တိရိစ္ဆာန် ကာကွယ်ဆေးထိုး သင်တန်းဖွင့်
ကျေးလက်နေ တောင်သူများ၏ တိရိစ္ဆာန်မွေးမြူရေးလုပ်ငန်း အဆင့်မြှင့်လာပြီး မျိုးရိုးဗီဇ ကောင်းမွန်စွာ မွေးမြူနိုင်ရန်နှင့် လိုအပ်သော ဆေးဝါးများ စနစ်တကျ သုံးစွဲတတ်စေရန် ရည်ရွယ်၍ တိရိစ္ဆာန် ကာကွယ်ဆေးထိုး သင်တန်းကို မင်းဘူးခရိုင် စလင်း မြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီ အချိန်က ကျင်းပသည်။
သင်တန်းတွင် မြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါက်တာ အောင်သူရနှင့် သင်တန်းနည်းပြ ဆရာများက တိရိစ္ဆာန်များတွင် ဖြစ်ပေါ်တတ်သော ကူးစပ်ရောဂါများ အကြောင်း တိရိစ္ဆာန် အမျိုးအစားအလိုက် ကာကွယ်ဆေး အသုံးပြုပုံနှင့် ဆေးအာနိသင် သုံးစွဲရမည့် ပမာဏများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပြီး ယနေ့တွင် စလင်းမြို့နယ် ကြို့ဝန်းကျေးရွာ အုပ်စုအတွင်းရှိ ကြို့ဝန်း၊ ဘီးစပ်၊ ဦးရစ် ကျေးရွာများသို့ သွားရောက်၍ ကျွဲ အကောင် (၄၀)၊ နွား အကောင် (၃၀၀)အား ပေါင်ပုတ်၊ လက်ပုတ် ရောဂါကာကွယ်ဆေး ထိုးခြင်းကို လက်တွေ့ သင်ကြား ထိုးနှံစေခဲ့သည်။
အဆိုပါ သင်တန်းတွင် စလင်းမြို့နယ် အတွင်းရှိ ကျေးရွာများမှ တောင်သူ (၂၀) ဦး တက်ရောက် လျက်ရှိပြီး သင်တန်းကာလမှာ မေလ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့ထိ ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။
စိုးမိုးသူ (စလင်း)
zunhlyan htet
လွန်ခဲ့သော ၃ နှစ် ကနွားဆေးထိုးတဲ့အခါအမှီးနားကချစ်ခုံထိုးလို့ရပါသလား
Aung San Win
လွန်ခဲ့သော ၃ နှစ် ကဒီသင်တန်းကိုစိတ်၀င်စားပါတယ်
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from agri_digit_news
အားလုံး