အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
သီးနှံပင်အကြိုက် ဟိုက်ဒြိုဂျင်ပါရောက်ဆိုဒ်

သီးနှံပင်အကြိုက် ဟိုက်ဒြိုဂျင်ပါရောက်ဆိုဒ်

Thar Po
Thar Po • 07/11/2024

သီးနှံပင်တွေမှာ ရေ၊ မြေသြဇာ၊ အာဟာရ၊ အလင်းရောင်စသော အဓိကပင်မအကြောင်းအရာများ လိုအပ်ပါသည်။

ထို့ကြောင့် သာမန်အခြေအနေမျိုးမဟုတ်သော ပတ်ဝန်းကျင်ဖိအားများဖြစ်သည့် ရေဝပ်၊ မိုးခေါင်၊ မြေပူ၊ ရေပူ၊ ရေငတ်၊ မြေကြပ် အခြေအနေများတွင် ပုံမှန်အပင်ကြီးထွားဖို့ မဖြစ်နိုင်သည့်အတွက် ကျွေးလိုက်တဲ့မြေသြဇာကို မစားနိုင်တဲ့အတွက် အပင်ဇီဝလှုံ့ဆော်ပစ္စည်း လိုအပ်သည်။

အပင်ဇီဝလှုံ့ဆော်ပစ္စည်းဆိုတာ ဘာလဲ? (Plant biostimulants)

- အမိုင်နိုအက်ဆစ်၊ ဟူးမစ်အက်ဆစ်၊ ဖူးလ်ဗစ်အက်ဆစ်၊ ပင်လယ်ရေညှိ၊ ရိုင်ဇိုဘီယံ၊ အောက်ဇဲလစ်အက်ဆစ်၊ ဟိုက်ဒြိုဂျင် ပါရောက်ဆိုဒ် စသည့်ဓာတ်ပစ္စည်းတွေကို ခေါ်သည်။

ဟိုက်ဒြိုဂျင်ပါရောက်ဆိုဒ်ဆိုတာ ဘာလဲ?

H2O2လို့ခေါ်သည့် ဟိုက်ဒြိုဂျင် အက်တမ်၂လုံး၊ အောက်ဆီဂျင်အက်တမ် ၂ လုံးပါဝင်တဲ့ ဓာတ်ခွဲခန်းသုံး ပစ္စည်းသန့်စင်ဆေးရည်တစ်မျိုးပါ။အရောင်၊ အနံ့၊ မရှိသောဆေးရည်ဖြစ်ပါသည်။

စိုက်ပျိုးရေးအတွက်ဘယ်လိုအသုံးဝင်သလဲ?

ဟိုက်ဒြိုဂျင်ပါရောက်ဆိုဒ်သည် အနာသန့်ဆေး၊ ခန္ဓာကိုယ်သန့်စင်ဆေး၊ မှန်ကြည်ဆေးအတွက်သာအသုံးဝင်သည်လို့ သိထားကြပေမယ့်စိုက်ပျိုးရေးလုပ်ငန်းတွင် အသုံးဝင်ကြောင်း သိသူနည်းပါးပါသေးသည်။

ဟိုက်ဒရိုဂျင်ပါရောင်ဆိုဒ် အာနိသင်များ

ဆေးခန်းသုံးပစ္စည်းမှသည် ယခုအခါ စိုက်ပျိုးရေးသုံးပစ္စည်းဖြစ်လာခဲ့ခြင်းဖြစ်သည်။

အပင်အတွက် အကျိုးပြုပုံများမှာ

အပင်ခါးရိ၊ အမြစ်ပုပ်ရောဂါကာကွယ်ခြင်း

အကြောင်းကြောင်းကြောင့် ရေဝပ်ခြင်း၊ မြေကြပ်ခြင်းစသော သီးနှံပင်အမြစ်ဇုံ အောက်ဆီဂျင်ပြတ်ခြင်း (anaerobic respiration)ဖြစ်စဥ်မှာ အမြစ်များ အသက်မရှူနိုင်သဖြင့် အပင်ညှိုးခြင်း၊ အမြစ်ပုပ်ခြင်းဖြစ်စေပါသည်။ ထိုအချိန်တွင် ဟိုက်ဒြိုဂျင်ပါရောက်ဆိုဒ်ကို အသုံးပြုခြင်းဖြင့် မြေတွင်းအောက်ဆီဂျင်လည်ပတ်မှုကို ထောက်ပံ့စေပြီး အမြစ်ပုပ်ရောဂါများကိုကာကွယ်စေသည်။

အသုံးပြုပုံ။   ။ရေ၁ဂါလံကို ဆေး ၂၀ စီစီနှုန်းရေဖျော်ဖျန်းပါ။

ပိုးမွှားများကို ကာကွယ်ပေးခြင်း

ငရုတ်၊ သခွား၊ စပျစ် စသော ဟင်းသီး/ရွက် သစ်သီးဝလံစိုက်ခင်းများတွင် ပျ၊ ဖြုတ်၊ လှေး၊ ယင်ဖြူ၊ မွှားပင့်ကူများကျရောက်ပြီး အပင်ကြီးထွားမှုနှေးခြင်း၊ အသီးအပွင့်မတင်ခြင်းများဖြစ်​လေ့ရှိသည်။

ယင်းအခြေအနေတွင် ဟိုက်ဒြိုဂျင်ပါရောက်ဆိုဒ်သည် ပိုးမွှားများကို ဖယ်ရှားနိုင်ခြင်း၊ အပင်၏ ဇီဝကမ္မကို ပံ့ပိုးပေးခြင်းကြောင့် ပိုးသတ်ဆေး ai များ၏အာနိသင်ကို ထိရောက်စေပါတယ်။

မြေဆီလွှာကောင်းမွန်စေခြင်း

ဟိုက်ဒြိုဂျင်ပါရောက်ဆိုဒ်ကို ရေ၁ဂါလံ/ဆေး၅၀စီစီ ဖြင့် မြေကြီးကိုဖျန်းပေးခြင်းဖြင့် မြေဆီလွှာ အာဟာရကောင်းမွန်စေပါတယ်။ အမြစ် ဖွဲ့စည်းပုံကောင်းမွန်ပြီး အပင်အစာစားအားကောင်းစေကာ အာဟာရချို့တဲ့မှုကို ကုသပေးသည်။

# အကြံပြုတင်ပြချက်

ဟိုက်ဒြိုဂျင်ပါရောက်ဆိုဒ်သည် အပင်အတွက်/မြေကြီးအတွက် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများအတွက် အကျိုးအာနိသင်များစွာရှိသည့်အပြင် အိမ်တွင်းအလှဆင် ပန်းပင်များ၊ တန်ဖိုးမြင့် အလှစိုက်ပင်များ၊ သစ်သီးဝလံဥယျာဥ်ခြံများတွင် မဖြစ်မနေ သုံးသင့်သော အပင်ဇီဝလှုံ့ဆော်ပစ္စည်း(Plant biostimulants)ဖြစ်သည်။

ဓာတ်မြေသြဇာလျှော့ချသုံးစွဲနိုင်ခြင်း၊ အပင်အာဟာရအတွက် အထောက်အကူဖြစ်ခြင်း သီးနှံအထွက်နှုန်းနှင့်အရည်အသွေးကောင်းမွန်စေခြင်း စတဲ့ကောင်းကျိုးတွေအမှန်တကယ်ရရှိစေနိုင်သည်မှာ လက်တွေ့ဖြစ်သည်။

ထို့ကြောင့် မြစ်သားမြို့နယ်၊ ငရုတ်စိုက်တောင်သူကြီး၊ ကိုမြင့်ထွန်းဦးရဲ့ ဟိုက်ဒြိုဂျင်ပါရောက်ဆိုဒ် သုံးစွဲပုံကိုတင်ပြရင်းနဲ့ဆောင်းပါးလေးကို  အဆုံးသတ်ပါရစေ။

ကျနော့်နာမည် မြင့်ထွန်းဦးပါ။ မြစ်သားမြို့က ငရုတ်စိုက်တောင်သူပါ။

ငရုတ်ရွက်သေးထိုး လက္ခဏာတွေ့လာချိန်နဲ့ လှေး၊ မွှားတွေ ကျလာရင် ဒီနည်းကိုသုံးဖြစ်ပါတယ်။

HydrogenPeroxide (ပြင်ပဆေးကြောသန့်စင်ဆေးရည်)ကို ဆေး၁ ပုံး ၁ ဗူးနှုန်းထည့်ပြီး ၂ ရက်ဆက်ဖျန်းပေးပါ။ ကျွန်တော်စမ်းသပ်ပြီးပါပြီဗျ။ ဆိုးကျိုးမရှိဘဲ ကောင်းကျိုးတွေရပါတယ်။

ဒီဆေးရည်နဲ့ ၂ ရက်ဆက်၀င်အရင်ဖျန်းပြီးတာနဲ့ ပိုးသတ်ဆေး စသုံးလို့ရပါပြီ။

မိတ်ဆွေရဲ့ စိုက်ခင်းက "လှေး"/မွှားကျနေရင်

အဘာမက်+ကလိုဖီနာပြား/အဘာမက်တင်+စပိုင်နိုတီရမ် စတာတွေနဲ့ ၂ ကြိမ်လောက်ကို 3/4ရက်ခြားပြီးဖျန်းကြည့်ပါ။ကောင်းကောင်းနိုင်ပါတယ်။ အဘာမက်တင်အစား ပရိုဖီနိုဖော့စ်နဲ့ လူဖန်ညူရမ် စတာတွေနဲ့လည်း ရောလို့‌ရပါတယ်။

စိုက်ခင်းက "ပျ" ကျနေရင်

အပေါ်ကပြောထားသလို ရေနဲ့ Hydrogen peroxide အရည်နဲ့ ဆေးချပြီးမှသာ အဘာမက်တင်+ အင်မီဒါကလိုပရစ် သုံးကြည့်ပါ။

ဘာလို့အဲ့လိုလုပ်ရသလဲဆိုရင် ထူနေတဲ့ပိုးတွေကိုရေနဲ့ဆေးချပြစ်သလို အပင်ကိုလည်း အအေးဓာတ်ရသွားစေပြီး ခုခံစွမ်းအားတက်လာစေလို့ပါ။ အောက်ကအစိုဓာတ်ကောပေးမှာဆိုတော့ အပင်ရဲ့လုပ်ငန်းစဉ်စလုပ်စေနိုင်ပါတယ်။ အအေးဓာတ်လေးအပင်မှာရှိလာပြီဆိုရင် ပိုးစုပ်မှုတွေကလည်းနည်းသွားသလို/ ရေဆေးလိုက်တဲ့အခါရေကြောင့်ပြုတ်ကျသေဆုံးမှုကြောင့် ၅၀%လောက် လျော့သွားစေနိုင်ပါလိမ့်မယ်။ ပြီးမှ ပိုးသတ်ဆေးလိုက်ဖျန်းလိုက်တော့ ပိုထိရောက်သွားတာပေါ့...

အားလုံးအဆင်ပြေကြပါစေ။

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

4
khun wai yan htet

khun wai yan htet

လွန်ခဲ့သော ၁ နှစ် က

@U Khun Yan Htet:ကယ်လ်ဘိုစူပါ ထဲက Ca MG B ‌ကို အသီးအပွင့်ချိန်မဟုဘဲ အခြားအဟာရဓာတ်ကောင်းစုပ်ယူနိုင်ဖို့ အပင်အစောပိုင်း ပင်ပိုင်းကြီးထွားမှုချိန်သုံးလို့ရလားဆရာ ကျေးဇူးပြုပြီး🙏

Wai Min Myat

Wai Min Myat

လွန်ခဲ့သော ၁ နှစ် က

ဧည့်ဗျကလာ

ဒို့ဦး​လေး

ဒို့ဦး​လေး

လွန်ခဲ့သော ၂ နှစ် က

ရေဖျော်ပြီး အပင်ခြေလောင်းရင်လဲရတယ်လေ။

ကိုထွေးကို

ကိုထွေးကို

လွန်ခဲ့သော ၂ နှစ် က

ဆရာ ရေဖျော်လောင်းရင်ယေားရလားဗျ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မိုး၄ရက်တနေကုန်မိနေပါတယ် လည်လိမ်စတွေ့နေရပီ ဥပုပ်ပင်စည်ပုပ်လေးတွေစတွေ့နေရပါပီ မိုးလင်းသွားလျှင်ဘယ်ကနေဘာစလုပ်ရမလဲ စီစဥ်တကျပြောပြပေးပါဗျ တနယ်လုံးအတွက်ပါဗျ ကျေးဇူးပါ

sithuaung • ဖြေကြားချက် 1 ခု

စပါးကို ပုလဲမြေသြဇာနဲ့ ထုံးရောပတ်လို့ရမရ သိချင်ပါတယ်

မောင်မြတ်မင်း • ဖြေကြားချက် 3 ခု

မိုးကြောင့်စပါးပင်တွေကလဲနေပါတယ်အနှံကမစုံတက်သေးပါဘူး ပျက်စီးနိုင်ပါလား အပင်တွေကပြန်လည်ထောင်နိုင်ပါလား

Ei Ei Phway • ဖြေကြားချက် 2 ခု

စပါးအသက်ရက်ဆိုတာ (၁)စပါးမျိုးစေ့အညှောင့်ပေါက်တဲ့ရက်ကနေ စပါးမှည့်လို့ရိတ်သိမ်းလို့ရတဲ့အချိန်ထိကို ခေါ်တာလား ဒါမှမဟုတ် ရွေ့ပြောင်းစိုက်တဲ့အချိန်ကနေ စပါးမှည့်လို့ရိတ်သိမ်းလို့ရတဲ့အချိန်ထိကို ခေါ်တာလားဗျ (၂)ပြီးတော့ ပျိုးထောင်တဲ့နေရာမှာ ပျိုးသက်ရက်က ဥပမာ- ကျနော်တို့ဆီမှာတော့ ပျိုးသက်ကို ၁-လ လောက်ထားကြတယ် ကျနော်က အကြောင်းအမျိုးမျိုးကြောင့် ပျိုးသက် (၄၀)ရက်သား မှ စိုက်ရတယ်ဆိုပါစို့ စပါးမျိုးကလဲ ၁-မျိုးတည်းဆိုပါစို့ အဲ့လို့ဆိုရင်ရော တစ်ခြားပျိုးသက်(၃၀)ရက်သားနဲ့စိုက်တဲ့ သူတွေနဲ့ စပါးမှည့်ချိန်/ရိတ်သိမ်းချိန် အတူတူဖြစ်မှာပါလား (၃)ပြီးတော့ "ဖုံးတုံးလုံးတုံး လောက်စာလုံး" ဆိုတဲ့ စကားပုံကရော ဘာကိုပြောပါလဲခင်ဗျ

Sai Kaung Myat Kyaw Kyaw • ဖြေကြားချက် 1 ခု

ဆရာဒို့ဦးလေးခင်ဗျာ ဆရာနဲ့ ဆရာစိုးမိုးဂျူလှိုင် ကွမ်းအကြောင်း ဆွေးနွေးခန်းမှာ ကွမ်းရွတ်ကို emနဲငါးအမိုင်နိုပဲသုံးပြီး အကြီးအသေး လိုသလို ဖန်တီးနိုင်တယ်လို့ ပြောသွားတာကို နားထောင်လိုက်ရပါတယ် အဲဒါ ဘယ်လို လုပ်ရပါသလဲခင်ဗျာ

Khing Hein • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။