ဆန်ဈေးတွေဘာကြောင့်တက်...အနေအထားဘယ်လိုရှိ...
လက်ရှိမှာ ဆန်ဈေးတွေရော စပါးဈေးတွေရော ဆက်တိုက်မြင့်တက်နေတာဖြစ်ပါတယ်။ ကမ္ဘာမှာကော အိမ် နီးချင်းနိုင်ငံတွေမှာကော ဆန်ဈေးက အတက်ပိုင်းမှာရှိနေတာဖြစ်ပြီး ပြည်တွင်းမှာဈေးတွေတက်နေတာကတော့ အကြောင်းရင်း အမျိုးမျိုး စုံနေတာဖြစ်ပါတယ်။

ဆန်အနေအထားတွေကြောင့်ရော၊ ပြည်ပဆန်အဝယ်ရှိနေပြီး ပြည်တွင်းဆန်အထွက်နှုန်း လျော့နည်း မယ်လို့ ခန့်မှန်းမှုတွေကြောင့်ရော အဝယ်လိုက်ပြီး ဈေးတွေဆက်တိုက်မြင့်တက်နေတာလို့ လယ်ယာ စိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့(AMIA) ရဲ့ ဈေးကွက်သုံးသပ်ချက်ပေးပို့လာမှုအရ သိရပါတယ်။
လက်ရှိ လက်ကျန်ကတော့ မရှိတော့ဘဲ နွေစပါးတွေပါ ကြိုပွိုင့်အနေနဲ့ ဝယ်ယူမှုတွေ ပြုလုပ်နေကြ တယ်လို့ ဆန်ကုန်သည်အချို့က ဆိုပါတယ်။ ရန်ကုန်ဈေးကွက်မှာလည်း ဆန်တွေ အဝင်ပုံမှန်ရှိနေပြီး အဝယ်သွက်နေပါတယ်။
နောက်ထပ်ပြည်တွင်းဆန်ဈေးတွေမြင့်တက်လာရတဲ့အကြောင်းထဲမှာ ဆန်ဈေးထပ်တက်မှာကို စိုးရိမ် ပြီး ဝယ်ယူသိုလှောင်မှုတွေကြောင့်လည်းပါတယ်လို့ AMIA က ဆိုထားပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်အတွင်း ရန်ကုန်ဝါးတန်းဈေးကွက်မှာ ပေါ်ဆန်းသစ် (နယ်စုံ၊ဖျာပုံ၊မြောင်းမြ၊ဒေးဒရဲ) တို့က တစ်အိတ်ကို ၂၀၀၀ ကနေ ၃၀၀၀ ကြား ဈေးမြင့်တက်လာပါတယ်။ ဒါဟာ ဆန်အသစ်ဈေးကွက် ထဲကိုဝင်ပြီး ရက် ၂၀ အတွင်း တစ်အိတ်ကို ငွေကျပ် ၆၀၀၀ လောက် ဈေးမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ အဟောင်းကတော့ တစ်အိတ်ကို ၂၀၀၀ လောက်ဈေးမြင့်တက်ခဲ့ပါတယ်။ တစ်လအတွင်း ဆိုရင်တော့ အဟောင်းက တစ်အိတ်ကို ကျပ် ၅၀၀၀ ကနေ ၆၀၀၀ ကြား အသီးသီးဈေးမြင့်တက်ခဲ့တာ ဖြစ်ပါတယ်။
ရွှေဘိုပေါ်ဆန်းအသစ်ကတော့ ပြီးခဲ့တဲ့တစ်ပတ်အတွင်း တစ်အိတ်ကို ၄၀၀၀ ကျပ် ဈေးတက်လာပြီး အဟောင်းကတော့ တစ်အိတ်ကို ၉၃၀၀၀ ကနေ ၁၀၅၀၀၀ ပေါက်ဈေးလောက်နဲ့ ဈေးငြိမ်နေပါတယ်။
ဆန်ကြမ်းတွေလည်း ဈေးတက်ခဲ့ပြီး ဧည့်မထဆန်က တစ်အိတ်ကို ၂၀၀၀ ကျပ်၊ မြီးဒုံးဆန်သစ်က တစ်အိတ်ကို ၃၀၀၀ကျပ်၊ ဧည့်မထ ၂၅ မှတ်တန်ဆန်က တစ်အိတ်ကို ၅၀၀ ကျပ်၊ ရက် ၉၀ ဆန်က တစ်အိတ်ကို ၂၀၀၀ကျပ် အသီးသီး ဈေးမြင့်တက်ခဲ့ပါတယ်။
စပါးဈေးတွေကလည်း ပြင်ပပေါက်ဈေး တင်း ၁၀၀ ကို ၁၆ သိန်းထိ ပေါက်ဈေးရှိနေတယ်လို့ သိရပေမဲ့ လက်ကျန် မရှိတဲ့အတွက် အရောင်းအဝယ်ကတော့မရှိဘူးလို့ ဆန်ကုန်သည်အချို့က ဆိုပါတယ်။
လာမဲ့ဘဏ္ဍာနှစ်မှာတော့ ဆန်တန်ချိန် ၂ သန်းကျော်တင်ပို့ဖို့ လျာထားတယ်လို့ မြန်မာနိုင်ငံဆန်ကုန်သည်အသင်းက ဆိုပါတယ်။
(လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများနှင့် သုံးသပ်ချက်ကို အခြေခံဖော်ပြခြင်း ဖြစ်ပါသည်။)
(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026