ကုန်ဈေးနှုန်းအချို့ထပ်တက်ခြင်းအကြောင်းသာဖြစ်၍ သတင်းမဟုတ်ပါ..
ဆန်ဈေးအချို့ ဆက်တက်သည်။ ဆီဈေးများ ပြန်တက်သည်။ ကြက်သွန်ဈေးများ ထပ်တက်သည်။ ပဲနှမ်းဈေးများလည်း ပိုတက်သွားသည်။

သို့သော် ကုန်ဈေးနှုန်းတက်ခြင်းဆိုသည်မှာ အများအတွက် သာမန် မထူးဆန်းတော့သည့်ကိစ္စလို ဖြစ်လာ၍ သတင်းမဟုတ်တော့ပါ။ အာလူးကတော့ နည်းနည်းဈေးပြန်ကျသည်။ ထို့ကြောင့် သူကတော့ သတင်းနည်းနည်းဖြစ်သည်ဟု ပြောရမည်ဖြစ်သည်။
ကြက်သွန်နီဈေးမှာ ရန်ကုန်ဘုရင့်နောင်ဈေးကွက်အဖြတ်ဈေးပင် ကျပ် ၃၀၀၀ ထိ ယနေ့ရောက်သွားပြီဖြစ်ပါသည်။
အောက်ဖော်ပြပါဈေးနှုန်းများသည် သိရုံသက်သက်သာ ဖော်ပြခြင်းဖြစ်ပြီး သတင်းအဖြစ် ဖော်ပြ ခြင်းမဟုတ်ပါ။
ရန်ကုန်ဘုရင့်နောင်ဈေးကွက် ကြက်သွန်နီဈေးနှုန်းများ (ဩဂုတ် ၃၀ ရက်)
- ကြက်သွန်နီ - ဆိပ်ဖြူရှယ်(သစ်) ( ၁ ပိဿာ) - ၃၀၀၀ ကျပ်
- ကြက်သွန်နီ - ဆိပ်ဖြူလတ်ကြီး ( ၁ ပိဿာ) - ၃၀၀၀ ကျပ်
- ကြက်သွန်နီ - ဆိပ်ဖြူလတ်သန့် ( ၁ ပိဿာ) - ၂၉၀၀ ကျပ်
- ကြက်သွန်နီ - ဆိပ်ဖြူလတ်ချော ( ၁ ပိဿာ) - ၂၄၀၀ ကျပ်
ရန်ကုန်ဘုရင့်နောင်ဈေးကွက် ကြက်သွန်ဖြူဈေးနှုန်းများ (ဩဂုတ် ၃၀ ရက်)
- ကြက်သွန်ဖြူ (ကြူကုတ်ရှယ် ) (၁ ပိဿာ) - ၄၄၀၀ ကျပ်
ကြက်သွန်ဖြူ (အောင်ပန်းထူး -၂ ၊ အောင်ပန်းထူး - ၃၊ အောင်ပန်းထူး - ၄၊ အောင်ပန်းထူး - ၅) ဈေးများကတော့ ပြီးခဲ့သည့်အပတ်ကဈေးအတိုင်း တစ်ပိဿာလျှင် ကျပ် ၂၅၀၀၊ ၃၀၀၀၊ ၃၆၀၀၊ ၄၀၀၀ ကျပ် အသီးသီး ဆက်ရှိနေပါသည်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက် ပဲဈေးနှုန်းများ (ဩဂုတ် ၃၀ ရက်)
- ကုလားပဲဖြူလုံး - (၁ ပိဿာ) - ၃၁၆၅ - ၃၂၅၀ (ဈေးမပြောင်း)
- ကုလားပဲဖြူလုံးကြီး - (၁ ပိဿာ) - ၃၃၃၀ - ၃၅၀၀ (ဈေးမပြောင်း)
- စားတော်ပဲလုံး - (၁ ပိဿာ) - ၆၈၃၀ - ၆၈၃၅ (၅၀၀ ကျပ်ဈေးတက်)
- စွန်တာနီ၊ပြာ - (၁ ပိဿာ) - ၂၅၂၀ - ၂၆၁၀ (ဈေးမပြောင်း)
- ထောပတ်ပဲ - (၁ ပိဿာ) - ၂၃၄၅ - ၂၆၁၀ (ဈေးမပြောင်း)
- ပဲကြီး(ရွှေကျွန်း) - (၁ ပိဿာ) - ၄၄၂၀ - ၄၆၀၅ (ဈေးမပြောင်း)
- ပဲတီစိမ်း(ခရမ်းရွှေဝါ) - (၁ ပိဿာ) - ၂၈၃၀ - ၃၀၀၀ (၃၀ - ၁၆၅ ကျပ် ဈေးတက်)
- ပဲတီစိမ်း(ပဲခူးရွှေဝါ) - (၁ ပိဿာ) - ၂၆၁၅ - ၂၇၅၀ (၁၁၅ ကျပ် ဈေးတက်)
- ပဲတီစိမ်း(ဝါးခယ်မ) - (၁ ပိဿာ) - ၂၄၁၅ - ၂၅၀၀ (၈၅ - ၁၃၀ ကျပ် ဈေးတက်)
(ပြီးခဲ့သည့်အပတ်သောကြာနေ့ (ဩဂုတ် ၂၆ ရက်) က ဈေးနှုန်းများနှင့် နှိုင်းယှဉ်ဖော်ပြထားခြင်းဖြစ်ပါသည်။)
(စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများကို ဖော်ပြခြင်းဖြစ်ပါသည်။)
(နိုင်ငံတစ်ဝန်း စပါး၊ ဆန်၊ ပဲများအပါအဝင် သီးနှံမျိုးစုံဈေးနှုန်းများကို သိလိုပါက အစိမ်းရောင်လမ်း App ရှိ နေ့စဉ်ဈေးနှုန်းများကဏ္ဍထဲတွင် သက်ဆိုင်ရာမြို့နယ်တစ်ခုချင်းစီအလိုက် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026