ကခုန်တဲ့ကမ္ဘာ (၂)

မျိုးဗီဇတွေနဲ့ ကခုန်တဲ့ကမ္ဘာ (၂)

Htunn Winn Kyaw
Htunn Winn Kyaw • Greenovator • 12/09/2019

   မနေ့က အပိုင်း (၁) ကိုဖတ်ပြီးသွားကြပြီဆိုတော့ အပိုင်း (၂) လေးဆက်လိုက်ရအောင်။

   GMO တွေဟာ တောမီးလောင်သလို ပျံ့နှံ့လာပါတယ်။ ၁၉၉၄ ခုနှစ်မှာ စပြီးတော့ ဖြန့်ခဲ့တဲ့ GMO တွေဟာ ၁၉၉၆ ခုနှစ်မှာ နေရာတော်တော်များများမှာ စိုက်ပျိုးနေပြီးဖြစ်ပါတယ်။  နောက်နှစ်အနည်းငယ်လောက်ကြာတော့ သူတို့ဟာ (၂) ဆနီးပါး တိုးတက်လာတာကို တွေ့ရမှာပါ။ ဘယ်လောက်ထိတောင်လဲဆိုတော့ ၂၀၀၃ ခုနှစ်မှာဆိုရင် စိုက်မြေဟက်တာ သန်းပေါင်း ၆၀ ကျော် ဖြစ်လာပါပြီ။ (တစ်ဟက်တာကို မြန်မာလို အကြမ်း ၂ ဧကခွဲ ရှိပါတယ်)။၂၀၀၂ ခုနှစ်မှာတောင်နိုင်ငံ (၃)နိုင်ငံမှာ ပျံ့နေတာပါ။ US မှာ (၆၆) ရာခိုင်နှုန်း၊ အာဂျင်တီးနားမှာ (၂၃) ရာခိုင်နှုန်း နဲ့ ကနေဒါမှာ (၆) ရာခိုင်နှုန်း ဖြစ်ပါတယ်။

   ဂလိုက်ဖိုဆိတ် ပေါင်းသတ်ဆေးကိုသုံးပြီးတော့ ပဲပုပ်စိုက်ပျိုးကြတဲ့ တောင်သူတွေက ပိုများလာတယ်။ ဂလိုက်ဖိုဆိတ် ဆိုတာက Monsanto ကပဲ ဘေးကင်းစေတယ်၊ အကျိုးရှိတယ်၊ သဘာဝကို မထိခိုက်စေဘူး ဘာညာ ဘာညာ ဆိုပြီး Roundup ဆိုတဲ့ နာမည်နဲ့ ၁၉၇၄ ခုနှစ်မှာ မိတ်ဆက်လာပါတယ်။ အဲ့ Glyphosate ကြောင့်ပဲ လယ်မှာပေါက်နေတဲ့ ပေါင်းတွေကို လွယ်လွယ်ရှင်းလို့ရနေတယ်ဆိုတော့ သုံးကြတာပိုပြီးတော့များသွားတယ်။ အောင်မြင်မှု ဘယ်လောက်ကြီးသွားလဲဆိုတော့ ၂၀၀၁ ခုနှစ် US မှာ စိုက်သမျှပဲပုပ်ခင်းရဲ့ လေးပုံသုံးပုံမှာ ဂလိုက်ဖိုဆိတ်ကို သုံးနေကြပါပြီ။ စိုက်ပျိုးရေးဦးစီးဌာနကနေ ထုတ်ထားတဲ့ အချက်အလက်တွေအရဆိုရင် ၁၉၉၅ ခုနှစ်ကနေ ၂၀၀၁ အထိ ဂလိုက်ဖိုဆိတ်ဖျန်းတာ ပေါင်ချိန် သန်းပေါင်း (၃၃) သန်းကျော်တယ်လို့ သိရပါတယ်။ (၅) ဆ တက်လာတာပါ။

   မွန်ဆန်တိုရဲ့ ရောင်းချမှုတွေထဲမှာဆိုရင် ၅၀ ရာခိုင်နှုန်းက အဲ့ပေါင်းသတ်ဆေးရောင်းရတာပါ။ အဲ့လို မတရားသုံးလာမှုကြောင့် ပေါင်းပင်တွေက ဆေးကိုခံနိုင်ရည်ရှိလာမယ်ဆိုတာကို ညွှန်ပြခဲ့ကြပေမဲ့ အကျိုးသက်ရောက်မှု ကြီးကြီးမားမားတော့ မရှိခဲ့ပြန်ပါဘူး။ နောက်ထပ် မွန်ဆန်တိုကနေပြီးတော့ အင်းဆက်ဖျက်ပိုးဒဏ်ကို ခံနိုင်ရည်ရှိတဲ့မျိုးကို ထုတ်လုပ်ပြီးတော့ ပိုးသတ်ဆေးသုံးရတာကို လျော့ချနိုင်အောင်လုပ်မယ်လို့ ပြောပြန်ပါတယ်။ အဲ့ဒါကတော့ နာမည်ကြီးတဲ့ BT Corn (ဘက်တီးရီးယားကို တစ်ခါတည်းထည့်ထားတဲ့ ပြောင်းမျိုး) ကို ထုတ်ပြီးတော့ ထပ်ပြီးတော့ နာမည်ကြီးပြန်ပါတယ်။ အဲ့ဒါက ယူရိုပီယမ်ပြောင်းပိုး (European Corn Borer) ကို ခံနိုင်ရည်ရှိလို့ အထွက်တွေကိုမထိခိုက်ပဲ အထွက်ကိုတိုးစေတာကြောင့်ပါပဲ။ အဲ့လို အရမ်းတွေ အောင်မြင်ပြီး နာမည်ကြီးလာတာကနေ GM အစားအစာတွေဘယ်လို ထပ်ဖြစ်လာဦးမလဲဆိုတာကို ထပ်ပြီးတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

   အကျိုးဆက်အနေနဲ့ကတော့ အမေရိကန်အခြေစိုက် မွန်ဆန်တိုကုမ္ပဏီဟာ ကမ္ဘာမှာအကြီးဆုံး GM သီးနှံ တွေကို ထုတ်လုပ်တဲ့ သူဖြစ်လာပါတယ်။ သူတို့ထုတ်လုပ်တဲ့ မျိုးဗီဇပြောင်းလဲထားတဲ့ ထုတ်ကုန်တွေထဲမှာဆိုရင် ပေါင်းသတ်ဆေးဒဏ်ခံနိုင်တဲ့မျိုးတွေ နဲ့ ဖျက်ပိုးတွေ ခံနိုင်တဲ့မျိုးတွေ အမြောက်အမြားကို ထုတ်လုပ်ခဲ့ပါတယ်။ 

   ဒါပေမဲ့လို့ အမေရိကန်၊ အာဂျင်တီးနားနဲ့ ကနေဒါမှာ GM တွေ စိုက်နေပေမဲ့လို့ ကမ္ဘာပေါ်က တစ်ခြားနိုင်ငံတွေကို မျှဝေပေးဖို့ကိုတော့ မလုပ်ကြပါဘူး။ အဲ့တော့ GM တွေနဲ့ ဆိုင်တဲ့ တစ်ခြားသော ကျန်းမာရေး၊ ပတ်ဝန်းကျင်ဆိုင်ရာနဲ့ လူမှုစီးပွားရေးဆိုင်ရာ အချက်အလက်တွေလည်း မပါတော့ပါဘူး။

   European Union မှာ GM တွေကို စီးပွားရေးအရ စိုက်ပျိုးမှုကို လက်မခံထားပါဘူး။ ပြီးတော့ အာရှနဲ့ လက်တင်အမေရိကမှာဆိုရင် GMO တွေကို ပိတ်ပင်ထားပါတယ်။ တစ်ခြားသောနိုင်ငံတွေလည်းပါပါတယ်။ အဲ့တော့ ဖြစ်သွားတာက GM Food တွေကို တစ်ကမ္ဘာလုံးက လူတွေက စားဖို့နည်းနည်းတွန့်ကြတယ်။ ပိတ်ပင်တဲ့နည်းတွေမှာဆို ကုန်သွယ်တာကိုပိတ်တယ်။ ဒါပေမဲ့လို့ GM သီးနှံတွေ ထုတ်တဲ့ ကုမ္ပဏီတွေကတော့ သူတို့ ထုတ်တဲ့ GM crop တွေရဲ့ ကောင်းကြောင်းတွေကိုပြောပြီးတော့ လူထုတွေနဲ့ ရင်းနှီးမှုကို ရယူနေတုန်းပါပဲ။

အပိုင်း (၃) လေး ဆက်မျှော်ပေးပါ........

ထွန်းဝင်းကျော်

 

You

ဆက်စပ်မေးခွန်းများ

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

လိူင်စိုး • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။