အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဆန်ဈေးများ ထပ်တက်နေဆဲ

ဆန်ဈေးများ ထပ်တက်နေဆဲ

Green Way
Green Way • 13/02/2023

တစ်ပတ်တစ်ခါ ဈေးကွက်အဖွင့်(တနင်္လာနေ့) တိုင်း ဈေးတောက်လျှောက်မြင့်တက်နေတဲ့ ဆန်ဈေးတွေဟာ ဒီတစ်ပတ်ဈေးကွက်အဖွင့် ဒီနေ့မှာလည်း မပျက်မကွက် ထပ်မံမြင့်တက်လာခဲ့ပြန်ပါတယ်။ အမျိုးအစားအားလုံးနီးပါး ဈေးဆက်တက်လာတာ ဖြစ်ပါတယ်။

ဆန်(ငစိန်)(သစ်)၊ ဆန်(ရွှေဘိုပေါ်ဆန်း) (သစ်)၊ ကြားပျံရှယ်(သစ်)၊ တောင်ပျံ(ဖျာပုံ)(သစ်)နဲ့ ပေါ်ကျွဲ(ဖျာပုံ)(သစ်) တွေကတော့ ဈေးငြိမ်သလောက်ရှိနေပြီး ကျန်အမျိုးအစားအားလုံးကတော့ ဈေးတက်လာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်အပိတ် (၁၀.၂.၂၀၂၃) ဈေးနဲ့ယှဉ်ရင် ဘယ်လောက်အထိ ဈေးတွေတက်သွားတယ်ဆိုတာကိုတော့ အောက်ပါဇယားမှာ ကြည့်ရှုနိုင်ပါတယ်။ (တစ်တင်းခွဲတစ်အိတ် ဈေးနှုန်းတွေဖြစ်ပါတယ်)

ဈေးဆက်တိုက်မြင့်တက်နေလို့ ဆက်တက်မှာကိုစိုးရိမ်ပြီး ဝယ်ယူမှုများနေတာတွေက ဆန်ဈေးတွေကို မြင့်တက်နေစေတဲ့အကြောင်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။ ပြည်ပတင်ပို့မှုအနေနဲ့လည်း ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ပြည်ပသို့ ဆန်နဲ့ဆန်ကွဲတင်ပို့မှုဟာ နောက်ဆုံးတင်ပို့ထားမှု ၁၀ လအတွင်း အမြင့်ဆုံးထိ ဖြစ်ခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ 

(လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများနှင့် သုံးသပ်ချက်ကို အခြေခံဖော်ပြခြင်း ဖြစ်ပါသည်။)

(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

2
Kaung Myat

Kaung Myat

လွန်ခဲ့သော ၃ နှစ် က

ကျွန်တော် ဆန်ပွဲစားပါ ခင်ဗျ

ye lin aung ye lin

ye lin aung ye lin

လွန်ခဲ့သော ၃ နှစ် က

ဆန် ပွဲစာရှိရင် မိတ်ဆက်ပါ

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 0 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။