ဆန်/စပါးတွေ အားလုံးဈေးတက်ပြီး ပဲအများစုလည်း ဈေးတက်တဲ့ ရက်သတ္တပတ်
အခုတစ်ပတ်အတွင်းမှာတော့ ဆန်ချောတွေကော ဆန်ကြမ်းတွေပါ ဈေးတက်လာပြီး ပဲအများစုလည်း ဈေးတက်လာတာ တွေ့ရပါတယ်။ ဆက်လက်ဈေးတက်ဦးမယ့် အလားအလာတွေလည်း ရှိတယ်လို့ သိရပါတယ်။
ဆန်/စပါး
ဆန်စပါးကတော့ ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးတက်နေခဲ့ပါတယ်။ ပြည်တွင်းဝယ်ယူမှု များပြားတဲ့အပြင် မိုးစပါး လျော့နည်းလာတဲ့အတွက်ကြောင့် ဈေးတက်နေတယ်လို့သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ဆန်ကောင်းမှ ဈေးကောင်းရတဲ့အခြေအနေဖြစ်ပါတယ်။ ဧရာဝတီတိုင်းမှာလည်း ရန်ကုန်ဝယ်လက်များရှိနေပြီး စပါးလက်ကျန်မရှိတော့ဘူးလို့ သိရပါတယ်။
မတ်ပဲ
ပြီးခဲ့တဲ့အပတ်က မတ်ပဲက ဈေးအနည်းငယ်မြင့်တက်လာခဲ့ပေမယ့် အကျဈေးနဲ့ပဲ တစ်ပတ်အတွင်း အတက် အကျရှိနေတာဖြစ်လို့ လတ်တလော မတ်ပဲဈေးက ဆက်ပြီး တက်နိုင် မတက်နိုင်ကတော့ ခန့်မှန်းဖို့ ခဲယဉ်းနေပြီး အိန္ဒိယနိုင်ငံရဲ့ ဝယ်လိုအားပြည်တွင်း ငွေကြေးလဲလှယ်တဲ့ဈေးနှုန်းပေါ် အများကြီးသက်ရောက်မှု ရှိနိုင်တယ်လို့ ကုန်သည်အချို့ကတော့ ခန့်မှန်းပြောဆိုပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် ဈေးအနည်းငယ်တက်လာပါတယ်။ အိန္ဒိယလိုအပ်ချက်ကြောင့် ပြည်တွင်းမှာ ဈေးကျဆင်းပေမယ့် ဈေးထိန်းရောင်းချမှုကြောင့် ဈေးက ပြန်ပြီး တက်လာတာဖြစ်ပါတယ်။
ပြည်တွင်းငွေလဲလှယ်နှုန်းဈေးကလည်း ပြန်မြင့်တက်လာတဲ့အတွက်ကြောင့် လည်း ဈေးက ပြန်ကောင်းလာတာဖြစ်ပြီး ဆက်ပြီး တက်နိုင်ခြေကတော့ ရှိနေတယ်လို့ကုန်သည်အများစုက ဆိုထားပါတယ်။ အိန္ဒိယလိုအပ်ချက်က မြင့်နေပြီး အထွက်နှုန်းလျော့နည်းတယ်လို့ ထုတ်ပြန်ထားတဲ့အတွက် ပဲစင်းငုံနီ က လာမယ့် ကာလအနည်းငယ်အတွင်းမှာ အမြင့်ဈေး ပြန်ရောက်နိုင်မယ်လို့လည်းယူဆထားပါတယ်။
ကုလားပဲ
ကုလားပဲကတော့ ဖေဖော်ဝါရီလဆန်းပိုင်း လောက်ထိ ဈေးတွေ ဆက်တိုက်ကျဆင်းခဲ့ပေမယ့် လလယ်လောက်မှာ စပြီး ဈေးအနည်းငယ်ပြန်တက်လာပါတယ်။ ပြည်တွင်း ဝယ်ယူစားသုံးမှုများလို့ ဈေးတက်နေတယ်လို့သိရပြီး အိန္ဒိယနိုင်ငံအပြင် ဘင်္ဂလားဒေ့နိုင်ငံကပါ ဝယ်ယူမှုတွေရှိနေတယ်လို့သိရပါတယ်။
စားတော်ပဲ
စားတော်ပဲကတော့ ဆက်တိုက်ဈေးကျဆင်းနေပါတယ်။ ဈေးကွက်ထဲ အသစ်တွေ ဝင်ရောက်လာပြီး ပြည်ပ ကနေတင်သွင်းတဲ့စားတော်ပဲ(ကနေဒါ)ကလည်း ဝင်ရောက်မှု များလာတဲ့အတွက် ဈေးတွေက ကျဆင်းနေတာဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာ စားတော်ပဲလုံးက တစ်ပိဿာကို ၃၈၃၀ ကနေ ၄၀၀၀ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၇၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။
မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၆၅၀၀၀ ကနေ ၂၀၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျော် ဈေးကျဆင်းသွားပါတယ်။
ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၆၀၀၀၀ ပေါက်ဈေးရှိပြီးဈေးငြိမ်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
thant zin
လွန်ခဲ့သော ၄ နှစ် ကမြေထောက်ပဲ
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026