အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကလေး-တမူးနယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်မည်ဟု သတင်းများထွက်ပေါ်ပြီးနောက် ငရုတ်ကောင်းဈေး ပြန်လည်မြင့်တက်လာ

ကလေး-တမူးနယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်မည်ဟု သတင်းများထွက်ပေါ်ပြီးနောက် ငရုတ်ကောင်းဈေး ပြန်လည်မြင့်တက်လာ

    ကလေး-တမူးနယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်မည်ဟု သတင်းများထွက်ပေါ်ပြီးနောက် ငရုတ်ကောင်းဈေးနှုန်းများ ပြန်လည်မြင့်တက်လာကြောင်း ဈေးကွက်ကျွမ်းကျင်သူများထံမှ သိရသည်။

အခုကာလအတောအတွင်းမှာ နိုင်ငံခြားငွေပေါက်ဈေးတွေ မြင့်မားနေတာကြောင့် နိုင်ငံခြားကနေ ငရုတ်ကောင်းတွေ မှာယူတင်သွင်းရာမှာလည်း အရင်ထက် ဈေးနှုန်းမြင့်မားနေတယ်။ အခုရက်ပိုင်းမှာတော့ တမူးနယ်စပ်ဂိတ်တွေ ပြန်ဖွင့်မယ်လို့ သတင်းကြားနေတာကြောင့် အိန္ဒိယနိုင်ငံက ကုန်သည်တွေဆီကလည်း ငရုတ်ကောင်းဝယ်လိုအား များနေတာကို တွေ့ရတယ်။ ဒါ့ကြောင့် ရှေ့လျှောက်မှာ ငရုတ်ကောင်းက ဈေးနှုန်းအတက်ဘက်ကို ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းသုံးသပ်ရပါတယ်။ အခုလက်ရှိမှာလည်း နှစ်စတုန်းကထက်စာရင် ဈေးတွေတက်လာပါတယ်။

ဟု KKO Pepper ငရုတ်ကောင်းစိုက်ပျိုး ထုတ်လုပ်ရေးလုပ်ငန်းမှ စီမံအုပ်ချုပ်သူ ဦးအောင်ဆန်းဦးက ပြောသည်။

    ထို့အပြင် ယခုနှစ်သည် ငရုတ်ကောင်းပင်များ နှစ်ခြားသီးမှုများပြားပြီး အသီးထွက်နှုန်းနည်းသောနှစ်ဖြစ်သဖြင့် ၂၀၂၁ ခုနှစ် ဧပြီလအတွင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင် ဈေးကွက်အတွင်း ငရုတ်ကောင်းစေ့(အမဲ) တစ်ပိဿာလျှင် (၆၀၀၀) ကျပ်မှ (၇၀၀၀) ကျပ် အတွင်း၊ ငရုတ်ကောင်းစေ့(အဖြူ) တစ်ပိဿာလျှင် (၂၅၀၀၀)ကျပ် ဝန်းကျင် ဈေးနှုန်းများဖြင့် ရောင်းဝယ် ဖောက်ကားခဲ့ကြသည်။

    ယခုလက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင် ဈေးကွက်အတွင်း ငရုတ်ကောင်းစေ့ (အမဲ) တစ်ပိဿာလျှင် (၉၀၀၀) ကျပ်မှ (၁၀၀၀၀) ကျပ် အတွင်း၊ ငရုတ်ကောင်းစေ့ (အဖြူ) တစ်ပိဿာလျှင် (၂၇၀၀၀) ကျပ်ဝန်းကျင် ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားနေသည်။ 

ဒီနှစ်က ပစ္စည်းရှားတဲ့အပြင် အထွက်နှုန်းနည်းတဲ့ နှစ်တစ်နှစ်လည်းဖြစ်တယ်။ အပင်ပြုစုစောင့်ရှောက်မှုကို စနစ်တကျနားမလည်ဘဲ စိုက်ပျိုးတဲ့ ငရုတ်ကောင်းခြံတချို့ နှစ်ခြားသီးကြတယ်။ အပင်ကြီးထွားဖွံ့ဖြိုးမှု လုပ်ငန်းစဉ်တွေက တပြိုင်နက်တည်းမဟုတ်ဘဲ တစ်လှည့်စီဖြစ်ထွန်းတာကို နှစ်ခြားသီးတယ်လို့ခေါ်တာပါ။ ပြည်တွင်းငရုတ်ကောင်း အထွက်နှုန်းကျတဲ့နှစ်ဆိုရင် ပြည်ပ (အထူးသဖြင့် ဗီယက်နမ်နိုင်ငံ)က ငရုတ်ကောင်းတွေ တင်သွင်းရောင်းချတာကို ခံရတာပေါ့။ အရင်ကလည်း ဒီလိုပဲဝင်နေတာပဲ ဆိုပေမယ့်လည်း ကိုယ့်နိုင်ငံက အထွက်နှုန်းနည်းတဲ့အခါဆိုတော့ ပိုပြီးဝင်လာကုန်တော့တာပေါ့။

ဟု ဦးအောင်ဆန်းဦးက ဆက်လက်ပြောသည်။

    ငရုတ်ကောင်းပင်သည် ပင်လယ်ရေမျက်နှာပြင်အမြင့် ပေ(၄၀၀၀)အောက် ဒေသများတွင် စိုက်ပျိုးရန် အထူး သင့်တော်သည်။ မြန်မာနိုင်ငံတွင် ငရုတ်ကောင်းပင်ကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် တို့တွင် အများအပြား စိုက်ပျိုးနေကြပြီး၊ မြန်မာနိုင်ငံအလယ်ပိုင်းတွင်မူ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့တွင် ပမာဏအနည်းအကျဉ်း စိုက်ပျိုးနေကြကြောင်း သိရသည်။

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 0 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။