ပဲတီစိမ်း၊ မတ်ပဲတွေ ဈေးဆက်တက်နိုင်လား...
လက်ရှိမှာတော့ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစင်းငုံနီ စတဲ့ ပြည်ပပို့ကုန်ပဲတွေဟာ အတက်ဈေးတွေမှာချည်း ရှိနေ တာဖြစ်ပါတယ်။ ပဲတီစိမ်းဆိုရင် စံချိန်တင်ဈေးအထိကို ဖြစ်နေတာပါ။ ဆိုတော့ ဒီပဲတွေထဲက ပဲတီစိမ်း၊ မတ်ပဲတွေဟာ ဘာကြောင့် ဈေးတွေတက်နေတာလဲ၊ ဈေးဆက်တက်နိုင်ချေရှိလားဆိုတာတွေကို လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့(AMIA) ရဲ့ ဈေးကွက်သုံးသပ်ချက်တွေကို အခြေခံဖော်ပြပေးလိုက်ပါတယ်။
ပဲတီစိမ်း

ပဲတီစိမ်းကတော့ လက်ရှိမှာ စံချိန်တင်ဈေးမြင့်တက်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။ ၃ နှစ်ကြာ တရုတ် နယ်စပ်တွေ ပိတ်ထားခဲ့ပြီးနောက် ဈေးတွေကျဆင်းခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ တရုတ်နယ်စပ်ဂိတ် တွေ ပြန်ဖွင့်လာမှုနဲ့အတူ ဈေးတွေ ဆက်တိုက်ပြန်မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
တရုတ်ဝယ်ယူအားကလည်း များနေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ပဲတီစိမ်းကို တရုတ်နဲ့ အိန္ဒိယထံ အဓိကတင်ပို့နေသလို အခြားဥရောပနိုင်ငံတွေကိုလည်း တင်ပို့နေတာဖြစ်တဲ့အတွက် ပဲတီစိမ်းဈေးက ထပ်ပြီး ကောင်းလာဦးမယ်လို့ ပဲကုန်သည်အများစုက သုံးသပ်ကြပါတယ်။
ဒေသအလိုက် ပေါက်ဈေးနှုန်းတွေကတော့ ကွာခြားချက်အချို့ရှိပြီး တချို့နေရာတွေမှာ ဈေးကွက် ပေါက်ဈေးတွေထက် အမှန်တကယ်အရောင်းအဝယ်ဖြစ်သွားတဲ့ ဈေးနှုန်းတွေက ပိုမြင့်တက်နေတယ် လို့ ပဲတီစိမ်းတောင်သူအသိုင်းအဝိုင်းထံက သိရပါတယ်။
မတ်ပဲ

မတ်ပဲ (FAQ/RC) ကတော့ တစ်တန်ကို ၁၈ သိန်းကျော်ထိ မြင့်တက်လာခဲ့ပြီး ဇန်နဝါရီ ၂၃ ရက်နောက် ပိုင်း တစ်တန်ကို ၂ သိန်းကျော်ဈေးမြင့်တက်လာခဲ့တာပါ။ ပြည်တွင်းမှာ မတ်ပဲ အများကြီး မထွက်သေးတဲ့အပြင် အဝင်ရှိသလောက် အရောင်းသွက်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် အမြင့်ဈေးနဲ့ မိထားတဲ့ အဟောင်းလက်ကျန်တွေရှိနေတာကြောင့် ဈေးကို ဆွဲတင်နေတာ ဖြစ်တယ်လို့ လည်း ပဲကုန်သည်အချို့က ဆိုပါတယ်။
အိန္ဒိယနိုင်ငံမှာတော့ မတ်ပဲ ဝယ်လိုအားကောင်းပြီး ဈေးတက်ပေမဲ့ ပဲ မရှိဘူးလို့ သိရပါတယ်။ ဒါကြောင့် ပြည်တွင်းပဲလိုအပ်ချက်များနေတဲ့ အိန္ဒိယက မြန်မာ့မတ်ပဲကို ဆက်ပြီး ဝယ်ယူသွားနိုင်လို့ ဈေးက ဆက်တိုက်တက်ဖို့ ရှိနိုင်တယ်လို့လည်း Current content က ရေးသားထားတဲ့ အိန္ဒိယ ဘာသာပြန် သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
လတ်တလော ရေတိုကာလမှာတော့ မတ်ပဲဈေးက ကောင်းနေနိုင်ဦးမယ်လို့ ကုန်သည်တွေက သုံးသပ် ပါတယ်။ ဒါပေမဲ့ အိန္ဒိယကလည်း မြန်မာ့မတ်ပဲ ထွက်ရှိနှုန်းကို စောင့်ကြည့်နေတာဖြစ်လို့ ပြည်တွင်း လှိုင်ချိန်မှာ ဈေးချဝယ်ယူတာမျိုး၊ မူဝါဒပြောင်းလဲတာမျိုး လုပ်ဆောင်လာနိုင်တာကိုတော့ စောင့်ကြည့် ရမဲ့ အခြေအနေမှာ ရှိနေပါတယ်။
(လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများနှင့် သုံးသပ်ချက်ကို အခြေခံဖော်ပြခြင်း ဖြစ်ပါသည်။)
(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....