ဘယ်ဆန်အမျိုးအစားတွေ ဈေးပြန်ကျလာနေလဲ...
ဆန်ဈေးတွေပြန်ကျနေတယ်ဆိုပေမဲ့ ရန်ကုန်၊ ဝါးတန်း ဈေးကွက်မှာတော့ လတ်တလောမှာ ဆန်ချောတွေက အမျိုးအစားအနည်းငယ်သာ အကျရှိနေသေးပြီး ဆန်ကြမ်းဈေးတွေကတော့ အမျိုးအစားအတော်များများ ဈေးအနည်းငယ်ကျသွားတာဖြစ်တယ်လို့ လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့ (AMIA) ရဲ့ ဈေးနှုန်းပေးပို့ချက်အရ သိရပါတယ်။
ဆန်(ဧည့်မထ)(သစ်)၊ ဆန်(ရွှေဘိုပေါ်ဆန်း) (သစ်)၊ ဆန်(ရက် ၉၀ ရှယ်)(သစ်)၊ ဆန်(သီးထပ်)(သစ်)၊ ကြားပျံ ရှယ်(သစ်)၊ ပေါ်ဆန်းရှယ်(သစ်)၊ ပေါ်ကျွဲ(ဖျာပုံ)(သစ်) နဲ့ ပေါ်ကျွဲ(မော်ကျွန်း) (သစ်)တို့ရဲ့ ဈေးတွေဟာ အနည်းငယ်စီ ကျသွားတာဖြစ်ပြီး တောင်ပျံ(မော်ကျွန်း)(သစ်) ကတော့ ထူးထူးခြားခြားအနေနဲ့ အနည်းငယ် ဈေးတက်လာတာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့အပတ်အပိတ် (၂၄.၂.၂၀၂၃) ဈေးနဲ့ယှဉ်ရင် ဒီနေ့ (၂၈.၂.၂၀၂၃) မှာ ဘယ်လောက်အထိ ဈေးတွေ အတက်အကျဖြစ်သွားတယ် ဆိုတာကိုတော့ အောက်ပါဇယားမှာ ကြည့်ရှုနိုင်ပါတယ်။ ဈေးအတက်အကျရှိတဲ့အမျိုးအစားတွေကို အနီရောင်နဲ့ ပြပေးထားပါတယ်။(တစ်တင်းခွဲတစ်အိတ် ဈေးနှုန်းတွေဖြစ်ပါတယ်)

ဆန်စပါးဈေးတွေဟာ တောက်လျှောက်အတက်မှာချည်းရှိနေခဲ့တာဖြစ်ပြီး အခုရက်ပိုင်းမှာတော့ ဆန်ကြမ်းအချို့ ဈေးအကျဘက် ရှိလာတာဖြစ်ပါတယ်။ မကြာခင်မှာ နွေစပါးအချို့လည်း ရိတ်သိမ်းရတော့မှာဖြစ်လို့ နွေစပါးဆန်သစ်တွေ ဈေးကွက်ထဲရောက်ရှိလာတော့မှာဖြစ်တယ်လို့ သိရပါတယ်။
(လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများနှင့် သုံးသပ်ချက်ကို အခြေခံဖော်ပြခြင်း ဖြစ်ပါသည်။)
(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ye lin aung ye lin
လွန်ခဲ့သော ၃ နှစ် ကမှော်ဘီသုံး ဆန်းစျေးသိပရစေ
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026