ဆန်ဈေးများနှင့် ကြက်သွန်နီဈေးများ ထပ်တက်
ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက်မှာ ဆန် အကြမ်း၊ အချော အမျိုးအစားအားလုံး ဈေးတွေ ထပ်တက်လာပါတယ်။ အခုလဆန်းပိုင်းကစလို့ ဈေးတွေတက်လာတဲ့ဆန်ဈေးတွေဟာ ဒီနေ့ ဈေးကွက်အဖွင့်မှာတော့ ထပ်တက်လာတာဖြစ်ပါတယ်။
ဖျာပုံပေါ်ဆန်းမွှေး၊ ဒေးဒရဲပေါ်ဆန်းမွှေးနဲ့ မော်ကျွန်းတောင်ပျံ၊ ကျားပျံရှယ် ဆန်တွေက ဈေးအတက်ဆုံးဖြစ်ပြီး ၁ တင်းခွဲတစ်အိတ်ကို ၅၀၀၀ ကနေ ၈၀၀၀ ကြား ဈေးတွေ ထပ်တက်လာတာပါ။
ဆန်ကြမ်းတွေကလည်း အနည်းနဲ့အများသာကွာပြီး အားလုံးကတော့ ဈေးတွေတက်သွားပါတယ်။
ဘယ်လောက်ထိ ဈေးတွေတက်သွားတာလဲဆိုတာကိုတော့ ဇယားကွက်မှာ နှိုင်းယှဉ်ကြည့်ရှုနိုင်ပါတယ်။

ပြီးခဲ့တဲ့အပတ်က အနိမ့်ဆုံး တစ်ပိဿာ ကျပ် ၁၉၀၀ ကနေ ကျပ် ၂၅၀၀ ထိ ဖြစ်ပြီး ဈေးပြန်ငြိမ် သွားတဲ့ ကြက်သွန်နီဈေးဟာလည်း ဒီတစ်ပတ်အဖွင့်နေ့ (ဒီနေ့) မှာတော့ အနိမ့်ဆုံး တစ်ပိဿာ ကျပ် ၂၁၅၀ ကနေ ကျပ် ၂၈၀၀ ထိ ဖြစ်သွားပြီဖြစ်ပါတယ်။ ဒါက ဘုရင့်နောင်ဈေးကွက် လက်ကားဈေးနှုန်းဖြစ်ပါတယ်။ လက်လီဈေးနှုန်းတွေကတော့ အနိမ့်ဆုံးကို တစ်ပိဿာ ၃၀၀၀ ဝန်းကျင် ဖြစ်နေပြီ ဖြစ်ပါတယ်။

*ယနေ့ ကြက်သွန်နီဈေးနှုန်းများ (၁ ပိဿာ) (ဘုရင့်နောင်ဈေးကွက်)
ကြက်သွန်နီ (ဆိပ်ဖြူရှယ် - သစ်) - ၂၈၀၀ ကျပ်
ကြက်သွန်နီ (ဆိပ်ဖြူလတ်ကြီး) - ၂၇၅၀ ကျပ်
ကြက်သွန်နီ (ဆိပ်ဖြူလတ်သန့်) - ၂၆၀၀ ကျပ်
ကြက်သွန်နီ (ဆိပ်ဖြူလတ်ချော) - ၂၁၅၀ ကျပ်
(စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများကို ဖော်ပြခြင်းဖြစ်ပါသည်။)
(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026