ဈေးကွက်ပြတ်လပ်မှုမရှိဘဲ စိုက်ပျိုးရလွယ်ကူခြင်းကြောင့် ဝါးစိုက်ပျိုးရေးကို တိုးချဲ့စိုက်ပျိုးလာကြ
ဈေးကွက်ပြတ်လပ်မှုမရှိဘဲ စိုက်ပျိုးရလွယ်ကူခြင်းကြောင့် ၂၀၂၀ခုနှစ်အတွင်း၌ ဝါးစိုက်ပျိုးရေးကို တိုးချဲ့စိုက်ပျိုးလာကြကြောင်း တောင်သူများထံမှသိရသည်။
ကျွန်တော့်မှာစိုက်ဧက စုစုပေါင်း ဧက(၆၀)လောက် ရှိပါတယ်။ စိုက်တာကတော့ သံပုရာ၊ လိမ္မော်၊ ကျွဲကော၊ သရက်၊ ပိန္နဲပင်တွေလည်း စိုက်တယ်။ အခုနောက်ပိုင်းမှာတော့ နေရာလွတ်မှန်သမျှမှာ “ဝါးပင်” ကို အဓိကထားပြီး စိုက်ပျိုးဖြစ်တယ်။ ဝါးပင်ကို ဘာလို့ စိတ်ဝင်စားခဲ့တာလည်းဆိုရင် ဝါးပင်က တစ်ခါစိုက်ပြီးတာနဲ့ သားစဉ်မြေးဆက် အစဉ်အဆက် အသုံးဝင်တယ်။ အလုပ်သမားကိုလည်း မျှော်နေစရာမလိုဘူး။ ဈေးကွက်ကလည်း အဝေးကြီး ရှာနေစရာမလိုဘူး။ ဝါးပိုး၊ ဝါးနက်၊ မျှင်ဝါး၊ ဝါးယား၊ မျှစ်ချိုဝါး တွေကို စိုက်ပျိုးထားပါတယ်။ ဝါးက အသုံးတည့်တာများတဲ့အတွက် ပြည်တွင်းဈေးကွက် ခိုင်မာတယ်။ ဈေးကွက်ပျက်မှာ တွေးပူစရာမလိုဘူးပေါ့။
ဟု ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံကျေးရွာမှ တောင်သူ ဦးခင်လှအောင် က ပြောသည်။
ဝါးပင်အများစုသည် စိုက်ပျိုးပြီး (၃)နှစ်မှ(၄)နှစ်အတွင်း၌ ဈေးကွက်ဝင်ပြီး၊ မျှစ်ချိုဝါး စသည့် ဝါးမျိုးတချို့သည် စိုက်ပျိုးပြီး (၈)လဝန်းကျင်၌ပင် ဈေးကွက်တင်ပို့နိုင်သည်။
စိုက်ပျိုးရာမှာ အခက်အခဲတော့ မရှိဘူး။ ပျိုးပင်တွေလည်း အရင်ထက်ကို ဝယ်ရလွယ်ကူလာတယ်။ မျှစ်ချိုဝါးကိုတော့ မျှစ်ထွက်နှုန်းကောင်းတာကြောင့် စိုက်ပျိုးသူများတယ်။ စိုက်မယ်ဆိုရင် ပျိုးပင်ကြိုမှာရတယ်။ ကိုယ်စိုက်မယ့်အချိန်နဲ့အရင် တစ်လလောက် ပျိုးပင်တွေကို ကြိုတင်မှာယူ ပြင်ဆင်ထားသင့်တယ်။ ကျန်တဲ့ အခက်အခဲတော့ မရှိပါဘူး။ ဈေးကွက်တင်ပို့မှု လွယ်ကူအောင် စစိုက်ကတည်းက လမ်းပန်းဆက်သွယ်ရေး ကောင်းတဲ့ နေရာတော့ ရွေးစိုက်သင့်ပါတယ်။ ရွာ၊ မြို့တွေနဲ့ နီးတဲ့နေရာ၊ လမ်းနဲ့မနီးမဝေးနေရာမျိုးဆိုရင်တော့ ပိုကောင်းတာပေါ့။
ဟု ဦးခင်လှအောင်က ဆက်လက်ပြောသည်။
ဈေးကွက်အတွင်း မျှစ်တစ်ပိဿာလျှင် (၂,၀၀၀)ကျပ်ဝန်းကျင် ဈေးနှုန်းရှိပြီး မျှစ်ပေါများချိန်များ၌ မျှစ်တစ်ပိဿာလျှင် (၁,၀၀၀)ကျပ်၊ မျှစ် ရှားပါးချိန်များ၌ မျှစ်တစ်ပိဿာလျှင်(၅,၀၀၀)ကျပ်ဈေးနှုန်းများဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။
နန်းထက်ထက်ချစ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မျိုးမင်းသန်း
လွန်ခဲ့သော ၃ နှစ် ကရောင်းချခြင်းအတွက် ကုန်စည်ဒိုင်ဘယ်လိုချိတ်ဆက်ရမလဲခင်ဗျာ
ကိုကား
လွန်ခဲ့သော ၆ နှစ် ကမျှစ်ခြောက်လုပ်နည်းရှိရင်သိချင်ပါ
sanwin
လွန်ခဲ့သော ၆ နှစ် ကဘယ်ကိုမှာရင်ရနိုင်ုမလဲ
kokyaw
လွန်ခဲ့သော ၆ နှစ် ကမျှစ်ချိုဝါးမျိုးမှာချင်ပါတယ်ဗျ ဘယ်လိုမှာရင်ရမလဲပြောပေးပါအုံးဗျ
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022