ကြက်သွန်နီဈေး ပုံမှန်တက်နေကျနှုန်းထက် ပိုတက်
ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက်မှာ ဈေးတက်မယ်ဆိုရင်တောင် ပုံမှန်အားဖြင့် တစ်ရက်ကို တစ်ပိဿာ ကျပ် ၁၀၀ ဝန်းကျင်လောက်သာတက်တတ်တဲ့ ကြက်သွန်နီဈေးဟာ ဒီနေ့မှာတော့ နည်းနည်းအတက်ကြမ်းသွားပါတယ်။

ကြက်သွန်နီ ဆိပ်ဖြူရှယ်(သစ်) ဟာ ဒီနေ့မှာ မနေ့ကထက် တစ်ပိဿာ ကျပ် ၃၅၀ ပိုတက်လာပြီး ၃၆၀၀ ကျပ် ဖြစ်သွားပါတယ်။ ကြက်သွန်နီ ဆိပ်ဖြူလတ်ကြီးဟာလည်း တစ်ပိဿာ ကျပ် ၂၅၀ ထပ်တက်လာပြီး တစ်ပိဿာကို ၃၅၀၀ ကျပ်ဖြစ်သွားပြီ ဖြစ်ပါတယ်။
လက်ရှိမှာ ကြက်သွန်နီဟာ အဝင်များပေမဲ့ အဝယ်သွက်နေပြီး ဝင်ရောက်လာတဲ့ ကြက်သွန်နီတွေဟာလည်း ပြတ်လပ်တဲ့အထိ အရောင်းအဝယ်ရှိနေတယ်လို့ စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) ရဲ့ သတင်းပေးပို့လာမှုအရ သိရပါတယ်။
လက်ရှိမှာ နွေကြက်သွန် ပစ္စည်းလက်ကျန်လျော့နည်းလာပြီဖြစ်ပြီး မကြာခင်မိုးကြက်သွန်နီတွေဈေးကွက်ထဲ ဝင်ရောက်လာတော့မှာဖြစ်လို့ ကြက်သွန်နီဈေးက စောင့်ကြည့်ရမယ့်အခြေအနေတော့ ဖြစ်နေပါတယ်။
ဒါပေမဲ့ လက်ရှိ မြန်မာ့ငွေကြေး ဈေးကျဆင်းနေမှုနဲ့အတူ အထွေထွေစရိတ်မြင့်တက်နေမှုကြောင့် ကြက်သွန်အသစ်ဈေးကွက်က လက်ရှိပေါက်ဈေးထက်တော့ လျော့နည်းနိုင်မှာမဟုတ်ကြောင်း ကြက်သွန်ကုန်သည်တွေက သုံးသပ်မှုတွေရှိနေတယ်လို့ AMIA က ဆိုထားပါတယ်။
ကြက်သွန်ဖြူဈေးနှုန်းတွေကတော့ ထပ်တက်မလာဘဲ မနေ့က ဈေးနှုန်းတွေအတိုင်းသာ ဆက်ရှိနေပါ တယ်။
တောက်လျှောက်နီးပါး အတက်မှာရှိနေခဲ့တဲ့ မတ်ပဲနဲ့ ပဲစင်းငုံဈေးနှုန်းတွေကတော့ လက်ရှိ ငွေလဲနှုန်း အနည်းငယ်ပြန်လည်ကျဆင်းသွားမှုနဲ့ ဈေးတွေ ပြန်ကျသွားပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက် ကြက်သွန်နီဈေးနှုန်းများ (စက်တင်ဘာ ၂ ရက်)
- ကြက်သွန်နီ - ဆိပ်ဖြူရှယ်(သစ်) ( ၁ ပိဿာ) - ၃၆၀၀ ကျပ်
- ကြက်သွန်နီ - ဆိပ်ဖြူလတ်ကြီး ( ၁ ပိဿာ) - ၃၅၀၀ ကျပ်
- ကြက်သွန်နီ - ဆိပ်ဖြူလတ်သန့် ( ၁ ပိဿာ) - ၃၃၀၀ ကျပ်
- ကြက်သွန်နီ - ဆိပ်ဖြူလတ်ချော ( ၁ ပိဿာ) - ၂၇၅၀ ကျပ်
ရန်ကုန်ဘုရင့်နောင်ဈေးကွက် မတ်ပဲ၊ ပဲစင်းငုံနီဈေးနှုန်းများ (စက်တင်ဘာ ၂ ရက်)
- မတ်ပဲ (FAQ/RC - 2022) - ၁၉၈၀၀၀၀ ကျပ် (၁ တန်) ( ၁ တင်း - ၆၃၆၆၅)
- မတ်ပဲ (SQ/RC - 2021) - ၂၂၉၀၀၀၀ ကျပ် (၁ တန်) ( ၁ တင်း - ၇၃၆၃၅)
- ပဲစင်းငုံနီ (RC - 2022) - ၂၁၁၅၀၀၀ ကျပ် (၁ တန်) ( ၁ တင်း - ၆၈၀၀၀)
(စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများကို ဖော်ပြခြင်းဖြစ်ပါသည်။)
(နိုင်ငံတစ်ဝန်း စပါး၊ ဆန်၊ ပဲများအပါအဝင် သီးနှံမျိုးစုံဈေးနှုန်းများကို သိလိုပါက အစိမ်းရောင်လမ်း App ရှိ နေ့စဉ်ဈေးနှုန်းများကဏ္ဍထဲတွင် သက်ဆိုင်ရာမြို့နယ်တစ်ခုချင်းစီအလိုက် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အောင်စီ
လွန်ခဲ့သော ၄ နှစ် ကကြက်သူဖြူကသပိသာဘယ်လောက်စျေးလဲ
Aung. Gyi
လွန်ခဲ့သော ၄ နှစ် က12လပိုင်းထဲ မှာဘယ်လောက်ဖြစ်မလဲ
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026