မက္ကဒေးမီးယားကို နိုင်ငံတကာသို့ တင်ပို့ရောင်းချနိုင်ရန် ခိုင်မာသည့်ဈေးကွက်ကောင်းများ လိုအပ်နေ
စက်မှုကုန်ကြမ်းသီးနှံဖြစ်သည့် မက္ကဒေးမီးယားကို နိုင်ငံတကာသို့ တင်ပို့ရောင်းချနိုင်ရန် အတွက် ခိုင်မာသည့် ဈေးကွက်ကောင်းများ လိုအပ်နေကြောင်း ကိုယ်တိုင်စိုက်ပျိုးနေသည့် တောင်သူများက ဆိုသည်။
မက္ကဒေးမီးယားပင်က ရတဲ့ အစေ့အဆံကို ချောကလက်၊ ရေခဲမုန့်၊ သကြားလုံးတို့မှာ ထည့်သွင်းစားသုံးကြပါတယ်။ ဒီသီးနှံက နှစ်ရှည်သီးနှံ အမျိုးအစားတစ်ခု ဖြစ်တယ်။ စျေးကွက်ခိုင်မာတယ်၊ လုပ်သားလိုအပ်ချက် နည်းတယ်၊ တန်ဖိုးမြှင့်ကွင်းဆက် ထုတ်လုပ်လို့ရတဲ့ စက်မှုကုန်ကြမ်းသီးနှံလည်း ဖြစ်တာကြောင့် စိုက်ပျိုးရခြင်း ဖြစ်ပါတယ်။ အခုက မိုးတွင်းကာလ ဖြစ်တာကြောင့် လုပ်အား လုပ်နိုင်ချိန် နည်းပါးခြင်းနဲ့ အခြောက်ခံစနစ်တွေ လိုအပ်ပါတယ်။ ထုတ်လုပ်မှုလုပ်ငန်းစဥ်နဲ့ ခိုင်မာတဲ့စျေးကွက်ရှိတဲ့ ပြည်ပနိုင်ငံတွေဆီကို တင်ပို့ရောင်းချနိုင်ဖို့ အတွက်တော့ ခက်ခဲနေပါသေးတယ်။
ဟု မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ မြေပုံကျေးရွာမှ မက်ကာဒေးမီးယားပင် စိုက်ပျိုးသူ ဦးဇော်ဝင်းနိုင်က ပြောသည်။
မြန်မာနိုင်ငံတွင် မက်ကာဒေးမီးယားပင်ကို တနင်္သာရီတိုင်း၊ ပဲခူးတိုင်းအနောက်ပိုင်း၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ မကွေးတိုင်း အစရှိသည့် ဒေသများ၌ တွေ့ရှိရသည်။
မက္ကဒေးမီးယားက ပြည်တွင်း ပြည်ပ (တရုတ်နိုင်ငံ) စျေးကွက်ရှိပါတယ်။ လက်ရှိမှာ အခွဲစိမ်းကို ချွတ်ပြီး ရောင်းချရင် တစ်ကီလိုကို အနည်းဆုံး (၅,၀၀၀) ကျပ် ရရှိပါတယ်။ ကုန်ချောထုတ်ကုန် အနေနဲ့ ရောင်းမယ် ဆိုရင်တော့ (၁၀၀) ဂရမ်ကို (၆,၀၀၀) ကျပ် ဝန်းကျင် ရပါတယ်။ ပျိုးပင်က အစေ့စိုက်ဆိုရင် (၁,၀၀၀) ကျပ် လောက် ပေးရပြီး ကိုင်းကူးပင် ဆိုရင်တော့ (၅,၀၀၀) ကျပ် အထက် ပေးရပါတယ်။ စိုက်စရိတ်က တစ်ဧကကို ကျပ် (၃) သိန်းကနေ ကျပ် (၅) သိန်း အတွင်း ကုန်ကျနိုင်ပါတယ်။
ဟု ၎င်းက ဆက်လက်ပြောသည်။
မက္ကဒေးမီးယားပင် စိုက်ပျိုးရန်အတွက် ဧပြီလဝန်းကျင်တွင် စနစ်တကျမြေပြင် မြေသြဇာကျွေးမွေးကြပြီး၊ မေလအကုန်၊ ဇွန်လဆန်း ကာလများတွင် စတင်စိုက်ပျိုးလေ့ရှိကြောင်း သိရသည်။
နန်းထက်ထက်ချစ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
U Han tun
လွန်ခဲ့သော ၁ နှစ် ကအပင်ပြုစုနည်း ကိုင်းဖြတ်နည်းများ တင်ပေးကြပါဦးခဗျာ့
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022