အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
GACC လက်မှတ်နဲ့အတူ မြန်မာ့ထောပတ်သီး တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့နိုင်

GACC လက်မှတ်နဲ့အတူ မြန်မာ့ထောပတ်သီး တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့နိုင်

AMIA
AMIA • 12/11/2025

ယခုနှစ် ထောပတ်သီးရာသီအတွက် မြန်မာနိုင်ငံထွက် ထောပတ်သီးများကို တရုတ်နိုင်ငံသို့ တရားဝင်လမ်းကြောင်းမှ တင်ပို့နိုင်လာပြီဟု မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MAVO) မှ သိရသည်။

တရုတ်နိုင်ငံသို့ ထောပတ်သီးတင်ပို့ရာတွင် တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) ၏ သတ်မှတ်ချက်များအတိုင်း ပင်လယ်ရေကြောင်းမှတစ်ဆင့် တင်ပို့ရမည်ဖြစ်သည်။ ထို့ကြောင့် တင်ပို့လိုသည့် လုပ်ငန်းရှင်များအနေနဲ့လည်း GACC လက်မှတ် (Certificate) ရရှိထားဖို့လိုအပ်နေကြသည်။

“GACC လက်မှတ်ရှိမှသာ တင်ပို့ခွင့်ရမယ်။ တရုတ်ဖက်က အစားအစာနဲ့ပတ်သက်တာမှာ တင်းတင်းကြပ်ကြပ် စစ်ဆေးတတ်တယ်။ ဓာတ်မြေဩဇာနဲ့ ပိုးသတ်ဆေး ဓာတ်ကြွင်းတွေ့ရင် မယူဘူး။ ပြန်ပို့ခံရတတ်တယ်။ လုပ်ငန်းရှင်အနေနဲ့လည်း သတိထားဖို့လိုတယ်” ဟု ထောပတ်သီးတင်ပို့လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

တရုတ်နိုင်ငံသို့ တရားဝင်လမ်းကြောင်းမှ တင်ပို့နိုင်ခြင်းကြောင့် ပြည်တွင်းထောပတ်သီးစျေးကွက် တိုးတက်လာနိုင်ပြီး ထောပတ်စိုက်တောင်သူများအတွက် အကျိုးအမြတ် ရရှိနိုင်မည်ဟု စိုက်ပျိုးသူများက မျှော်မှန်းထားကြသည်။

အဆိုပါရာသီတွင် တရုတ်အပြင် အိန္ဒိယနိုင်ငံသို့လည်း မြန်မာနိုင်ငံထုတ် အေးခဲထောပတ်သီး တန်ချိန် ၂၀၀ ခန့် တင်ပို့နိုင်ရေးအတွက် နှစ်နိုင်ငံတာဝန်ရှိသူများ ဆွေးနွေးနေကြသည်ဟု သိရသည်။

ပြီးခဲ့သည့် ထောပတ်သီးရာသီကာလအတွင်းတွင် ထိုင်းနိုင်ငံတစ်နိုင်ငံကိုသာ အဓိကတင်ပို့ခဲ့ပြီး ထောပတ်သီး တန်ချိန် ၃,၀၀၀ ဝန်းကျင်သာ ပြည်ပသို့ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ 

ယခုနှစ်တွင်တော့ ထောပတ်သီး တင်ပို့ပမာဏကို တန်ချိန် ၅,၀၀၀ အထိ တိုးလာနိုင်မည်ဟု ခန့်မှန်းထားပြီး တင်ပို့မှုများကို ဒီဇင်ဘာလအတွင်း စတင်လုပ်ဆောင်မည်ဖြစ်သည်။

ပြည်တွင်းထောပတ်သီးအထွက်နှုန်းကောင်းပေမယ့် အရည်အသွေးမြင့်အသီးနည်းနေခြင်းကြောင့် Hass မျိုးအမျိုးအစားကို အဓိကတင်သွင်းစိုက်ပျိုးနေကြသည်။ Hass မျိုးသည် အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားတွင် မျိုးစပ်ထုတ်လုပ်ထားသည့် ထောပတ်သီးဖြစ်ပြီး ပြည်ပတင်ပို့ရာတွင်လည်း ထိုအမျိုးအစားကိုသာ အသုံးပြုနေကြကြောင်း သိရသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 0 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။