အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
သခွားသီး သခွားသီး ဖြောင့်ဖြောင့်ကြီးနဲ့ သခွားသီး

သခွားသီး သခွားသီး ဖြောင့်ဖြောင့်ကြီးနဲ့ သခွားသီး

Htunn Winn Kyaw
Htunn Winn Kyaw • Greenovator • 25/10/2019

   ဝင်ငွေလေးကောင်းတယ်ဆိုလို့ သခွားသီး မျိုးကောင်းကောင်းဝယ်စိုက်ပါတယ်။ အပင်တွေကတော့ လှမှလှ ကောင်းမှကောင်း။ အဲ အသီးသီးချိန်ရောက်မှပဲ ဘာဖြစ်တယ် မသိဘူး ကောက်ကွေးနေတာပဲဆိုတာ ဘာလို့လဲ အဖြေရှာကြည့်ကြရအောင်။ 

ဝတ်မှုန်ကူးမအောင်မြင်တာ။   ။ ဝတ်မှုန်လေးတွေက စိုထိုင်းဆအနေတော်လောက်နဲ့ နည်းနည်း ပူပူနွေးနွေးလေးကို ကြိုက်ပါတယ်။ အဲ့လိုမျိုးက အကောင်းဆုံးရာသီဥတုဖြစ်ပြီး မိုးတွေ အဆက်မပြတ်ရွာနေတာမျိုး၊ ရာသီဥတုက ဆက်တိုက်ပူနေတာမျိုးဆိုရင် မျိုးအောင်ဖို့က သိပ်မလွယ်တော့ပါဘူး။ အပြည့်မအောင်တာမျိုးဆိုရင် မအောင်တဲ့ဖက်ခြမ်းက သေးသွားပြီး သခွားသီးက ကွေးသွားမှာပါ။

ကြီးထွားတဲ့ကာလမှာရတဲ့ ရာသီဥတုကိုမကြိုက်တာ။   ။ စိတ်ကောက်တာပါ။ မြေကြီး အပူချိန်က ၁၆ ဒီဂရီ ဆဲလ်စီးယပ်ရှိတယ်ဆိုရင် အသီးတွေဖြောင့်နေမှာပါ။ ဘာလုပ်မလဲ ဆိုတော့ (၄)လက်မလောက် အော်ဂဲနစ်မြေဆွေးတွေကို ပထမဆုံးအသီးလေးတွ စသီးနေတဲ့အချိန်မှာ ထည့်ပေးလိုက်ရင် အဆင်ပြေနိုင်ပါတယ်။ အဲ့လိုထည့်ပေးပြီးရင်  အပေါ်ကမြေဖုံးလးတွေ မခြောက်အောင် ရေလောင်းပေးရမှာဖြစ်ပါတယ်။ 

အာဟာရ ချို့တဲ့တာ။    ။ သခွားသီးက အစားကြီးတဲ့သီးနှံဖြစ်ပါတယ်။ အာဟာရ အလုံအလောက်မရရှိရင်လည်း ကွေးကောက်ကောက်တွေ ထွက်လာနိုင်ပါတယ်။ ကျွေးသင့်တဲ့ မြေသြဇာအချိုးကတော့ ၁၃: ၁၃: ၁၃ အချိုးဖြစ်ပါတယ်။ အဲ့အချိုးနဲ့ တစ်ပင်ကို (၆)ပေါင်လောက် စိုက်ချိန်မှာ ထည့်ပေးရမှာဖြစ်ပါတယ်။ ပြီးရင်လည်း အတက်တွေ စထွက်တဲ့အချိန် - (၂) ပတ်ကနေ (၃) ပတ်လောက်အကြာမှာ နောက်ထပ်(၆)ပေါင် ထပ်ပြီးတော့ ထည့်ပေးရပါမည်။

အပြင်က တစ်ခုခုကြောင့်။    ။ သခွားသီးကတော့ ဖြောင့်ချင်ပါရဲ့။ ဒါပေမဲ့ အောက်ဖက်မှာ မြေကြီးနဲ့ တိုက်နေတာမျိုး၊ တန်းနဲ့တိုက်နေတာမျိုးဆိုရင်လည်း ကွေးကောက်သွားနိုင်ပါတယ်။ အသီးကြီးတဲ့အချိန်ကာလမှာ သူတို့ကိုင်းလေးတွေနဲ့ ထိနေရင်တောင် ကွေးသွားနိုင်ပါတယ်။ ဒါကြောင့် သူတို့စသီးတဲ့အချိန်မှာ သတိထားပေးပါ။

အင်းဆက်ဖျက်ပိုးတွေကြောင့်။   ။ အရည်စုပ်တဲ့ပိုးတွေကြောင့်မို့လည်း အသီးတွေကွေးသွားနိုင်ပါတယ်။ ယင်ဖြူ၊ သရစ်ပိုး၊ ခြ စတဲ့ အကောင်တွေ ပျပိုးလိုမျိုးအကောင်တွေလိုမျိုးရှိနေရင် အသီးသီးချိန်မှာ ဂရုစိုက်ပြီးတော့ ဆေးလေးသုံးပေးဖို့ လိုမှာပါ။

ကဲ ဒါဆိုရင်တော့ သခွားသီးတွေ မဖြောင့်ဘူးဆိုရင် ဘာတွေကြောင့်ဖြစ်နိုင်မလဲဆိုတာကိုရှာဖို့ လမ်းစတော့ရပြီထင်ပါတယ်။ သခွားသီးကြီးကြီးဖြောင့်သလို စီးပွားရေးတွေလည်း ဖြောင့်တန်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ထွန်းဝင်းကျော်

https://www.gardeningknowhow.com/edible/vegetables/cucumber/cucumbers-not-straight.htm

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

You

ဆက်စပ်မေးခွန်းများ

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

လိူင်စိုး • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။