အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ခိုင်တိုစန်ရဲ့ လျှို့ဝှက်ချက်များ

ခိုင်တိုစန်ရဲ့ လျှို့ဝှက်ချက်များ

သိမ့်ဇာ
သိမ့်ဇာ • 08/01/2021

    အားလုံးသိကြတဲ့အတိုင်း ရိတ်သိမ်းချိန်လွန်နည်းပညာ အခက်အခဲတွေကြောင့် လွှင့်ပစ်လိုက်ရတဲ့ စိုက်ပျိုးရေးထုတ်ကုန်များစွာ ရှိကြပါတယ်။ တစ်နေရာနဲ့တစ်နေရာ သယ်ပို့ချင်ပေမယ့် အထိခိုက်မခံတဲ့ အသီးအနှံတွေအတွက် ခိုင်တိုစန်က သဘာဝနဲ့လိုက်လျောညီထွေဖြစ်စေမယ့် နည်းပညာတစ်ခုဖြစ်ပါတယ်။  ဓာတုပစ္စည်းတွေ အလွန်အကြူးသုံးခြင်းကလည်း လူကိုထိခိုက်မှုရှိစေတာကြောင့်  သီးနှံတွေရဲ့ ရိတ်သိမ်းချိန်လွန်သက်တမ်းအတွက် သဘာဝနည်းအားဖြင့် အထောက်အကူပြုစေမယ့် ပစ္စည်းကတော့ ခိုင်တိုစန်ပဲဖြစ်ပါတယ်။ ကျွန်မတို့တောင်သူတွေ သိရှိပြီး အသုံးချနိုင်အောင် ရေးသားဖော်ပြပေးလိုက်ရပါတယ်။

၁။ ပက်သိုဂျင်တွေ

    ခိုင်တိုစန်အသုံးပြုလိုက်တဲ့အခါ အသီးတွေရဲ့ အခွံပေါ်မှာရှိနေတဲ့ ကျွန်မတို့ သာမန်မျက်စိနဲ့မမြင်ရတဲ့ ဖွဲ့စည်းမှုလေးတွေက ပြောင်းလဲသွားပါတယ်။ မှိုပေါက်လာမယ့်အသီးတွေဆို မှိုတွေက အစာမရတော့ဘဲ မပေါက်လာတော့တာမျိုးပေါ့နော်..။ ဒီလိုနည်းနဲ့ ခိုက်တိုစန်က ရိတ်သိမ်းပြီးချိန်မှာဖြစ်လာမယ့် ပက်သိုဂျင်တွေကို ကာကွယ်ပေးပါတယ်။

၂။ အပင်တွေမှာ

    ခိုင်တိုစန်သုံးထားတဲ့အပင်တွေမှာ ခံတပ်ကို ကောင်းစေပါတယ်တဲ့။ အကြောင်းကတော့ အပင်ရဲ့ခုခံအားကို တိုးမြှင့်ပေးတဲ့ အင်ဇိုင်းတွေကို ထုတ်လုပ်စေလို့ပါ။ ခိုင်တိုစန်က ဒီလိုနည်းအားဖြင့် အပင်တွေကို သက်ရှိ (ခူးဆွတ်ပြီးချိန်မှာ ရောက်လာတတ်တဲ့ မှိုတွေ) ရဲ့ ရန်ကနေ ကာကွယ်ပေးပါတယ်။ ထိခိုက်ရှနာမှုတွေ အနည်းဆုံးဖြစ်သွားတာပေါ့နော်။

၃။ အသီး

    ခူးဆွတ်ပြီးသားအသီးတွေကို ခိုင်တိုစန်စိမ်လိုက်မယ်ဆိုရင်တော့ အသီးရဲ့အသက်ရှုနှုန်းကို လျော့ချပေးလိုက်ပါတယ်တဲ့။ ဒီနေရာမှာ ကျွန်မတို့ရဲ့သစ်သီးတွေ မှည့်လာတယ်ဆိုတာက အသက်ရှူကြလို့ပါရှင့် (ဒီအကြောင်းကို ဆောင်းပါးတစ်ပုဒ်နဲ့ ထပ်မံဖော်ပြပေးပါမယ်)။ ဒီလိုတင်မက အသီးထဲကရေဓာတ်တွေ မဆုံးရှုံးအောင်လည်း ထိန်းထားပေးပါတယ်။ 

    ဒီလိုအချက်တွေကြောင့် ခိုင်တိုစန်ကို အသီးတွေခူးဆွတ်ပြီးအဆင့်မှာ သုံးကြပါတယ်။ ဒီလိုသုံးခြင်းက Colletotrichum gloeosporioides, Alternaria alternata, Rhizopus stolonifer, and Fusarium oxysporum. ရောဂါတွေကိုပါ ကာကွယ်တားဆီးနိုင်စွမ်းရှိပါတယ်။

   ဒါတင်မက တစ်ချို့သော လေ့လာမှုတွေမှာဆို အသီးထဲက အာဟာရပါဝင်မှုတွေပါ ခိုင်တိုစန်ကြောင့် တိုးလာတယ်လို့ တွေ့ရှိထားပါတယ်။ 

    ဒါကြောင့် ကောင်းကျိုးများစွာရှိတဲ့ ခိုင်တိုစန်ကို အကျိုးရှိရှိအသုံးချနိုင်စေဖို့ရာ ရေးသားမျှဝေလိုက်ရပါတယ်။

ref:Alternative Eco-Friendly Methods in the Control of Post- Harvest Decay of Tropical and Subtropical Fruits: Published:April 11th 2019

DOI : 10.5772/intechopen.85682 (section 5)

ခိုင်တိုစန် အကျိုးကျေးဇူးနှင့် ပြုလုပ်ပုံအဆင့်ဆင့်  ကိုလည်း ဖော်ပြပေးထားပါတယ်။

3
ညီညီ

ညီညီ

လွန်ခဲ့သော ၅ နှစ် က

ရေနေသတ္တဝါတို့၏ အခွံမာဖြစ်တည်ခြင်းအကြောင်းကို ဇီဝအထူးပြုလေ့လာသူတို့သည် ရှေ့နှစ်ပေါင်းများစွာကတည်းက အထူးပြုချက်ရှာခဲ့ကြသည်။ထိုသို့ ရှာဖွေတွေ့ရှိချက်များစွာထဲတွင် ဂဏာန်းတို့၏ အခွံမာဖြစ်တည်မှုနှင့် ခရု ယောက်သွား ကနုကမာခွံတို့၏ ဓါတုဖြစ်တည်ခြင်း နှင့် သတ္တဝါများမှဖြစ်သော လိပ်အခွံ ကြက်ဥခွံ ဘဲဥခွံများ သတ္တဝါတို့၏ အရိုးဖြစ်တည်မှုများ စသည်ဖြင့် များစွာသောအကြောင်းအချက်တို့ပါဝင်ပါသည်။ စိုက်ပျိုးရေးအတွက်ဖြစ်စေ၊မွေးမြူရေး ကုသရေးနှင့် အခြားသောအကြောင်ချက်မျိုးစုံအတွက် အကြောင်းအချက်အလက်များစွာတို့သည် သဘာဝဖြစ်တည်မှု၏ အကြောင်းအချက်များအဖြစ် တည်ရှိနေပါသော်လည်း ထိုအကြောင်ချက်များကို စနစ်တကျအသုံးဝင်လာအောင်ပြုလုပ်အားထုပ်ဆောင်ရွက်ကြသည်။စိုက်ပျိူရေးအတွက် ဓါတ်သဘာဝပြိုကွဲမှု ဓါတုဖြစ်စဉ်နှင့်ယှဉ်တွဲလျက်ဖြစ်သော ရုက္ခဇီဝဖြစ်တည်ခြင်းလည်းပါဝင်ပါသည်။ ခိုင်တိုစံသည် ထိုသဘောနှင့် သက်ဆိုင်မည်ထင်ပါသည်။ အက်ဆက်နည်းပညာတွင် ကလယ်စီယမ်ကာ‌ဗွန်နိပ်နှင့် ယှဉ်တွဲ၍ဖြစ်သော ကာဗွန်နိပ်အက်ဆက်အမျိုးစားကို ထုံးကနေရယူအသုံးပြုနိုင်ပါသည်။

သိမ့်ဇာ

သိမ့်ဇာ

လွန်ခဲ့သော ၅ နှစ် က

အဝါရောင်စာတန်းလေးကို နှိပ်လိုက်ပါရှင့်

မင်းကို

မင်းကို

လွန်ခဲ့သော ၅ နှစ် က

ခိုင်တိုစန်အသုံးပြုပုံညွန်းပေးပါအုန်း

You

ဆက်စပ်မေးခွန်းများ

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

လိူင်စိုး • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။